AA ဖမ်းထားသည့် NLD အမတ်လောင်း ၃ ဦး အမြန်ဆုံးပြန်လွှတ်ပေးရန် နိုင်ငံတကာသံရုံးအချို့နှင့် AAPP တောင်းဆို

0
364

အောက်တိုဘာလ ၂၂ ရက်။ ၂၀၂၀ ခုနှစ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီ၏ ကိုယ်စားလှယ်လောင်း ၃ ဦး ကို အမြန်ဆုံးပြန်လွှတ်ပေးရန် အမေရိ ကန်၊ ပြင်သစ်၊ ကနေဒါသံရုံးတို့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တို့က တောင်းဆိုလိုက်သည်။

အောက်တိုဘာလ ၁၉ ရက်နေ့က AA က ရွေးကောက်ပွဲ၀င်မည့် NLD ကိုယ်စားလှယ်လောင်း ၃ ဦး ကို ဖမ်းဆီးကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ဖမ်းဆီသူများကို အမှန်ဆုံးပြန်လွှတ်ပေးရန် သံရုံးများနှင့် AAPP က တောင်းဆိုလိုက်သည်။

“မည်သည့် ပါတီ၏ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများကိုမဆို တရားလက်လွတ် ခြိမ်းခြောက် ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းသည် ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သည့် အပြင် ရွေးကောက်ပွဲ၏ လွတ်လပ်တရားမျှတမှုကို ထိခိုက်စေသည်ဟု ရှုမြင်ပါသည်” ၏ AAPP ၏ အောက် တိုဘာလ ၂၁ ရက်နေ့ က ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ကနေဒါသံရုံး၏ ထုတ်ပြန်ချက်ထဲတွင်လည်း “ဒီမိုကရေစီ စနစ်တစ်ခုတွင် ပြန်ပေးဆွဲခြင်း အပါအဝင် ခြိမ်း ခြောက်ခြင်းနှင့် အကြမ်းဖက်ခြင်းများအတွက် နေရာမရှိပါ။ အကြမ်းဖက်ခြင်း (သို့) အကြမ်းဖက်ရန် ခြိမ်း ခြောက်ခြင်းများသည် မည်သည့်အခါကမျှ နိုင်ငံရေး ရည်မှန်းချက်များ အောင်မြင်ရေးအတွက် လက်ခံနိုင် ဖွယ်ရှိသော နည်းလမ်း တစ်ခု မဟုတ်ပေ။ မကျေနပ်ချက်များကို ဖြေရှင်းရန်နှင့် မြန်မာနိုင်ငံတွင် လုံခြုံပြီး ငြိမ်းချမ်းသော မဲဆွယ်စည်းရုံးရေးနှင့် ရွေးကောက်ပွဲ ကာလ တစ်ခု ဖော်ဆောင်နိုင်ရန် ပဋိပက္ခများကို ရပ် တန့်ပြီး နိုင်ငံရေး ဆွေးနွေး အဖြေရှာခြင်းများကို လုပ်ဆောင်ကြပါရန် ကနေဒါ သံရုံး အနေဖြင့် ထပ်မံ တိုက် တွန်းလိုပါသည်” ဟု အောက်တိုဘာလ ၂၀ ရက်နေ့က တောင်းဆိုထားသည်။

ထို့အပြင် အမေရိကန်သံရုံးကလည်း ကနေဒါသံရုံး၏ တောင်းဆိုမှုအတိုင်း တောင်းဆိုထားသည်ကို တွေ့ရသည်။

“ဒီမိုကရေစီစနစ်တစ်ခုအတွင်း၌ လွှတ်တော် ကိုယ်စားလှယ်လောင်းအားလုံး လုံခြုံဘေးကင်းစွာ မဲဆွယ် စည်းရုံးရေး ဆောင်ရွက်နိုင်သင့်ပါသည်” ဟု အမေရိကန်သံရုံးက ပြောသည်။

ယခုကဲ့သို့ ကို်ယ်စားလှယ်လောင်း ၃ ဦး ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ လုံခြုံရေးကို စိုးရိမ်မှုများ ရှိနေသကဲ့သို့ တဖက်တွင် ရွေးကောက်ပွဲအပေါ် ထိခိုက်မည်ကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းများက စိုးရိမ် သည်ဟု ၎င်းတို့၏ ထုတ်ပြန်တောင်းဆိုချက်များထဲတွင် ရေးသားထားသည်။

