29 March 2024 /

See today's Peace Related News

KSNG ၏ ကျောင်းသားလူငယ်နှီးနှောဖလှယ်ပွဲ ပြုလုပ်ပြီးစီး

ကျောင်းသားလူငယ်များအနေဖြင့် ပညာရေး၊ ငြိမ်းချမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများ တိုးများလာစေရန်ရည်ရွယ်၍ ကရင်ကျောင်းသားကွန်ယက်အဖွဲ့-KSNGက ဦးဆောင်ပြီး ကျောင်းသားလူငယ် နှီးနှောဖလှယ်ပွဲတစ်ခုကို သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ထီးလေ့ခေါ ကျေးရွာ၌ ဇူလိုင်လ ၁၈ရက်မှ ၂၀ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။

လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် ငြိမ်းချမ်းရေး၊ လူငယ်နှင့် သဘာဝပတ်ဝန်းကျင်ဟူသည့် ခေါင်းစဉ်များဖြင့် ပြု လုပ်သည့် ၎င်းနှီးနှောဖလှယ်ပွဲနှင့်ပတ်သက်၍ KSNG၏ ဥက္ကဌ စောစေးမူးက “အခု ကျနော်တို့ လုပ်တဲ့အစီ အ စဉ်က ကျနော်တို့ လူငယ်တွေကို တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတိုးစေပြီး စုပေါင်းလုပ်ဆောင်နိုင်မှုစွမ်းရည် အပြင် နောက်လာမဲ့အနာဂတ်အတွက် ဦးစီးဦးဆောင်နိုင်တဲ့ သူတွေအဖြစ် အဆင်သင့်ရှိနို်င်စေဖို့အတွက်ဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲသို့ ကျေးရွာ ၅ ရွာမှ ကျောင်းသားလူငယ်များ၊ သထုံဂျူနီယာ ကောလိပ်ကျောင်း သားကျောင်းသူများအပြင် သက်ဆိုင်ရာ ကရင်ပညာရေးဌာနမှ ခေါင်းဆောင်များ၊ KNU သထုံ ခရိုင်ခေါင်း ဆောင်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်ကြသည့် ခေါင်းဆောင် အချို့အပါအဝင် စုစုပေါင်း ၁၃၀ ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြသည်။

သုံးရက်တာပြုလုပ်သည့် နှီးနှောဖလှယ်ပွဲတွင် ကရင်ပညာရေးဌာန-KED ဌာနမှ ပညာရေး၏ အရေးပါပုံများ၊ သ ထုံခရိုင်ခေါင်းဆောင်များမှ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ရှင်းလင်းမှုများအပြင် သဘာဝ ပတ်ဝန်း ကျင်ဆိုင်ရာလှုပ်ရှားဆောင်ရွက်နေသည့်အဖွဲ့အစည်းမှ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးတတ်စေရန် ဝေမျှနှီးနှောဖလှယ်ခဲ့ကြပြီးနောက် သစ်ပင် ၅၀ ပင်ကိုလည်း အတူတကွ စိုက်ပျိုးခဲ့ကြသည်။

သထုံဂျူနီယာကောလိပ်မှ စောမြတ်အောင်က “ဒီလို အစီအစဉ်မျိုးက ကျနော်တို့လို လူငယ်တွေအတွက် အ ရမ်း အရေးကြီးပါတယ်။ ပညာရေးဆိုတာ ကျနော်တို့လို မျိုးဆက်သစ်တွေအတွက် နောက်အနာဂတ်မှာ အရေး ကြီးပါတယ်။ ပညာရှိမှ တိုးတက်မှုရှိမှာဖြစ်သလို ကိုယ့်လူ့အဖွဲ့အစည်းအတွက်လည်း တိုးတက်မှုရှိ လာမှာဖြစ် တယ်။ အဲလိုပဲ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးလည်း ကျနော်တို့ လက်ဆင့်ကမ်းနိုင်ဖို့အတွက် အရေးပါသလို သ ဘာဝပတ်ဝန်းကျင်ရှင်သန်နေမှ ကျနော်တို့ လူငယ်တွေ ဆက်လက်ရှင်သန်နိုင်မှာဖြစ်တယ်” ဟုပြောသည်။

ကရင်ကျောင်းသားကွန်ယက်အဖွဲ့- KSNG မှ ဦးဆောင်ကာ ကျောင်းသားလူငယ်များ နှီးနှော်ဖလှယ်ပွဲကို ပြီးခဲ့ သည့် ၂၀၁၄ ခုနှစ်မှစ၍ ပြည်တွင်း၊ နယ်စပ် ဒေသများတွင် လှုပ်ရှားဆောင်ရွက်လာခဲ့ခြင်းဖြစ်ပြီး ယခု
၆ ကြိမ် မြောက်ပြုလုပ်ခဲ့ပြီးဖြစ်သည်။