ယခုလအတွင်း ဖာပွန်ဒေသ စစ်ပြေးရှောင် ပြည်သူ ၃၀၀ ကျော်အထိ ရှိလာ

0
255

ကရင်ပြည်နယ် KNU-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေမူတရော်(ဖာပွန်)ခရိုင် လူသောမြို့နယ် ရှိကျေးရွာများအတွင်းမြန်မာ့တပ်မတော်မှလက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုများလုပ်ဆောင်သည့်အတွက် ဒေသခံလူထု ၃၀၀ကျော်မှာထွက်ပြေးတိမ်းရှောင်နေရသည်ဟုနယ်မြေခံတာဝန်ရှိသူများထံမှ သိရသည်။

ယခုဖေဖော်ဝါရီလ၅ ရက်မှ ၇ရက်နေ့အထိလူသောမြို့နယ် တကူဒေးကျေးရွာအတွင်းတပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့်နေ့စဉ်ပစ်ခတ်မှုများရှိနေသည့်အတွက်ရွာသားများထိုသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း KNU မူတရော်ခရိုင်ဥက္ကဋ္ဌ ပဒိုစောထဲဒယ်ကယခုလိုပြောဆိုသည်။

“သူတို့ရွာကလမ်းဘေးကျတယ်။ လမ်းမှာလက်နက်ကြီးပစ်ကျတော့ ရွာထဲရောက်တယ်။ တချို့ရက်တွေကနေ့တိုင်းပစ်တာရှိတယ်။ ရက်ခြားပြီးပစ်တာလည်းရှိတော့ ရွာသားတွေကမနေရဲဘူး။ တချို့က နီးစပ်ရွာမှာထွက်ပြေးတိမ်းရှောင်တယ်။ တချို့ကတောထဲမှာသွားပြီးတိမ်းရှောင်နေတယ်”ဟုပဒိုစောထဲဒယ်ကကေအိုင်စီသို့ပြောသည်။

အဆိုပါဖြစ်စဉ်များကြောင့် အိမ်ထောင်စု ၄၅စုမှ လူဦးရေ ၃၃၂ဦးထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိKNU မူတရော် ခရိုင်တာ၀န်ရှိသူများ၏ ကောက်ယူထားသည့် စာရင်းအရသိရသည်။

ထို့အပြင် ပစ်ခတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများအထဲတွင် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ် ဦးရေအများဆုံးပါဝင်ပြီးကျန်းမာရေးချို့တဲ့သူများလည်း ပါ၀င်သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်နေရကြောင်းလည်းKNUကဆိုသည်။

KNU ဘက်မှ တပ်မတော် စခန်းများကိုမိုင်းထောင်ခြင်း၊ လာရောက် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့၍ တပ်မတော်ကလက်နက်ကြီးတချို့ပစ်ခတ်ပြီး ပြန်တုန့်ပြန်ရခြင်းဖြစ်ကြောင်း၊ ကရင်ရွာများဘက်ကိုကျရောက်ခြင်းမှာမဟုတ်မမှန်ကြောင်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးချုပ် ဇော်မင်းထွန်းကဖေဖော်ဝါရီလ၁၁ရက်နေ့တွင်ဧရာဝတီသတင်းဌာနသို့ပြောဆိုခဲ့သည်။

တပ်မတော်ဘက်မှလက်နက်ကြီး၊ လက်နက်ငယ်များနှင့်ပစ်ခတ်ခဲ့ခြင်းနှင့်ပတ်သက်၍ KNLA တပ်မဟာ၅ဌာနချုပ်မှ ဖေဖော်ဝါရီလ၉ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထံတစ်ကြိမ်၊ ဖော်ဖော်ဝါရီလ ၁၅ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးပစ်ခတ်တိုက်ခိုက်မှှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC ပဲခူး) ထံတွင်တစ်ကြိမ် ကန့်ကွက်စာများပေးပို့ထားကြောင်းလည်းသိရသည်။

စအိုင်ဆူး(KIC) – ရေးသည် ။

LEAVE A REPLY

Please enter your comment!
Please enter your name here