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က “၃ ယောက်အဖမ်းခံရရုံနဲ့တော့ ရွေးကောက် ပွဲက ထိခိုက်မယ်ဆိုလို့ရှိရင် ရခိုင်မှာ လူတွေ အများကြီသေ အများကြီး ဒဏ်ရာရတာကို ရွေးကောက်ပွဲကို မထိခိုက်ဘူးလားလို့ မေးစရာရှိတယ်နော။ အဲဒီတော့ အဲဒီနေ့ မှာပဲ ကလေးတွေသေကြ ကျောင်းဆရာတွေ သေကြ အဲလိုတွေ ဖြစ်နေတာကိုး အဲဒီတော့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်သည် ဆိုတာထက် ရခိုင်မှာ ဖြစ်နေ တဲ့ စစ်ပွဲတွေ မရပ်တန့်နိုင်ရင် ရွေးကောက်ပွဲ ကိုရော ထိခိုက်မ လားဆိုလို့ရှိရင်တော့ ထိခိုက်နိုင်တယ်လို့ ပြောရမှာပေါ့။ဒါပေမယ့် အဲဒီအကြောင်းချက် တစ်ခုတည်းနဲ့ ကြည့် လို့မရဘူးပေါ့နော်” ဟု ပြောသည်။

အဆိုပါ ကိုယ်စားလှယ်လောင်း ၃ ဦး ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်းက စစ်ရေးနှင့် နိုင်ငံရေး ပဋိပက္ခများကြောင့် အဖမ်းခံရသူများကို လွှတ်ပေးမည်ဆိုပါ က တောင်ကုတ်မြို့နယ်တွင် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ၃ ဦးကို ပြန်လွှတ်ပေးမည်ဟု ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AA က ထုတ်ပြန်ထားသည်။

တောင်ကုတ်မြို့နယ် NLD အဖွဲ့၀င် ၃ ဦးအား အောက်တိုဘာလ ၁၄ ရက်နေ့က ခေါ်ဆောင်ခြင်းနှင့် ပတ် သက်၍ အောက်တိုဘာလ ၁၉ ရက်နေ့က AA ၏ ရှင်းလင်းထုတ်ပြန်ချက်ထဲတွင် “NLD အစိုးရ အနေဖြင့် မတရားဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေး သမားများ အပြစ်မဲ့ ရခိုင်ပြည်သူများ နှင့် ငြိမ်းချမ်း ရေးအ တွက် တောင်းဆိုဆန္ဒပြခဲ့ကြသည့် ကျောင်းသား များအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးမည်ဆိုပါက မိမိတို့အနေဖြင့်လည်း အဆိုပါ ၃ ဦးကို အမြန် ဆုံး ပြန်လွှတ်ပေးမည်” ဟု ထည့်သွင်းထားသည်။

ULA/AA ၏ ဖမ်းဆီးခေါ်ဆောင် ခံရသူ ၃ ဦးစလုံးသည် နို၀င်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲကို တောင်ကုတ်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဖြစ် ပြီး ၎င်းတို့ ၃ ဦးမှာ ဦးမင်းအောင်က ပြည်နယ်လွှတ်တော်နေရာ၊ ဒေါ်နီနီမေမြင့်က ပြည်သူ့လွှတ်တော်နေ ရာ၊ ဒေါ်ချစ်ချစ်ချောက အမျိုးသားလွှတ်တော် နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်ဟု သိရ သည်။

၎င်းတို့ သုံးဦးသည် အောက်တိုဘာလ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာတွင် ရွေး ကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ် စည်းရုံးရေး ဆင်းနေစဉ် ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နို၀င်ဘာလ ၃ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးေ၀့ှတင်သည် နေပြည်တော်သို့ လွှတ်တော်အစည်းအေ၀းများ တက်ရောက်ရန်အတွက် ပလက်၀မှ ကျောက်တော်သို့ ရေလမ်းခရီးဖြင့် ထွက်လာစဉ် ULA/AA ၏ ဖမ်း ဆီးခြင်းကို ခံခဲ့ရသည်။

သို့သော် ULA/AA က ဦးေ၀့ှတင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ၂ လကျော်အကြာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

အားမီ(NMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here