ကယန်းအမျိုးသမီးအစည်းအရုံးရဲ့ တွဲဖက်အတွင်းရေးမှူး (၂) မူအင်နိုးဆင့်နဲ့ တွေ့ဆုံခြင်း

0
176
မူအင်နိုးဆင့် (ကယန်းအမျိုးသမီးအစည်းအရုံး၊ တွဲဖက်အတွင်းရေးမှူး-၂)

“အမျိုးသမီးအရေးကိစ္စကို လုပ်တဲ့ အမျိုးသမီးအစုအဖွဲ့ကိုတောင် ပုဒ်မအမျိုးမျိုးတပ်ပြီးတော့ အရေးယူဖို့လုပ်တယ်ဆိုကတည်းက သူတို့မှာ လုံး၀ စဉ်းစားထားချက်မရှိဘူး”

ကယန်းဒေသမှာ ကယန်းအမျိုးသမီးတွေရဲ့ အခြေအနေဘယ်လိုရှိပါလဲ။ လူမှုရေး ၊ ပညာရေးနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ဘယ်လောက် ပါ၀င်ခွင့်ရနေကြပြီလဲ။ အမျိုးသမီးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ချမှတ်ရတွေမှာ သူတို့ရဲ့အသံတွေ ဘယ်လောက်ပါ၀င်ခွင့်ရနေပါပြီလဲ စတာတွေကို ယခုအင်တာဗျူးမှာ မြင်တွေ့ရမှာပါ။ ကန္တာရ၀တီတိုင်း(မ်)ရဲ့ သတင်းထောက်လည်းဖြစ် Myanmar Peace Monitorရဲ့ မြေပြင်သတင်းသမားလည်း ဖြစ်တဲ့ မော်ဦးမြာက ကယန်းအမျိုးသမီးအစည်းအရုံးရဲ့ တွဲဖက်အတွင်းရေးမှူး (၂) မူအင်နိုးဆင့်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ကယန်းအမျိုးသမီးအဖွဲ ့အစည်းအနေနဲ ့ငြိမ်းချမ်းရေးနဲ ့အမျိုးသမီးဆိုတဲ့ ခေါင်းစဉ်အောက်မှာလဲ အလုပ်လုပ်နေကြတာတွေ ့ရတော့ ဒီရည်ရွယ်ချက်လေး ပြောပြပေးပါ။

ဖြေ။ ။ ကျမတို ့ကယန်းဒေသမှာ စစ်ပွဲရဲ့အငွေ ့အသက်တွေ၊ စစ်ပွဲအရင်က ဖြစ်ခဲ့တဲ့ဟာတွေ ကျမတို့ ဒီမငြိမ်းချမ်းတဲ့ ဒဏ်တွေကို ခံစားနေရတယ်။ အဲ့ထဲမှာမှ ဒီအမျိုးသမီးဆိုရင် ပိုဆိုးတယ်။ ဆိုတော့ အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုပြီးတော့ သူတို ့က ပိုပြီးတော ့မငြိမ်းချမ်းတဲ့ ဒဏ်ကိုခံစားရတဲ့အတွက် ကျမတို ့က ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒီအမျိုးသမီးတွေရဲ့ အသံပါ၀င်ဖို ့လိုတယ်။ ဘာဖြစ်လို ့လဲဆို အမျိုးသမီးတွေကသူတို ့က ခံစားဓားစာခံအဖြစ်ခံရတဲ့အတွက် သူတို ့အသံက အရေးကြီးတယ်။ သူတို ့အသံပါ၀င်မှပဲ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုပြီးတော့ မြန်မြန်လေး ချောမွေ ့မယ်။ ဆိုတော့ ငြိမ်းချမ်းရေးရဲ့ အနှစ်သာရလဲပိုပြီးတော့ အဓိပ္ပာယ်ပြည့်စုံမယ်။ အဲ့လိုမျိုးရည်ရွယ်ချက်နဲ ့ကျမတို ့အဲ့ဒီလုပ်ငန်းစဉ် လုပ်တာ။

မေး။ ။ အခုက တိုက်ပွဲတွေ မဖြစ်တော့ပေမယ့် မငြိမ်းချမ်းသေးတဲ့ အငွေ ့အသက်တွေ ရှိသေးတယ်ဆိုတော့ ဒီအမျိုးသမီးတွေမှာ အခုက ဘာအခက်အခဲတွေ ကြုံတွေ ့နေရသေးလဲ၊ ဘာလိုအပ်ချက်တွေ ရှိနေလဲ။

