ကရင်နီအခြေစိုက် လယ်ယာမြေအရေးဆောင်ရွက်သည့် KEAN အဖွဲ့ တာ၀န်ခံနှင့် တွေ့ဆုံခြင်း

0
187

“တောင်သူတစ်ယောက်တည်းကို ၆ မှုဖြစ်အောင် တရားစွဲတယ်၊ တခါမှမကြားဘူးတဲ့ဟာတွေ၊ မဖြစ်သင့်တဲ့ဟာတွေ၊ ဒါပေမယ့် ဖြစ်နေတယ်” စောအယ်စေး (တာ၀န်ခံ-KEAN)

လက်ရှိအစိုးရလက်ထက်မှာ လယ်ယာမြေဥပဒေနဲ ့ပတ်သက်ပြီး ဖက်ဒရယ်စနစ်ကိုသွားဖို ့ မဖြစ်နိုင်တဲ့မူဝါဒတွေဖြစ်နေတဲ့အတွက် စစ်တပ်နဲ ့ပတ်သက်ဆက်နွယ်နေတဲ့မြေသိမ်းကိစ္စတွေကို လက်ရှိအစိုးရအနေနဲ ့မကိုင််တွယ်နိုင်သေးဘူးလို ့ လယ်ယာမြေအရေးဆောင်ရွက်နေတဲ့ တစ်ဖွဲ ့ဖြစ်တဲ့ Kayah Earthright Action Network က တာဝန်ခံ စောအယ်စေးကပြောဆိုလိုက်ပါတယ်။ Kayah Earthrights Action Network – KEAN အဖွဲ့ဟာဆိုရင် ကယားပြည်နယ်အခြေစိုက်အဖွဲ ့ဖြစ်ပြီး ကယား(ကရင်နီ )ပြည်နယ်ရှိ ဌာနေတိုင်းရင်းသာတွေရဲ့ မြေနှင့်အရင်းအမြစ်ဆိုင်ရာအခွင့်အရေးကာကွယ်စောင့်ရှောက်တာတွေ၊ လူ့အခွင့်အရေးနှင့်သဘာ၀ပတ်၀န်းကျင်ဆိုင်ရာအခွင့်အရေး ချိုးဖောက်တာတွေ စောင့်ကြည့်အစီအရင်ခံတာတွေ ၊ မြေ၊ သစ်တောနှင့် ပိုက်နက်နယ်နိမိတ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့တွေ၊ ပြည်နယ် ဖက်ဒရယ်မြေအုပ်ချုပ်စီမံမှု ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

မေး။ ။ Kayah Earth rights Action Network ရဲ့ အဓိကလှုပ်ရှားမှုတွေက ဘာတွေဖြစ်မလဲ။

ဖြေ။ ။ ပထမတစ်ချက်ကတော့ ဒေသခံတွေ မြေယာဥပဒေနဲ ့ပတ်သက်ပြီး ဒေသခံတွေသိအောင် အမြင်ဖွင့်တာ ရှိတယ်။ အဲ့လိုလုပ်တာက ဥပဒေကို လိုက်နာသုံးစွဲသွားဖို ့မဟုတ်ဘူး။ ဥပဒေဆိုတာ ဘာတွေဘယ်လိုရှိတယ်ဆိုတာ သူတို ့သိအောင်သွားတာ ရှိတယ်။ နောက်တစ်ခုကတော့ ဓလေ့ထုံးတမ်းမြေယာစီမံခန် ့ခွဲမှုစနစ်အားကောင်းအောင် ကျေးရွာအဆင့်၊ အုပ်စုအဆင့်တွေမှာ လုပ်ဆောင်နေတယ်ဆိုတဲ့ အဆင့်နှစ်ခုနဲ ့အဓိကသွားတယ်၊ တစ်ပြိုင်နက်ထဲမှာဖြစ်နေတဲ့ မြေယာသိမ်းမှုကိစ္စတွေကို အခြားသောအဖွဲ ့တွေနဲ ့ပူးပေါင်းပြီး ဝန်းရံတဲ့ကိစ္စတွေရှိပါတယ်။

မေး။ ။ ့ဖက်ဒရယ်သာဖြစ်လာမယ်ဆိုရင် တိုင်းရင်းသားဒေသခံတွေရဲ့ ရိုးရာဓလေ့အရ မြေယာပိုင်ဆိုင်မှုတွေ အားကောင်းဖို ့ ဥပဒေရေးဆွဲတာတွေ၊ စာအုပ်ထုတ်တာတွေ လုပ်နေတဲ့ အပေါ် လက်ရှိအစိုးရအနေနဲ ့ ဘယ်လောက်အထိ အသိအမှတ်ပြုလဲ။

