ကရင်နီအမျိုးသမီးအစည်းအရုံးမှ အတွင်းရေးမှူး (၂) မော်ဖရေးမြာနဲ့ တွေ့ဆုံခြင်း

0
227

“လူထုရဲ့တောင်းဆိုချက် လိုအပ်ချက်တွေကို လျစ်လျူရှူပြီးတော့ သူတို့လုပ်ချင်တာလုပ်တဲ့ အပိုင်းတွေ၊
လူထုနဲ့ အဆင်မပြေမှု မြောက်များစွာကို ကြည့်ခြင်းအားဖြင့် လုံး၀မငြိမ်းချမ်းသေးဘူးလို့ ပြောလို့ရတယ်”
မော်ဖရေးမြာ (အတွင်းရေးမှူး -၂ ၊ ကရင်နီအမျိုးသမီးအစည်းအရုံး)

ကယား(ကရင်နီ)ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုရှုမြင်သုံးသပ်ထားသလဲဆိုတာကို ယခုအင်တာဗျူးမှာ မြင်တွေ့ရမှာပါ။ ကရင်နီဒေသရှိ အမျိုးသမီးတွေရဲ့ နိုင်ငံရေးအခန်းကဏ္႑မှာ ပါ၀င်နေမှုနဲ့ ငြိမ်းချမ်းရေးမှာ ဘယ်လိုနေရာပေးခြင်းခံရသလဲဆိုတာတွေကို ကရင်နီအမျိုးသမီးအစည်းအရုံးမှ အတွင်းရေးမှူး (၂) မော်ဖရေးမြာနဲ့ တွေ့ဆုံမေးမြန်းထားသည်များထဲမှာ ကောက်နှုတ်တင်ပြအပ်ပါတယ်။

မေး ။ ။ အရင်ဆုံး ကယား(ကရင်နီ)ပြည်နယ်ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစ်မရဲ့ အမြင်လေး ပြောပြပေးပါ။

ဖြေ ။ ။ ကျမတို့ပြည်နယ်မှာ ငြိမ်းချမ်းတယ်လို့ တချို့က ပြောကြတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ပြည်နယ်ထဲမှာဆိုရင် ပြည်နယ်အစိုးရနဲ့ ပြည်သူလူထုနဲ့ တပ်ပိုင်းဆိုင်ရာမှာက အမြဲတမ်းထိပ်တိုက်တွေ့တဲ့ဟာမျိုးတွေ ရှိတယ်။ မကြာခဏ ဖြစ်လေ့ရှိတယ်၊ နောက်တစ်ခုကျတော့ ကျမတို့ ပြည်နယ်ဟာ အမှန်ဆိုရင် သီးခြားလွတ်လပ်တဲ့ ပြည်နယ်ဖြစ်တယ်။ သို့ပေမယ့်လည်း အခုငြိမ်းချမ်းရေးသွားနေတဲ့ အချိန်မှာဆိုရင် ဒီတပ်ပိုင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အထူးသဖြင့် (KNPP) အနေနဲ့ပေါ့နော်၊ သူတို့ငြိမ်းချမ်းရေး ဆွေးနွေးတဲ့နေရာမှာဆိုရင် တပ်ဖက်က လိုက်လျှောမှု အားနည်းတာမျိုးတွေ၊ အရင်က သူတို့ထိုးထားတဲ့ပြည်နယ်အဆင့်နှင့် ပတ်သက်ပြီးစည်းကမ်းချက်တွေ အကောင်ထည်ဖော်မှုအားနည်းတဲ့အပြင် ချိုးဖောက်တဲ့အပ်ိုင်းတွေ တွေ့ရှိရတယ်။ ဒါကိုကြည့်မယ်ဆိုရင် သူတို့ဖက်ကနေ ငြိမ်းချမ်းရေးကိုသိပ်မလိုချင်တာလား သို့မဟုတ်ရင် ဘယ်လိုဆိုတာတော့ သိပ်မသိဘူးပေါ့။ ဒါကတော့ ကျမရဲ့ အမြင်တွေ ့ရှိချက်ပဲ ဖြစ်ပါတယ်။

