ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်သည့် ကရင်ဝေါဟာရအကြံပြုပွဲ ဖားအံတွင် ပြုလုပ်

0
229

Search for Common Ground အဖွဲ့မှ ဦးဆောင်ပြီး ‘တွဲလက်ချိတ်ဆက် အနာဂတ်အတွက်’ အမည်ဖြင့် သုတေသနစစ်တမ်းပြုလုပ်ထားသော ဝေါဟာရများကို ကရင်ဘာသာစကားများဖြင့် ဘာသာပြန်ဆိုထားမှုနှင့် ပတ်သက်၍ ဆွေးနွေးခြင်းကို ဖားအံမြို့၊ ကရင်ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်(KDN)ရုံး၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်သည့် အကြံပြုပွဲတွင် ပိုးကရင်ဝေါဟာရကို ဇူလိုင် ၂၃ ရက်နှင့် စကော ကရင်ဝေါဟာရကို ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်းလည်းဖြစ်ကာ ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ မွန်၊ ကရင်၊ တနင်္သာရီ၏ စီမံကိန်းတာဝန်ခံ မဌေးဌေးမြင့်က ယခုလိုပြောသည်။

၎င်းက “ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ကရင်စကားနဲ့ ဖြန့်ဝေတဲ့နေရာမှာ လူထုတွေနားလည်အောင် ကရင်စကား တတ်ကျွမ်းတဲ့လူတွေကို ပြန်ပြီး ဖိတ်ကြားတယ်။ လူထုအနေနဲ့ ဘယ်လိုစကားက ပိုနားလည်မလဲဆိုပြီး အကြံ ဉာဏ် ရယူ၊ လိုချင်တဲ့သဘောပဲ ” ဟု ကေအိုင်စီသို့ ဇူလိုင် ၂၃ ရက်တွင် ပြောသည်။

အဆိုပါ ဝေါဟာရ စကားလုံးများကို ဘာသာပြန်ဆိုမှုပြီးစီးချိန်နောက်ပိုင်းတွင် ဝေါဟာရပြုစုထားသည့်မှတ်တမ်းစာစောင်များကို လူထုဆီသို့ ပြန်လည်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း မဌေးဌေးမြင့်မှ ဆက်ပြောသည်။

‘ တွဲလက်ချိတ်ဆက် အနာဂတ်အတွက်’ အမည်ဖြင့် သုတေသနစစ်တမ်းများကို အင်္ဂလိပ်ဘာသာစကားမှ ပိုးကရင်၊ စကောကရင်အပြင် ပအိုဝ်း၊ မွန်၊ ရှမ်း၊ ချို(ချင်း)၊ လိုင်(ချင်း)၊ ဓနု၊ ထားဝယ်နှင့် ဗမာ စသည့် ဘာ သာစကား (၁၀)မျိုးဖြင့် ဘာသာပြန်ဆို ထုတ်ဝေသွားမည်ဟုလည်း သိရသည်။

ယခုစီမံကိန်းတွင် ပိုးကရင်ဘာသာပြန်အဖြစ် တာဝန်ယူထားသော စောအဲမြောင်စိမ်က “ငယ်ငယ်က ကရင်စာ သင်ခဲ့တာ ကိုယ်တစ်ယောက်တည်းအတွက်မဟုတ်ဘဲ အများအတွက် ပြခွင့်ရတဲ့အတွက် အရမ်းစိတ်ကြည်နူး မိပါတယ်။ (ပိုး)ကရင် ဘာသာကို ဘာသာပြန်တဲ့အခါ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်တဲ့ စကားလုံး တော်တော် များများမရှိလို့ အများကြီး ခက်ခဲတယ်။ ဖြစ်နိုင်ရင် စာပေပညာရှင်တွေအနေနဲ့ ခေတ်သုံးစကားတွေကို အဘိ ဓာန်အဖြစ် ထုတ်ပေးစေလိုပါတယ်” ဟုပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော Search for Common Ground အဖွဲ့မှ ပြုလုပ်လျက် ရှိသည့် စီမံကိန်း၏ ပင်မရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် ရေရှည်တည်တံ့ခိုင်မာမှုရှိရန်နှင့် ၎င်းဖြစ်စဉ်ကို အားကောင်းစေရန် ပံ့ပိုးပေးရေးဖြစ်ကြောင်း စီမံကိန်းတာဝန်ရှိသူများထံမှ သိရသည်။

ထို့အပြင် ယခု စီမံကိန်းအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် လူထုအားလုံး ပူးပေါင်းပါဝင်နိုင်မှုရှိခြင်း၊ အ ပြန်အလှန် စိတ်ချယုံကြည်မှုရှိခြင်းမှတစ်ဆင့် ဘာသာရေးနှင့် လူမျိုးရေး မတူကွဲပြားမှုတို့အပေါ် လေးစားမှု ရှိလာစေရန် စသည့် အကျိုးသက်ရောက်မှုများ ဖန်တီးနိုင်မည် ဖြစ်ကြောင်း Search for Common Ground အဖွဲ့က ပြောဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here