ဖြေ။ ။ သူတို ့အသိအမှတ်ပြုတာ တစ်ခုမှမရှိဘူး၊ ဘာဖြစ်လို ့လဲဆိုတော့ သူတို ့ရဲ ့စိတ်ဝင်စားမှု၊ သူတို့ရဲ့ အကျိုးစီးပွားနဲ ့ဆန် ့ကျင်နေတာဖြစ်တဲ့အတွက် ဒီအပေါ်မှာ အသိအမှတ်ပြုမှု အရမ်းအားနည်းပါတယ်။

မေး။ ။ ဆရာတို ့အနေနဲ ့ဖက်ဒရယ်သာဖြစ်လာမယ်ဆိုရင် ရိုးရာဓလေ့ကိုအခြေခံပြီးအသုံးပြုမဲ့ မြေယာမူဝါဒကိုရေးဆွဲထားတယ်ဆိုတော့ အဓိကအားဖြင့် ဘယ်လိုဟာမျိုးကို အခြေခံပြီး ရေးတာလဲ။

ဖြေ။ ။ ကရင်နီ (ကယား) အတိုင်းအတာအရတော့ လူထုကနေအခြေပြုပြီးတော့ အရပ်ဘက်အဖွဲ ့အစည်းနဲ ့တွဲပြီး ကရင်နီမြေယာမူဝါဒရေးဆွဲထားတာ ရှိတယ်။ အဲ့ဒီအပေါ်မှာ သုံးသပ်တာတွေ မွမ်းမံတာတွေ စမ်းသပ်ကျင့်သုံးတာတွေ လုပ်နေတာရှိတယ်၊ အဓိက အခြေခံဗျူဟာက ဒီစီမံခန် ့ခွဲမှုတွေ ပိုင်ဆိုင်မှုတွေအားလုံးဟာ အောက်ခြေကနေ လာတာဖြစ်တယ်၊ ဆုံးဖြတ်ချက်တွေအားလုံးဟာ အောက်ခြေလူထုကနေ တက်လာရမှာ ဖြစ်တယ်၊ နောက်တစ်ခုက ဖက်ဒရယ်ဖြစ်လာရင် ဒါကို လမ်းညွန်ကျင့်သုံးနို်င်ဖို ့ ဘယ်အစိုးရပဲ တက်တက် လူထုရဲ ့အသံ၊ လူထုရဲ ့သဘောထားတွေပါတဲ့ ဒီမူဝါဒကို ကျင့်သုံးနိုင်ဖို ့ဆိုပြီး ဒါကို အခြေခံ ပြင်ဆင်ထားတယ်။

မေး။ ။ မြေအသုံးချမှုမူဝါဒရေးဆွဲနေတဲ့ ကိစ္စနဲ ့ပတ်သက်ပြီး လက်ရှိအစိုးရနဲ ့ လက်တွဲဆောင်ရွက်တာမျိုးရှိလား။

ဖြေ။ ။ မရှိပါဘူး၊ ဒေသခံရယ်၊ အရပ်ဘက်အဖွဲ ့အစည်းရယ် ဒေသခံနိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာပါ၊ ပြီးတော့ လက်နက်ကိုင်အဖွဲ ့အစည်းခေါင်းဆောင်တွေနဲ့လည်း တွေ ့ဆုံ အကြံဉာဏ်တောင်းတာမျိုး ရှိပါတယ်။ ဒီမြေယာမူဝါဒနဲ ့ပတ်သက်ပြီး လက်ရှိအစိုးရကို တင်ပြပေမယ့် သူတို ့က စိတ်မဝင်စားဘူး၊ ဗဟိုမြေယာမူဝါဒရှိပြီးသား၊ ဒါကို လက်မခံနိုင်ဘူးဆိုပြီး ပြောပါတယ်။

မေး။ ။ ဒီအစိုးရလက်ထက်မှာ တောင်သူအရေးနဲ ့ပတ်သက်ပြီး လယ်ယာမြေဥပဒေကို ပြင်ဆင် ဖြည့်စွက်တာတွေ ဘယ်အတိုင်းအတာအထိ လုပ်နိုင်တယ်လို ့မြင်လဲ။

ဖြေ။ ။ ဥပဒေအဟောင်းကို သူတို ့ပြန်ပြင်တာ လုပ်တယ်၊ မြေယာဥပဒေနဲ့ ပတ်သက်ပြီး အသစ်ထပ်ထွက်လာတာတွေ ရှိတယ်၊ ဥပမာ-နယ်နမိတ်ပိုင်းခြားသတ်မှတ်ရေးဥပဒေဆိုတာ တောင်သူနဲ ့ဆက်စပ်တာတွေပဲ။ ဒေသခံတိုင်းရင်းသား၊ ဌာနေတိုင်းရင်းသားနဲ ့သက်ဆိုင်တာတွေ ဖြစ်တယ်။ နောက်တစ်ခုကတော့ မြေတိုင်းဥပဒေမူကြမ်းလည်း ထပ်ထွက်လာတယ်၊ ဒါဟာ အရမ်းဆိုးရွားတဲ့ဟာဖြစ်တယ်။ ဘာဖြစ်လဲဆိုတော့ ဒေသခံတွေ ဘာမှလုပ်လို ့မရအောင်သွားတဲ့ ဥပဒေတစ်ခုဖြစ်တယ်၊ ဖက်ဒရယ်မရောက်ခင် အားလုံးကိုထိန်းချုပ်နိုင်အောင် စနစ်တကျစီမံထားတဲ့ အစီအမံလို ့မြင်တယ်။

