28 March 2024 /

See today's Peace Related News

ယာယီဝါးအိမ်များပျက်စီးမှုကြောင့် ဆမီး စစ်ရှောင်ပြည်သူများ နေထိုင်ရေး အခက်ကြုံနေ

၂၂ ဖေဖော်ဝါရီ ၂၀၂၁

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ စစ်ဘေးရှောင် ပြည်သူများနေထိုင်ကြသည့် ယာယီဝါးအိမ် ၁၆၀ ခန့်သည် ပိုး ထိုးကာ ပြိုကျပျက်စီးမှုများရှိနေသည့်အတွက် နေထိုင်ရန်အခက်အခဲကြုံတွေ့နေရသည် ဟု ဆမီီးမြို့ စစ်ဘေးရှောင်အေ ရး ကူညီဆောင်ရွက််ပေးနေသူ ဦးပြည်ဆုကပြောသည်။

အခုလောလောဆယ်ကဘာမှ လုပ်လို့ရတဲ့အခြေအနေမရှိဘူး၊ ပြည်တွင်းပြည်ပ ကအလှူရှင်တွေနဲ့ လည်းအဆက်အသွ ယ္မရဘူး။ အရမ်းခက်ခဲနေပါတယ်၊ ရန်ပုံငွေလည်း ကုန်နေပါပြီ၊ အခုတန်းလျာ အရှည်ကြီး ဆောက်ထားတဲ့ဟာက အကုန်လုံးပျက်တော့ ကြမ်းပြင်နဲ့မြေက တညီတည်းဖြစ်သွားလို့ ပြုပြင်စရာတွေအများကြီးရှိတယ်၊ အိမ်ခြေ ၁၆၀ လောက်ရှိတယ်၊ သူတို့ကနေလု့ိကို အဆင်မပြေတော့တဲ့ အနေအခြေဆိုးနေတယ်၊ မိုးရာသီမဟုတ်လို့ တော်သေးတယ်၊ တကယ့်ကိုမှ ခက်ခက်ခဲခဲနေကြရတယ်၊ ဟု ဦးပြည်စုက ပြောသည်။

ဆမီးမြို့စစ်ဘေးရှောင်ပြည်သူများနေထိုင်သည့် ယာယီဝါးအိမ်များသည် ချင်းပြည်နယ်အစိုးရ နှင့် စေတနာရှင် ပြည်သူများ၏ လှူဒါန်းမှုဖြင့်ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယခုအချိန််တွင် အဆိုပါဝါးအိမ်းများသည် ပိုးထိုး၍ ပျက်စီးနေပြီး ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရန် အလှူရှင်များ မရှိသောကြောင့် အခက်ခဲရင်ဆိုင်နေရကြောင်း ဆမီးမြို့ရှိ စစ်ဘေးရှောင်ပြည်သူတစ်ဦးကလည်းပြောသည်။

”ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းမှာ အဆောင်အပျက်အစီးရှိတော့ ပြန်လည်ပြီးတော့ အသစ်ဆော က်ချင်တာတွေရှိ တယ်၊ ကျွန်တော်တို့က ကိုယ့်ရွာတွေကို ပြန်လို့ရ မရဆိုတာလည်းရှိတော့ ဒီမှာဆက် နေရမယ်ဆိုရင် အဆောင်၊ တနိးလျား တွေလည်း နေလို့မရဘူး။ အကုန်လုံး ကြမ်းတွေပြို၊ ခေါင်မိုးတွေ လည်းပြိုပြီးတော့ မိုးရွာမယ်ဆိုရင် နေစရာလည်း မရှိတော့ ဘူး။ အကုန်လုံး ဒုက္ခရောက်ကုန်တယ်။ အခုဒီတလောမှာကူညီထောက်ပံ့ဆိုတာလည်းမရှိဘူး၊ ဘာအဖွဲ့အစည်းမှမရှိဘူး၊ စစ်ဘေးရှောင်စခန်းမှာ ဆိုတော့ အလုပ်လက်မဲ့ဖြစ်တော့ ဝင်ငွေဆိုတာလည်းမရှိဘူး အခက်အခဲတွေ အများကြီးကြုံရ တယ်။”ဟု ဆမီးမြို့ရှိစစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောသည်။

ဆမီးမြို့ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ယာယီဝါးအိမ်များ ပြည်လည်တည်ဆောက်ရေးလုပ်ငန်းကို မိုးတွင်း ကာလမတိုင်ခင် အကောင်အထည်ဖော်ဆောင်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း စစ်ဘေးရှောင်ပြည်သူများကို ကူညီဆောင်ရွက်ပေးနေသည့် ပြည်သူ့မျှော်လင့်ချက် လူမှုဖွံ့ဖြိုးရေးအသင်း (People Hope) မှလက်ရှိတာဝန်ခံ မကျင်ရှန်းဟွေ ကပြောသည်။

သူတို့မှာ တချို့တန်းလျားတွေဆိုရင် ဟောင်းနေတဲ့အခြေအနေရှိတယ်၊ တချို့ Camp တွေဆိုလို့ရင် ပိုဆိုးနေတယ်၊ လောလောဆယ်မှာတော့ ပြန်လည်လုပ်ဖို့ အစီအစဉ်တော့ရှိတယ်၊ မိုးတွင်းမရောက်ခင် ကောင်အထည်တော့ ဖော်ဖြစ်မယ်လို့တော့ထင်တယ်။ ဒါပေမယ့် ညီမတို့ အနေနဲ့တော့ လောလောဆယ်ဒီဟာကို မလုပ်နိုင်သေးဘူပေါ့၊ ဘာလို့လဲဆိုရင် ကျွန်မတို့က အစားအသောက်ပိုင်းပဲ ကိုင်နေေ တာ့လေ၊ လုပ်ငန်းလည်ပတ်ဖို့လည်း နည်းနည်းအခက်အ ခဲရှိနေတယ်။ အခုကြားတာတော့ တျခား အဖွဲ့အစည်းတခုက အိမ်လေးတွေပြန်ဆောက်ပေးမယ်လို့ကြားထားတယ်။ ဟု မကျင်ရှန်းဟွေ ကပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်က အရပ်သားအစိုးရထံ အာဏာသိမ်းယူလိုက်ပြီးနောက် ပလက်၀မြို့ နှင့် ဆမီးမြို့အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများသည် သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများထံမှ ကူညီထောက်ပံံ့မှုမရရှိတော့သည့်အတွက် အခက်အခဲရင်ဆိုင်နေကြရခြင်းဖြစ်သည်။

ယခုလက်ရှိတွင် ကမ်ဘာ့စားနပ်ရိက္ခာအစီစဉ်(WFP) က ယခုလအတွင်း ဆန်၊ဆီ၊ဆား စသည့်အထောက်ပ့ံများကို ကူညီပံ့ပိုးပေးခဲ့သည်ဟုသိရသည်။

ဆမီးမြို့တွင် (IDP Camp) စစ်ဘေးရှောင်စခန်း (၅) ခုရှိပြီး အိမ်ထောင်စုပေါင်း (၈၁၈) စုနှင့် လူဦးရေ (၃၃၈၈) ဦးရှိသည်ဟု သိရသည်။

ခိုနူမ်းသုန်မှ ပေးပို့သည်။