တတိယအကြိမ် ပင်လုံညီလာခံအတွင်း တပ်မတော်မှ ထိုးစစ်ဆင်ခြင်းမလုပ်ရန် ကချင် UNFDP ပါတီတောင်းဆို

0
216

လာမယ့် တတိယအကြိမ်၂၁ ရာစုပင်လုံဆွေးနွေးပွဲကာလအတွင်း မြန်မာ့တပ်မတော်မှ လုပ်လေ့လုပ်ထရှိသော တိုင်းရင်းသားဒေသထိုးစစ်ဆင်ခြင်းမပြုလုပ်ရန် ကချင်UNFDPပါတီ မှထုတ်ပြန်ထားကြောင်းသိရသည်။

ပြည်ထောင်စုတိုင်းရင်းသားများဖက်ဒရယ်ဒီမိုကရေစီ UNFDP ပါတီအနေဖြင့် ဇူလိုင် ၁၁ နေ့ တွင်စတင်ပြုလုပ်မည့် ၂၁ ရာစု ပင်လုံဆွေးနွေးပွဲကို ကြိုဆိုထောက်ခံသော်လည်း ဆွေးနွေးပွဲ ကာလအတွင်း ထိုးစစ်ဆင်ခြင်းကိုမလိုလားကြောင်း UNFDP ပါတီဥက္ကဌ ဒေါ်ဘောက်ဂျာက ပြောဆိုထားပါသည်။

“ပြီးခဲ့သောဆွေးနွေးပွဲ ၂ ကြိမ်ကိုကြည့်မယ်ဆိုရင် အမြဲလိုလို တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲ တွေပြင်းထန်လာတယ်။ တပ်မတော်က မူဘောင် ၆ချက်ကိုအလျှော့ပေးတာမရှိဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တွေရဲ့သဘောထားကိုလည်း လိုက်လျောမူမရှိ ဘူး။ ဒါကြောင့် လုပ်ငန်းစဉ်တိုင်းမှာ အောင်မြင်မူမရှိခဲ့ဘူး” ဟု ပါတီ ဥက္ကဌ ကပြောသည်။

ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုအားလုံးကို စုံညီစွာ ပါဝင်ခွင့်ရရှိအောင် အစိုးရနှင့်မြန်မာ့တမ်မတော်မှ သဘောထားကြီးစွာဖြင့်ဖိတ်ခေါ်ပြီး လွတ်လပ်စွာ တန်းတူဆွေးနွေးခွင့်များ ရရှိအောင်ဆောင်ပေးရန်လိုလားကြောင်းကို တောင်းဆို ထားခြင်းဖြစ်သည်။

ကချင်ပါတီသစ်ဖြစ်သော UNFDP ပါတီသည် ၂၀၁၈ တွင် တရားဝင် ဖွဲ့စည်းထားသော ပါတီ သစ်ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here