မေး။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးထုတွေပါ၀င်လာဖို့ အစိုးရဖက်က လိုက်လျှောပေးတဲ့ အခြေအနေမျိုးရှိခဲ့ဖူးလား။ အမျိုးသမီးထုတွေအတွက် ဘယ်လိုပံ့ပိုးပေးတာရှိလဲ။

ဖြေ။ ။ ကျမတို့အနေနဲ့ နှစ်တိုင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာမြို့နယ် (၇) မြို့နယ်ရဲ့ လူထုတွေနဲ့ သွားတွေ့တယ်၊ တွေ့ပြီးတော့မှ သူတို့ရဲ့ ပြည်နယ် ၊ မြို့ နယ်၊ ကျေးရွာတွေမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့မှ ဘယ်လောက်ပါ၀င်ခွင့်ရှိနေပြီလဲ ၊ ပါ၀င်တဲ့အချိန်မှာ ဘယ်လိုစိန်ခေါ်မှုအခက်ခဲ တွေကြုံတွေ့ နေလဲ ဆိုတဲ့ဟာမျ်ိုး အမြဲတမ်းထိတွေ့မေးမြန်းပါတယ်။

သူတို့ဆီကနေကြားရတဲ့ စိန်ခေါ်မှု အခက်ခဲ အသံတွေကိုစည်းရုံးတယ်။ သက်ဆိုင်ရာလွှတ်တော် အစ်ိုးရဆီကို တင်ပြတယ်။ ဒါပေမယ့် ကျမတို့ စုစည်းထားတဲ့အသံတွေက ဘယ်လောက်ထိနားထောင်ပေးတယ် နားမထောင်ပေးဘူးဆိုတာက အခုလက်ရှိကျမတို့ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အမိျုးသမီးတွေ သွားလုပ်မယ့် သင်တန်းတွေကို လိုက်ပိတ်ပင်နေတယ်ဆိုတော့ သူတို့နားထောင်မှုအားနည်းတဲ့အပိုင်းတွေ ရှိနေသေးတယ်။ ဆိုလိုချင်တာက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိူးသမီးတွေ ပါ၀င်လာဖို့အတွက် သူတို့သိပ်အားမပေးဆိုတာက်ို ပြလိုက်တာနဲ့အတူတူပဲ။

မေး။ ။ အစ်မတို့အဖွဲ့တွေအနေနဲ့ ကျေးလက်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဘာတွေဆောင်ရွက်ပေးနေတာရှိလဲ။

ဖြေ။ ။ ရှိတယ် ၊ နှစ်တိုင်းရှိတယ် သူ့အဆင့်(level) အလိုက်ပေါ့။ ဥပမာ-ကျေးရွာမှာဆိုရင် တက်ကြွတဲ့လှုပ်ရှားတဲ့ အမျိုးသမီးတွေရှိသလို ပါတီထဲမှာ ပါနေတဲ့အမျိုးသမီးတွေရှိတယ်။ အဲ့လိုမျိုးအမိျုးသမီးတွေက သူတို့ရှိနေတဲ့ အရည်အချင်းကို ပိုပြီးတော့မှတိုးတက်လာအောင် မွမ်းမံပေးတယ်။ သူဒိီအရည်အချင်းကိုထပ်ရလိုက်ရင်တော့ သူ့ရဲ့့အသိုင်းအ၀ိုင်းအတွက်၊ အမျိုးသမီးကိုယ်စားပြုမှုအတွက် ဆိုပြီးတော့့မှ သူတို့လိုအပ်နေတဲ့ စွမ်းရည်မြင့်သင်တန်းတွေကျမတို့အမြဲတမ်းသွားပေးတယ်။ နောက်တစ်ခုက ပြည်နယ်ရဲ့ငြိမ််းချမ်းရေး အခြေနေ Update တွေသိအောင် အမြဲတမ်း ဆွေးနွေးပွဲလုပ်ပြီးတော့မှ အပြန်အလှန်တင်ပြပေးတာမိ်ျုးတွေရှိတယ်။

