ပလက်ဝမြို့နယ် ကျေးရွာအုပ်စု ၉၀ ကျော်တွင် လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်တော့ကြောင်း ရွေး/ကော် ထုတ်ပြန်

0
294

အောက်တိုဘာ ၂၈ရက်၊ ၂၀၂ဝပြည့်နှစ်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း (၉၄) အုပ်စုတွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန်အခြေအေနမရှိသဖြင့် ရွေးကောက်ပွဲများကျင်းပခြင်းပြုလုပ်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၂၇ ရက်နေ့ကထုတ်ပြန်လိုက်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်က “ကျနော့သုံးသပ်ချက်အရ ကတော့ နယ်မြေဒေသ အခြေအနေလုံခြုံမှုမရှိတဲ့အခါမှာ မဲရုံတွေကိုအများကြီးဖွင့်လိုက်လို့ရှိရှင် ပြည်သူလူထုပဲထိခိုက်မ ယ်လေ ပါတီတွေမထိခိုက်ဘူး ကိုယ်စားလှယ်တွေမထိခိုက်ဘူး ပြည်သူတွေကြားညှပ်ပြီးတော့ ဒုက္ခရောက်သွားနိုင်တယ်၊ ကျင်းပလို့မယ်နေရာက ပလက်ဝမြို့ပေါ်၊ ဆမီးမြို့ပေါ်နောက် ရှင်းလက်ဝအုပ်စုပေါ့၊ ဒါတော့ ကျနော်တို့ကျင်းပဖို့အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေစီမံေဆာင်ရွက်နေပြီ၊’’ ဟု ပြော သည်။

ပလက်ဝမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၁၀၂ အုပ်စုရှိသည့်အနက် မဲဆန္ဒနယ်အမှတ် (၁) တွင် ၄၅အုပ်စု၊ အမှတ်(၂) တွင် (၅၇) အုပ်စုရှိပြီး ပလက်ဝမြို့ပေါ်ရှိ ရပ်ကွက် (၄) ခု၊ ဆမီးမြို့ပေါ်ရှိ ရက်ကွက် (၃) ခုနှင့် ရှင်းလက်ဝကျေး ရွာအုပ်စုစသည့် (၈) နေရာတွင်သာ ရွေးကောက်ပွဲကျင်းပကြမည်ဖြစ်သည်။

ချင်းပြည်နယ်တွင် လူဦးရေနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအများဆုံးဖြစ်သည့် ပလက်ဝမြို့နယ်တွင် ယခုကဲ့သို့ ကျေးရွာအုပ်စု ပေါင်း ၉၄ အုပ်စုတွင် ရွေးကောက်ပွဲကျင်းပမည်ဟုတ်သည့်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅ သောင်းကျော်က မဲပေးခွင့်ဆုံးရှုံးသွားမည်ဖြစ်ပြီး လူဦးရေ တစ်သောင်းနီးပါးကသာ မဲပေးခွင့်ရရှိနိုင်မည်ဖြစ်သည်။

သို့သော်လည်းရွေးကောက်ပွဲ ကျင်းပခွင့်ရရှိသည့်နေရာများသည် မဲဆန္ဒနယ်မြေ (၂) နေရာစလုံးပါသည့်အတွက် ပလက်ဝမြို့နယ်ပြည်သူများအနေဖြင့် ကိုယ်စားလှယ်လောင်း ဆုံးရှုံးမည်မဟုတ်ကြောင်း ဦးလင်းကျော်ကဆက်ပြောသည်။

“ မဲဆန္ဒနယ် (၂) နယ်လုံးပါတဲ့ ရပ်ကွက်နဲ့ကျေးရွာအုပ်စုတွေဖြစ်တဲ့အတွက်ကြောင့် မဲဆန္ဒရှင်ပြည်သူတွေအတွက်ကတော့ ကိုယ်စားလှယ်လောင်း ၅ ယောက်လုံးရသွားမယ် လွှတ်တော် ၃ ရပ်လုံးအတွက်ပေါ့ ပြီးရင်အခက်အခဲထိခိုက်ဒဏ်ရာမရှိပဲနဲ့ ရွေးကောက်ပွဲကို ပြီးသွားနိုင်တယ်’’ ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးကပြောသည်။

