ကချင်စစ်ဘေးရှောင်များအကြောင်း ထိုင်းနိုင်ငံ FCCT တွင် ရှင်းလင်းပွဲ ပြုလုပ်

0
369

နိုင်ငံတကာမျက်ကွယ်ပြုထားခံရသော ကချင်ဒေသ စစ်ဘေးဒဏ်ခံစစ်ရှောင်ပြည်သူများ ၏ လက်ရှိ နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ ကချင်လူထုများက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်း (FCCT) တွင် ဇွန်လ ၂၈ ရက် ညက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“Kachin : Untold Story-Seven Years of Unheard Atrocity ” ဆိုသော ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ရှိ Foreign Correspondent’s Club ( FCCT ) တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ထိုင်းနိုင်ငံမှာရှိတဲ့ နိုင်ငံခြားသတင်းငှာနကလပ် ကနေ ကချင်တွေရဲ့ အကြောင်း သိချင်တယ်။ ဒါကြောင့် နိုင့်ငံခြားသတင်းစာဆရာတွေကို ကချင်တွေရဲ့အကြောင်း ပြောပြတယ် ။ ကချင်တွေစစ်ပွဲကြောင့် စစ်ပြေးဒုက္ခသည်များလာတဲ့အကြောင်း ပြောပြတယ် ။ ကချင်ဒေသတွေမှာ ရွာတွေပျက်စီး သွားတဲ့အကြောင်း ၊ မျိုးသုန်းသွားတဲ့အကြောင်းအရာေတွကို တစ်ကမ္ဘာလုံးသိအောင်ပြောပြဖို့ပါ” ဟု ရှင်းလင်းရာတွင်ပါဝင်သော ဆရာကြီး လဇွမ်ကွမ်ဖန် ပြောပါသည်။

ထို သတင်းစာရှင်းလင်းပွဲကို Amnesty International ,UNDP ,FORUM ASIA ,ILO ,FORTIFY RIGHTS အစရှိသော နိုင်ငံတကာ အဖွဲ့အစည်းများမှ စိတ်ဝင်စာသူ စုစုပေါင်း ၂၀ ယောက်ခန့်ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

၎င်း အစီစဉ်ကို ထိုင်းနိုင်ငံရှိ ကချင်တိုင်းရင်းသားများက ဦးဆောင်ပြုလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံ ကချင်မဟာမိတ်အဖွဲ့မှ ဦးအင်ဆန်ဂွမ်ဆန် ကလည်း Skype က တဆင့် ပါဝင် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here