ဖြေ။ ။ အဓိကကတော့ အမျိုးသမီးတွေမှာက ရိုးရာဓလေ့အရ ခွဲခြားဖိနှိပ်တဲ့ ဥစ္စာတွေ ရှိသေးတယ်။ ပြီးတော့မှ ဒီဆုံးဖြတ်ချက်ချတဲ့နေရာမှာ အမျိုးသမီးတွေက လုံး၀မပါဘူး ။ ဒီလူမှုရေး၊ တစ်ခြားဒီအလုပ်အကိုင်နဲ ့ပတ်သတ်တာတို ့ ပညာရေးနဲ ့ပတ်သတ်တာတို့ ကြည့်မယ်ဆိုရင် ကျမတို ့အမျိုးသမီးတွေက အမျိုးသားထက်စာရင် အများကြီးပိုပြီးတော့ ခွဲခြားဖိနှိပ်ခံရတယ်။ ဒါကြောင့်မလို့ ကျမတို ့ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာရော၊ ဒီနိုင်ငံရေးဖြစ်စဉ်မှာရော အမျိုးသမီးတွေရဲ ့အသံ၊ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ချက်၊ အမျိုးသမီးတွေရဲ ့အတွေးအခေါ်တွေ အများကြီး လိုအပ်တယ်။

မေး။ ။ အဲ့ဒါဆိုရင် အခုက ဒီအမျိုးသမီးတွေရဲ့အသံက မပါလာသေးဘူးလို ့ပြောချင်တာလား။ ဒီငြိမ်းချမ်းရေးစကား၀ိုင်းတွေမှာ အစိုးရတွေရော၊ လက်နက်ကိုင်အဖွဲ ့အစည်းတွေရော မပါသေးဘူးလို ့ ဆိုလိုချင်တာလား။ သူတို ့ကို ဘာတွေတောင်းဆိုချင်လဲ။

ဖြေ။ ။ ဒီထက်ပိုပြီးတော့ လက်တွေ ့ကျကျ ပါ၀င်ဖို ့ပြောတဲ့အခါမှာ ကျမတို ့စာတန်းလေး အမျိုးသမီး၃၀ရာခိုင်နှုန်း ပါ၀င်ရမယ်ဆိုတဲ့ဟာလေးနဲ ့မပြီးဘူး။ ဆိုတော့ ကျမတို ့အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါ၀င်လာအောင် ကျမတို ့ဘယ်လိုလုပ်မလဲ ၊ သူတို ့ကိုယ်တိုင် ဒီအမျိုးသားတွေကိုယ်တိုင်လည်း ၃၀ ရာခိုင်နှုန်းပါအောင်ဆို ဥပမာ – ရွေးကောက်ပွဲတစ်ခုမှာ အမျိုးသမီးမဖြစ်မနေ မဲထည့်ရမယ်ဆိုတဲ့ ဟာလိုမျိုးလုပ်မှပဲ အမျိုးသမီးတွေသည် တကယ် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါ၀င်မယ်။ ဥပမာ- ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အတွင်းရေးမှူး၊ ဥက္ကဌ စသဖြင့် ဆယ်အိမ်မှူးတို ့ရွေးချယ်တဲ့အချိန်မှာဆိုရင် အမျိုးသမီးက ဘယ်နယောက်ပါရမလဲဆိုတဲ့ သူတို ့ရဲ့ မူပေါ်လစီမှာ ပါ၀င်ပြီးတော့ သူတို ့ကိုယ်တိုင် အကောင်ထည်ဖော်ဖ့ိုလိုတယ်။

မေး။ ။ ပြည်နယ်အစိုးရကော လွတ်တော်တွေမှာရော အမျိုးသမီးတွေကို ပါ၀င်လှုပ်ဆောင်ပေးတာတို ့၊ ဒါမှမဟုတ်ရင် ဒီအမျိုးသမီးအခန်းဏ္႑အတွက် လုပ်ပေးနေတာတို့ တွေ ့နေရပြီးလား။