မေး။ ။ ပိုပြီးဆိုးရွားလာတယ်ဆိုတဲ့အခြေအနေဆိုတာ ဘာတွေကို ပြောတာလဲ။

ဖြေ။ ။ ကျနော်တို ့မှာ သက်သေသာဓကတွေ အများကြီးရှိတယ်၊ ဥပမာ-လက်ရှိ အမျိုးသား မြေယာအသုံးချမှုမူဝါဒ ရှိတယ်၊ ဒါပေမယ့် နောက်ဆက်တွဲထွက်လာမဲ့ ဥပဒေကို အကောင်အထည်ဖော်မှုမရှိသေးဘဲနဲ ့ လက်ရှိတည်ဆဲဥပဒေကို တစ်ခုပြီးတစ်ခု လိုက်ပြင်နေတယ်၊ ဒါတွေက တကယ်တော့ လွဲနေတဲ့ Process တွေပဲ ဖြစ်တယ်။

မေး။ ။ မြေကိစ္စနဲ ့ပတ်သက်ပြီး ကယားပြည်နယ်မှာ တောင်သူ ၄၁ ယောက်တရားစွဲခံနေရပါတယ်။ အဲ့ဒီအပေါ်မှာရော ဘာများပြောချင်လဲ။

မေး။ ။ ဒီကိစ္စမှာတော့ အဓိက ပါဝင်ပတ်သက်သူက အရမ်းအရေးကြီးပါတယ်၊ ဒီဒေါဆိုရှေးရော၊ ဒေါမူကလားရော၊ ဒီကိစ္စတွေမှာ ပါဝင်ပတ်သက်သူက စစ်တပ်ဖြစ်တယ်၊ စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှုက အရမ်းမြင့်တယ်၊ သူတို ့သဘောမတူရင် လက်ရှိဥပဒေအရ ဘာမှလုပ်လို ့မရဘူး၊ ဥပမာ မြေစသိမ်းကတည်းက ပုံစံမှားနေတယ်၊ ဥပဒေနဲ ့မညီဘူး။ အခုကိစ္စမှာလည်း တောင်သူတစ်ယောက်တည်းကို ၆ မှုဖြစ်အောင် တရားစွဲတယ်၊ အဲ့တာတွေက တခါမှမကြားဘူးတဲ့ဟာတွေ၊ မဖြစ်သင့်တဲ့ဟာတွေ၊ ဒါပေမယ့် ဖြစ်နေတယ်၊ ဒီအပေါ်မှာ အစိုးရအနေနဲ ့ဘာမှလုပ်လို ့မရဘူး၊ နိုင်ငံတော်အတိုင်ပင်ခံလာတဲ့အချိန်မှာ ကရင်နီအဖွဲ ့တွေ သွားတွေ ့တယ်၊ ဒီအပေါ်မှာ ဦးစားပေးစဉ်းစားပေးမယ်လို ့ပြောတယ်၊ ဒါပေမဲ့ အခုထိဘာမှထူးမလာဘူး။

မေး။ ။ လယ်ယာမြေအရေး၊ တောင်သူအရေးနဲ ့ပတ်သက်ပြီး တောင်သူတွေဘက်က မြေယာပိုင်ဆိုင်မှုနဲ ့ ပါတ်သက်ပြီး အာမခံချက်ရှိအောင် ဘယ်လိုလမ်းကြောင်းမျိုးနဲ ့ဆောင်ရွက်ရင် အကောင်းဆုံးဖြစ်မယ်လို ့ မြင်လဲ။

ဖြေ။ ။ ပထမတစ်ချက်က သိမ်းဆည်းထားတဲ့မြေတွေနဲ ့ပတ်သက်ပြီး စနစ်တကျပြန်ကိုင်တွယ်ဖို ့လိုမယ်၊ နောက်တစ်ခုက ရှိပြီးသားဥပဒေတွေကို အများကြီးပြန်ပြီးဖျက်ရမှာ ရှိတယ်၊ ဘာဖြစ်လဲဆိုတော့ အခုမြေသိမ်းကိစ္စတွေက ဒီဥပဒေတွေကို နင်းပြီးလာတဲ့ဟာတွေပဲ ၊ နောက်တစ်ခုကျတော့ အနာဂါတ်မှာ ဖက်ဒရယ်ဖြစ်လာရင် ဒီထက်ကောင်းမွန်တဲ့ မြေယာဥပဒေတစ်ခုရှိဖို ့လိုမယ်။

မေး။ ။ အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မော်ဦးမြာ(ကန္တာရ၀တီတိုင်းမ်)-တွေ့မေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here