မေး။ ။ ဒီလိုမျိုးသင်တန်းသွားပေးတဲ့အချိန်မှာ အစိုးရဖက်က လွှတ်လွှတ်လပ်လပ် လုပ်ပိုင်ခွင့် ပေးလား။ အခွင့်အရေးပိတ်ပင်ခံရတာမျိုးတွေ ရှိလား။

ဖြေ။ ။ ရှိတယ်။ အခုဆိုရင် ကျမတို့အဖွဲ့ကို သင်တန်း သို့မဟုတ် အစည်းေ၀း တစ်နေ့ပဲဖြစ်ဖြစ် နေ့တစ်ပိုင်းပဲဖြစ်ဖြစ် ပြုလုပ်မယ်ဆိုရင် သူတို့ဆီ ခွင့်ပြုစာတင်ရမယ်လို့ ပြောတယ်။ ဒါပေမယ့် ဥပဒေထဲမှာကြည့်မယ်ဆိုရင် အဖွဲ့အစည်းအသင်းအဖွဲ့ရဲ့မှတ်ပုံတင်ကို တင်လို့ရတယ်လို့ ပြေားထားတယ်၊ တကယ်လို့ မတင်ဘူးဆိုရင် ဖမ်းဆီးအရေးယူမယ်ဆိုတာမျိုးတွေ မပြောထားဘူး။ ဥပဒေထဲမှာ အဲ့လိုပြထားပေမဲ့ သူတို့က တင်ကိုးတင်ရမယ်၊ အဖွဲ့အစည််းတစ်ခုဖြစ်ပြီဆိုရင် တရာ၀င်း တင်ရမယ် ၊ တရား၀င်တင်မှပဲ လုပ်ချင်တဲ့လုပ်ရှားမှုတွေလုပ်လို့ရမယ်လို့ သူတို့ပြောတယ်။

မေး။ ။ အခုဆို ငြိမ်းချမ်းရေးစကားဝိုင်းတွေ လုပ်နေတယ်။ အဲ့လိုမျိုးမှာကော အမျိုးသမီးတွေ ပါ၀င်မှု အခြေအနေဘယ်လိုရှိလဲ။

ဖြေ။ ။ အမျိုးသမီးနဲ့ ကလေးတွေအတွက် ကြိုတင်ကာကွယ်မှုတွေ နားလည်လာတယ်၊ သူတို့ တောင်းဆိုလာတယ်။ နောက်တစ်ခုက ငြီမ်းချမ်းရေးဆွေးနွေးတဲ့အချိန်မှာ အမျိုးသမီး ပိုမိုပါ၀င်လာဖို့အတွက် ဘယ်လို အဟန့်အတားရှိလဲ ၊ ဒီအဟန့်အတားကို ကျော်လွှားနိုင်ဖို့အတွက် ဘယ်လိုဆွဲခေါ်ရမလဲ၊ အမျိုးသားနဲ့ တန်းတူ မဟုတ်တဲ့အတွက်ကြောင့် အထူးလုပ်ဆောင်ချက်အနေနဲ့ ဘယ်လိုလုပ်ရမလဲ ဆိုတာက အစ သူတို့ သိနားလည်လာတယ်။ နောက်တစ်ခုက သူတို့ ကိုယ်တိုင်က အဲ့လိုပါ၀င်ချင်တဲ့စိတ်တွေပေါ်လာကြတယ် ဘာကြောင့်လဲဆိုတော့ နှစ်(၇၀)ကျော် အမျိုးသမီးတွေက အိမ်ထဲမှာပဲနေ ထမင်းဟင်ချက် ကလေးထိန်း တောင်ယာသွား အဲ့လိုပဲ အဲ့ဘ၀ကနေ သူတို့အပြင်လောကကို မတိုးထွက်နိုင်ဘူး။ ခုဆိုရင် ခေတ်နှင့်အညီ အမြင်တွေကျယ်လာတယ်၊ နေရာတိုင်းမှာ ဆွေးနွေးမှုတွေမှာ သူတို့တက်လာပြီးတော့မှ ဆွေးနွေးမှုတွေ ရှိလာတယ်။