ပလက်ဝမြို့နယ်၏ ကျေးရွာအုပ်စုအများစုတွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်သည့်အပေါ်များစွာအံ့သြတုန်လှုပ်မိကြောင်း မဲဆန္ဒရှင်ပြည်သူများ အတွက် များစွာစိတ်မကောင်းဖြစ်ရသည်ဟု ခူမီးချင်းမျိူးနွယ်စုများရေးရာေပါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC) မှညှိနှိုင်းရေးမှူး ဆလိုင်းပိုင်နန်းကပြောသည်။

“အစကတော့ ရွေးကောက်ပွဲလုပ်နိုင်မယ်ဆိုပြီး ဝမ်းသာကြတာပေါ့ ဒါပေမယ့် ခုလိုတအားနီးကပ်တဲ့အချိန်မျိူးမှာ အပြောင်း အလဲတွေရှိလာတော့ စိတ်မကောင်းဖြစ်ရတယ် ပြည်သူလူထုတစ်ယောက်ရဲ့အခွင့်အေရးချိူးဖောက်ခံရ တယ်လို့တောင်မှေ ပြာရမလားမသိဘူး တခြားလူတွေနဲ့တန်းတူမဟုတ်တော့မယ့်အခြေအနေတရပ်ရောက်သွားတာပေါ့’’ ဟု ဆလိုင်းပိုင်နန်းကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်သော ကျေးရွာအုပ်စု (၉၄) အနက် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လုံခြုံသည့် ကျေးရွာအုပ်စုအနည်းဆုံး (၁၂) အုပ်စုပါဝင်ပြီး ယင်းကျေးရွာအုပ်စု (၁၂) အုပ်စုတွင် ရွေးကောက်ပွဲကျင်းပခွင့်ပြန်ပြုရန် KACC ကတောင်းဆိုထားသည်။

“ ကျနော်တို့ပြန်ပြီးမှတောင်းဆိုတာက ၁၂ အုပ်စုပေါ့၊ အဲဒီ (၁၂) အုပ်စုက မြို့နဲ့လည်းနီးတယ် သွားရေးလာရေးအဆင်ပြေ တယ်၊ လုံခြုံရေးအရလည်းကောင်းတယ်၊ ဥပမာပြောရရင် ဆမီးမြို့အနားမှာရှိတဲ့ ကံဘောင်အုပ်စုဆိုလို့ရှိရင်တော့ ဆမီးကနေ ၅ မိုင်လောက်ပဲဝေးတယ်၊ အဲဒီနားမှာ စစ်ပွဲလည်းတခါမှမဖြစ်ဖူးဘူး၊ လုံခြံုမှုရှိတယ်ပေါ့ အဲလိုမျိူးနေရာတွေကို တော့လုပ်ပေးနိုင်မယ်ဆိုရင်အရမ်းေကာင်းမယ်’’ ဟု ဆလိုင်းပိန်နန်းကပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာ ၁၆ရက် ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉မြို့နယ်နှင့် ရှမ်းပြည်နယ်ရှိ မြို့နယ် ၆မြို့နယ်တွင် လုံခြုံရေးအခြေအနေအရ တစ်မြို့နယ်လုံးရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)အကြား တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်မပါဝင်သည့်အတွက် ဝေဖန်ခံခဲ့ရသည်။

ပလက်ဝမြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပမည်အခြေအနေနှင့်ပတ်သက်၍ တစ်မြို့နယ်လုံး၏ ၇၀ ရာခိုင်နှုန်းကျော်တွင် ရွေးကောက်ပွဲကျင်းပနိုင်သည့်အေနအထားတွင်ရှိသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့က တင်ပြခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကျေးရွာအုပ်စု (၉၄) နေရာတွင် ကျင်းပမည်မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လွှတ်တော် မဲဆန္ဒနယ်မြေ (၅) ခုရှိသည့် ပလက်ဝမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၆) ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ခိုနူမ်းသုန် မှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here