ဖြေ။ ။ သူတို ့က အမျိုးသမီးကို ခြိမ်းခြောက်တယ်၊ ပြီးတော့မှ အမျိုးသမီးကို ငြိမ်းစုစီနဲ ့အရေးယူမယ်လို့ ပြောတယ်။ ဆိုတော့ အမျိုးသမီးအရေးကိစ္စကို လုပ်တဲ့ အမျိုးသမီးအစုအဖွဲ့တောင်မှ သူတို ့က ပုဒ်မအမျိုးမျိုးတပ်ပြီးတော့ သူတို ့အရေးယူဖို ့အတွက် သူတို ့လုပ်တယ် ဆိုကတည်းက သူတို ့မှာ လုံး၀ စဉ်းစားထားချက်မရှိဘူး။ အမျိုးသမီးနဲ ့ပတ်သတ်ပြီးတော့ အကောင်အထည်ဖော်ပေးရမယ်ဆိုတဲ့ဟာ သူတို ့စဉ်းစားထားချက်လည်း မရှိဘူး။ သူတို့ စဉ်းလည်း မစဉ်းစားတတ်ဘူးလို ့ကျမမြင်တယ်။

မေး။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO)တွေဘက်ကို ကြည့်မယ်ဆိုရင်ကော အမျိုးသမီးအသံတွေ ပါလာပြီလား။

ဖြေ။ ။ မထိရောက်သေးဘူး။ ပြီးတော့ မလုံလောက်သေးဘူး။ ကျမတို့လည်း အများကြီးကြိုးစားပါတယ်။ ကျမတို ့သူတို ့နဲ ့တွေ့ရင် အမျိုးသမီးတွေပါ၀င်ဖို ့အတွက် ဒီအခုဆိုသူတို ့ရဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ ၃၀ရာခိုင်နှုန်း ပါ၀င်ဖို ့အတွက် ကိစ္စရပ်တွေ သူတို ့နဲ ့တွေ ့တိုင်း ကျမတို ့က ပြောတယ်။ သူတို ့ ကတော့ မူအရ လက်ခံပါတယ်။

မေး။ ။နိုင်ငံရေးပါတီဘက်မှာကော ကယန်းဒေသဘက်နဲ့ သက်ဆိုင်တဲ့ ပါတီတွေက အမျိုးသမီးတွေ ဦးစားပေးမယ့် အခြေအနေတွေရော ကြားမိသေးလား။

ဖြေ။ ။ ကယန်းအမျိုးသားပါတီ KNP မှာဆိုရင် ကိုယ်စားလှယ်လောင်း ဘယ်နေရာမှာ ပြိုင်မလဲဆိုတာတွေ၊ အမျိုးသမီးဘယ်နှစ်ယောက်ပြိုင်မလဲဆိုတာတော့ ကြားတယ်။ ဒါပေမယ့် အားနည်းတယ်။ အမျိုးသမီးပြိုင်ဖို့အတွက် နေရာတွေက သူတို ့ နိုင်ခြေသိပ်မရှိတဲ့ နေရာမျိုးမှာ အမျိုးသမီးကိုထားတယ်လို ့ကြားတယ်။ တကယ်တမ်း ၃၀ရာခိုင်နှုန်းလို ့ပြောလာတဲ့အချိန်မှာ အဲ့လိုမျိုးလုပ်လို ့မရဘူးလို ့ကျမမြင်တယ်။ တကယ့်ရွေးကောက်ပွဲမှာဆိုလည်း ဒီအမျိုးသမီးကို နိုင်ကို နိုင်နေရမှာ၊ နိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာမျိုး စဉ်းစားရတော့မယ်။

မေး။ ။ လက်ရှိလွှတ်တော်ကိုယ်စာလှယ်တွေနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ခိုင်းစေချင်လဲ။

ဖြေ။ ။ ဒေသဖွံဖြိုးရေးတွက်သော်လည်ကောင်း လုပ်သင့်လို့လုပ်လိုက်တဲ့လုပ်ရှားမှုတွေဆိုရင် သူတို့ရဲ့က ကန့်သတ်မှုတွေကို ဖြေလျှော့ပေးခိုင်းစေချင်တယ်။ ဘာလို့လဲဆိုတော့ ဥပမာ ကျမတို့ လုပ်နေတဲ့အလုပ်တွေက ဘာတွေလဲဆိုရင် နိုင်ငံရေးဖြစ်တယ်။ နိုင်ငံရေးဖြစ်တဲ့အတွက် ဒီနိုင်ငံ ဒီပြည်သူလူထုတွေကို အမြင်ဖွင့်ပေးတယ်။ ပြည်သူလူထုတွေ အသိမြင်များများရှိမှပဲ ဒီနိုင်ငံတော် တိုးတက်မယ်လို့ ကျမမြင်တယ် ဒီပြည်နယ်ဆိုလည်း အဲ့လိုပဲဒီပြည်နယ် တိုးတက်မယ်။

မော်ဦးမြာ – ကန္တာရ၀တီတိုင်း(မ်) တွေ့မေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here