မေး။ ။ ပြီးတော့ အခု ကယား(ကရင်နီ)ပြည်နယ်မှာ ငြိမ်းချမ်းပြီလား။ မငြိမ်းချမ်းသေးဘူးလား ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ကျမတစ်ဦးအနေနဲ့ဆိုရင် ငြိမ်းချမ်းရေး ရပြီလို့ ဆိုတဲ့သူတွေက ကယားပြည်နယ် ဌာနေတိုင်းရင်းသားက လူတွေမဟုတ်ဘူးလို့ ကျမထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဥပမာ(၂)ခုရှိတယ်။ (၁)အချက်က ကျမတို့ပြည်နယ်က သီးခြားလွတ်လပ်တဲ့ပြည်နယ်ဖြစ်တဲ့တွက်ကြောင့် ဘယ်သူမှ လာပြီးအုပ်ချုပ်တာမျိုး ၊ အမိန့်ပေးတာမျိုး လုပ်လို့ရဘူး။(၂)အချက်က KNPP၊ တပ်ပိုင်းဆိုင်ရာနဲ့ အစိုးရ တွေနဲ့ ပြည်နယ်အဆင့်လက်မှတ်ထိုးထားတဲ့ NCA တောင်မှ သူတို့ဖက်က အကောင်ထည်ဖော်အားနည်းမှုတွေ၊ ချိုးဖောက်မှုတွေရှိတယ်။ ပြီးတော့ လူထုရဲ့တောင်းဆိုချက် လိုအပ်ချက်တွေက်ို လျစ်လျူရှူုပြီးတော့ သူတို့လုပ်ချင်တာလုပ်တဲ့ အပ်ိုင်းတွေ၊ လူထုနဲ့ အဆင်မပြေမှု မြောက်များစွာကိုကြည့်ခြင်းအားဖြင့် လုံး၀မငြိမ်းချမ်းသေးဘူးလို့ ပြောလို့ရတယ်။

မေး။ ။ ပြည်နယ်ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီးတော့ ဘာတွေထပ်ပြေားချင်သေးလဲ။

ဖြေ။ ။ နောက်တက်လာမဲ့ အစိုးရဖြစ်ဖြစ် ဒီအစိုးရဖြစ်ဖြစ် ဒီကြားကာလပဲဖြစ်ဖြစ် နောက်နှစ်ပေါင်းများစွာပဲဖြစ်ဖြစ် ပြည်သူလူထုတွေလိုချင်တဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု၊ အမှန်တကယ် ဒီမိုကရေစီ စနစ်အုပ်ချုပ်တဲ့ အစိုးရမျိုးကို လိုချင်တယ်။ နောက်တစ်ခုက တက်လာတဲ့အစိုးရတွေဟာ ဌာနေတိုင်းရင်းသားကနေ ရွေးထားတဲ့အစိုးရဖြစ်စေချင်တယ်။ ပြည်သူလူထုတွေကိုလည်း ပြောချင်တာက မဲပေးမယ်ဆိုရင် ကိုယ့်ဌာနေတိုင်းရင်းသားကို ကိုယ်စားပြုတဲ့လူကိုပဲ ရွေးစေချင်တယ်ဆိုတာကို အကြံပြုချင်ပါတယ်။

မေး။ ။ ကျေးဇူးတင်ပါတယ်။
မော်ဦးမြာ(kantarawaddytimes)- တွေ့မေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here