KBC ဥက္ကဌ ဒေါက်တာခလမ်ဆမ်ဆွန် ကို အရေးယူပေးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ဒုတိယဗိုလ်မှူးကြီးတစ်ဦးမှ တရားစွဲထား

0
213

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ သိက္ခာတော်ရ ဆရာခလမ်ဆမ်ဆွန်ကို တပ်မတော် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး သန်းထိုက်မှ တရားစွဲဆိုထားကြောင်း သိရပါသည်။

သြဂုတ် ၂၆ ရက်နေ့ ရက်စွဲဖြင့် မြစ်ကြီးနားမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခြင်း ဖြစ်ပြီး ၎င်းအတွက် စက်တင်ဘာ ၉ ရက်နေ့ စစ်ဆေးချက်ကို အမိန့်ချမည်ဖြစ်ကြောင်း သိရပါသည်။

မြန်မာပြည်မှာ စစ်တပ်က ခရစ်ယာန်ဘာသာရေးကို ဖိနှိပ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို ဆရာဆမ်ဆွန်က ဇူလိုင် ၁၈ ရက်နေ့ သမ္မတ အိမ်ဖြူတော်မှာ တင်ပြခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ တရားစွဲဆိုထားခြင်းကိစ္စကို မသိရှိရသေးကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တာဝန်ရှိသူများထံမှ သိရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here