ရသေ့တောင်မြို့နယ်၊ ကျည်ဆထိမှန်ဒဏ်ရာရခဲ့တဲ့ မူလတန်းပြ ဆရာမ ဒေါ်ခင်းဌေးဝင်းနှင့် တွေ့ဆုံခြင်း

ကလေးတွေ ပညာရေး နောင်ရေးအတွက် အရမ်းစိုးရိမ်မိပါတယ်။ မြို့မှာပဲဖြစ်ဖြစ်၊ နယ်မှာပဲဖြစ်ဖြစ် ငြိမ်းချမ်းစွာ ပညာသင်ခွင့်ရေးရချင်ပါတယ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြိန်းတောကုန်တန်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြဆရာမ အသက် (၂၈) နှစ်အရွယ် ဒေါ်ခင်ဌေးဝင်းသည် ဖေဖော်ဝါရီလ ၃ ရက်၊ညနေ ၃ နာရီခွဲက လက်နက်ကြီးကျည်စထိမှန်သွားသောေကြာင့် ဒဏ်ရာရရှိသွားသည်။ ထိုအဖြစ်အပျက်များအပါအဝင် ပညာရေး၊ငြိမ်ချမ်းရေးနှင့်ပတ်သက်ပြီး ဆရာမ ဒေါ်ခင်းဌေးဝင်းကို Myanmar Peace Monitorရဲ့ မြေပြင်သတင်းသမားလည်း ဖြစ် ၊ DMG သတင်းထောက် ခိုင်ရိုးလက တွေ့ဆုံမေးမြန်းထားသည်။

မေး-အဲဒီနေ့က ဖြစ်စဉ်ကိုရှင်းပြပေးပါ။

ဖြေ-အဲဒီနေ့က ကျမက ကျောင်းဆင်းပြီးလို့အပြန် ရေချိုးပြီးလို့ အဝတ်လဲနေတဲ့အချိန်မှာ လက်နက်သံတွေကြားလာတယ်။ အမေက သမီးရယ် ပြေးမယ်လာ၊ အိမ်ဘေးနားနာ တိုက်တစ်ဆောင်ရှိတော့ အဲဒီမှာ လုံခြုံမယ်ဆိုပြီး ပြောတာပေါ့။ ဒီတော့ အမေရယ် သမီးအကျင်္ ီလဲပြီးရင်လာခဲ့မယ်ဆိုပြီးပြောလိုက်တယ်။ ကျမရဲ့ မောင်လေးနဲ့ အမေက ထွက်ပြေးသွားတာပေါ့။ ကျမက အကျီ င်္လဲနေတဲ့အချိန်မှာ အနောက်ဘက်ကိုမျက်နှာမူပြီး အကျီ င်္ကြယ်သီးကို တပ်နေတာ။ အဲဒီမှာပဲ ခေါင်မိုးပေါ်ကနေပြီး မီးရောင်စုံတောက်နေတဲ့ အခဲကြီးတစ်ခုလာတယ်။ ဆိုတော့ အဲဒါဘာကြီးလဲဆိုပြီး စိတ်ကထင်သွားပြီးတော့ ဒိုင်းကနဲဆိုပြီးတော့ ရင်ဘတ်အထက်နားမှာ ထိတယ်။ နောက်ကပေါက်ထွက်သွားတာကို ကျမမသိဘူး။

အဲဒါနဲ့ ရှေ့ကိုတိုးသွားသလိုခံစားလိုက်ရတယ်။ ဆိုတော့ ဒဏ်ရာကို ဖိပြီးတော့ ဘေးနားကအိမ်ကိုပြေးသွားတာပေါ့။ နောက်လာမယ့် ကျည်တွေမထိရအောင်လို့။ အမေရယ် သမီးမှာထိသွားပြီဆိုပြီးတော့ေြပာတယ်။ နောက်အိမ်မှာလည်း ရှောင်ပုန်းနေတဲ့ လူတွေရှိတာပေါ့။ အမေကလည်း ဖျာခင်းပေးပြီးတော့ ကျမကိုထိုင်ခိုင်းတယ်။ အဲဒီမှာ တစ်ကိုယ်လုံးက ထုံကျည်ပြီးတော့ လှုပ်မရတော့ဘူး။ ကျောကုန်းကလည်း အရမ်း နာတယ်၊ အောင့်တယ်။ အိမ်ခေါင်မိုးလည်း မီးလောင်သွားတယ်။ အပင်တွေလည်းကျိုးသွားတယ်။ အိမ်ခေါင်မိုးကလာပြီးတော့ ကျည်စတွေ လွှင့်စဉ်ကျလာတာ။

မေး-အခုလို ဆရာမကို လက်လက်ကြီးကျည်ထိမှန်တဲ့ အပေါ်မှာ ဘာပြောချင်လဲ။

ဖြေ-ဒီလိုထိမှန်သွားတဲ့အတွက် ကိုယ့်ဟာကိုယ်သေမယ်လို့ ထင်ထားခဲ့တယ်။ ငါသေတော့မယ်လို့တောင် ခံစားရတယ်။ ကျမသေသွားတယ်ဆိုရင်လည်း ကိုယ့်မိသားစုတွေ၊ တပည့်သားသမီးတွေကျန်ခဲ့မှာပေါ့။ ကျမသေသွားလို့ရှိရင် တပည့်တွေနဲ့လည်း မတွေ့ရတော့ဘူး။ စာမသင်ရတော့ဘူးဆိုပြီး ကလေးတွေအတွက်စိုးရိမ်မိတယ်။ သေရတော့မယ်ဆိုပြီး တော်တော်ကြောက်သွားတယ်။

မေး-ဒဏ်ရာကတော့ အခုချိန်မှာ စိုးရိမ်ရသေးလား။

ဖြေ-ဒဏ်ရာကတော့ အခုအချိန်မှာ မစိုးရိမ်ရတော့ဘူးပေါ့နော်။ ထိမှန်တဲ့ နေရာတဲ့ အဆုပ်နဲ့ကတော်တော်လေးနီးတယ်လေ။ တစ်လက်မလောက်တော်မကွာဘူးတဲ့ ဒီလက်နက်ကြီးကျည်တွေထိတဲ့ လူတွေထဲမှာ သမီးကတော်တော်ကံကောင်းတယ်ဆိုပြီးတော့ ဆရာဝန်ကြီးတွေကပြောတယ်။

မေး-လက်ရှိမှာ ဆရာမတို့နယ်ဘက်မှာ စာသင်ကျောင်းတွေပိတ်ထားရတာတွေေရော ရှိလား။

ဖြေ-အခုဆိုရင် ကျမတို့စာသင်ကျောင်းတွေက ကလေးတွေလုံးဝကျေုာင်းမတက်ရတော့ဘူး။ ကျောင်းပိတ်ထားရတယ်။ ရွာသားတွေကလည်း ဆွေးမျိုးတွေရှိရာ၊ လုံခြုံမယ့်နေရာတွေဆီ ဟိုပြေးဒီပြေးပြေးကြပြီ။ ကျောင်းသားတွေရော ရွာသားတွေရော မရှိတော့တာကြောင့် လုံးဝကျောင်းပိတ်ထားရတယ်။ နောက်ပြီးတော့ အဲဒီရွာနားတဝိုက်က ရွာတွေမှာလည်း ကျောင်းတွေပိတ်၊ ရွာသားတွေထွက်ပြေးနေရတယ်။

မေး-ဒီလိုဖြစ်နေတော့ ကျောင်းသားတွေပညာရေးမှာ နစ်နာမှုတွေရှိနေလား။

ဖြေ-တော်တော်နစ်နာပါတယ်။ ကလေးတွေက တစ်နှစ်စာကို တစ်နှစ် (သင်ခန်းစာကို) ပြီးအောင်စာမသင်ရဘူးဆိုရင် ပညာအရည်ချင်းမပြည့်ဝတော့ဘူးပေါ့။ ကျမတို့နယ်ကျောင်းတွေက မြို့ကျောင်းနဲ့မတူပဲ အခက်ခဲကြားတွေက သင်နေရတာဆိုတော့ ဒီလိုပိတ်ထားရရင် တော်တော်အခက်ခဲရှိတယ်။

မေး-ဆရာမတို့အနေနဲ့ရော စိုးရိမ်မှုတွေဘယ်လိုရှိနေလဲ။

ဖြေ-တခြားဆရာမတွေကိုလည်း ကျမလိုဖြစ်မှာကို စိုးရိမ်တယ်။ ကျမကဆိုရင် မသေလို့ တော်တော်ကံကောင်းတယ်လို့ပြောရမှာပါ။ နောက်ပြီးတော့ အဲလိုစာပြနေလို့ ဆရာ၊ ဆရာမတွေ ကျောင်းသူကျောင်းသားတွေ၊ နောက်ပြီးတော့ ရွာသားတွေ ဒီလိုဖြစ်မှာကို အရမ်းစိုးရိမ်မိတယ်။ ကြောက်လည်းကြောက်မိပါတယ်။ အခုအဲဒီရွာဟာ ကျမရွာဖြစ်နေပေမယ့်လည်း ရွာကိုပြန်သွားရမှာကို တော်တော်လေးကြောက်နေမိတော့တယ်။

မေး-လက်ရှိ ရခိုင်မှာဖြစ်နေတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ဆရာမဘယ်လိုပြောချင်လဲ။

ဖြေ-ကျမတို့က (ရခိုင်ကို) ငြိမ်းငြိမ်းချမ်းချမ်းပဲဖြစ်ေစချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွာသားတွေကထွက်ပြေးနေလိုက်ဆိုေတာ့ ကလေးတွေပညာရေးက နိမ့်ကျနေတယ်ပေါ့နော်။ စာမသင်ရဆိုတော့ ပညာအရည်ချင်းတွေလည်း နိမ့်ကျလာနိုင်တယ်။ ဒါကြောင့် ကိုယ့်ရပ်ကိုယ့်ရွာမှာ ကျောင်းသားလေးတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပညာသင်ကြားပေးချင်တယ်။ ကလေးတွေကိုလည်း ပညာသင်ကြားခွင့်ရချင်တယ်။ ကလေးတွေက ပညာမသင်ခဲ့ရရင် ပညာမတတ်ခဲ့ရင် နောင်လာမယ့်အချိန်မှာ နိုင်ငံဝန်ထမ်းကောင်းတွေ မဖြစ်လာနိုင်တော့ဘူးလေ။ မူလတန်းကလေးဆိုရင်လည်း မူလတန်းအလျောက်အရေးကြီးတာပေါ့ေနာ်။ ဒါကြောင့် ဒီလိုအခြေနေဆိုရင် ကလေးတွေ ပညာရေးနောင်ရေးအတွက် အရမ်းစိုးရိမ်မိပါတယ်။ မြို့မှာပဲဖြစ်ဖြစ်၊ နယ်မှာပဲဖြစ်ဖြစ် ငြိမ်းချမ်းစွာ ပညာသင်ခွင့်ရေးရချင်ပါတယ်။

မေး-နောက်ဘာများ ဖြည့်စွက်ပြောချင်ပါလဲ။

ဖြေ-ကျမကတော့ တိုက်ပွဲတွေရပ်တန့်ပြီးတော့ ကျမတို့ရွာဘက်ကလူတွေဆိုရင် တော်တော်လေးဒုက္ခရောက်ကြပါတယ်။ တိုက်ပွဲဖြစ်နေရင်တော့ရွာကလူတွေ မြို့ပေါ်ကိုသွားဖို့ အခက်ခဲတွေရှိနေတယ်။ ပိုက်ဆံမရှိတဲ့လူတွေဆိုရင်တော့ သွားစရာနေရာမရှိ။ နေစရာနေရာမရှိဖြစ်နေတယ်။ ဒါကြောင့် လုံးဝစိတ်မကောင်းဖြစ်မိနေပါတယ်။ အဲလိုမဖြစ်စေပဲ မိမိတို့ကျေးရွာတွေဆီမှာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေဖို့ ငြိမ်းချမ်းရေးကို လိုလားပါတယ်။

ခိုင်ရိုးလ (DMG)- တွေ့မေးသည်။

Share me now!