ဖက်ဒရယ်စနစ်ကို သူတို့ ဘယ်လိုနားလည်ထားကြသလဲ

0
334

၁၆ မတ် ၂၀၂၀
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ စစ်မှန်သည့် ဒီမိုကရေစီစနစ်ရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် လက်နက်စွဲကိုင်ကာ တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားတော် လှန်ရေး အင်အားစုများစွာ ရှိနေကြပြီး မြို့ပေါ်နိုင်ငံရေးအရ လှုပ်ရှားတောင်းဆိုနေသူများလည်း အများ အပြားရှိနေသည်။ ဖက်ဒရယ်စနစ်နှင့် ပတ်သက်၍ ကချင်ပြည်နယ်ထဲက နိုင်ငံရေးပါတီအချို့ က ခေါင်း ဆောင်များ၊ မြို့ပေါ်နိုင်ငံရေး လှုပ်ရှားနေသူများ၊ လူငယ်များနဲ့ အရပ်ဘက်အဖွဲ့အစည်းအချို့ က တာဝန်ရှိသူ များက သူတို့ ဘယ်လိုခံယူနားလည်ထားကြပါသလဲဆိုတာကို အခုလို မေးမြန်းဖြစ်ခဲ့ပါသည်။

 


ဦးရွှေမင်း – လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ

ဖက်ဒရယ်ဆိုတာ တန်းတူရေးကို သွားရမယ်။ ပြည်မ တောင်တန်း မခွဲခြားဘူး။ ပြည်နယ် တိုင်းဒေသကြီး မခွဲခြားဘူး။ တန်းတူ သွားရမယ်။ လိုအပ်တဲ့ဒေသကို ပိုပြီးဖြည့်ဆည်းပေးသလို ပိုနေတဲ့ အင်အားရှိတဲ့လူက အင်အားနည်းနေတဲ့လူတွေကို ဖြည့်ဆည်းပေးမယ်။ တန်းတူရေးဆိုတာတောင် သာတူညီမျှမှုနဲ့ သွားရမယ်။ ဥပမာ – တချို့က ပြည်နယ် ငယ်တယ်။ ငယ်ရင် ငယ်သလို သူ့ကို sharing ပေါ့နော် အဲ့လိုလေး လုပ်ပေးရမယ်။ ပြည်နယ် ကြီးရင်လည်း ကြီးသလိုပေးရမယ်။ သာတူညီမျှပြောတဲ့နေရာမှာ ကျနော်တို့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်ကို ရှမ်းပြည်နယ် တစ်ကျပ်၊ ကယားပြည်နယ် တစ်ကျပ်လည်း မဖြစ်သင့်ဘူး။ ဘာကြောင့်လဲ ကယားပြည်နယ်က ငယ်တယ်။ ရှမ်းပြည်နယ်က အများကြီးကျယ်ပြန့် တယ်။ အဲ့တော့ ဒါကို အစိုးရက ဗဟိုကနေ သာတူညီမျှဖြစ်နိုင်ဖို့အတွက် ဒါလုပ်ပေးသင့်တယ်။
နောက်တစ်ခုက ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲ။ နောက် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ဆိုတဲ့နေရာမှာလည်း ရပ်ဝေးက လာပြီးတော့ ကိုယ့်ဒေသခံများ မဟုတ်တဲ့ ပုဂ္ဂိုလ်များလာပြီးတော့ အုပ် ချုပ်ရေးမှာ ပါနေတာကို ဒါတွေ မဖြစ်စေပဲနဲ့ ဒေသခံကနေ ရွေးချယ်တင်မြှောက်တဲ့ နည်းစနစ်ဖြစ်တယ်။ အဓိကတော့ ကိုယ်ပြည်နယ်မှာကိုယ် ကိုယ်ပို်င်အုပ်ချုပ်ခွင့်ရရမယ်။ ကိုယ့်ပြည်နယ်ကိုယ် ဖွဲ့စည်းပုံတွေ ရေး ဆွဲနိုင်ဖို့အတွက် ဒါတွေကို လမ်းဖွင့်ပေးရမယ်လို့ ကျနော် မြင်ပါတယ်။

လယ်မယ်တား (လီဆူလူငယ်)
ဖက်ဒရယ်ဆိုတာကတော့ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတ့ဲ နိုင်ငံတစ်ခုမှာပေါ့နော် ပြည်ထောင် စုတစ်ခုမှာ တိုင်းရင်းသား အားလုံးကို တန်းတူအခွင့်အရေးပေးမယ့် ဒီကိုယ့်ပို်င် အုပ်ချုပ်ခွင့်ပေါ့နော် ပြီးရင် ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ့ ဒီလိုမျိုးနဲ့ ပြည့်စုံတဲ့ စနစ်တစ်ခုလို့ အဲ့လိုနားလည်တယ်ပေါ့နော်။ ကိုယ်ပို်င်လုပ်ပိုင် ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ဟာပေါ့နော်။

စိုင်းစွမ်မိန်း – ရှမ်းလူငယ်
နားလည်ထားတဲ့ ဖက်ဒရယ်စနစ်ဆိုတာက ကျနော်တို့ တန်းတူညီမျှမှုပေါ့၊ တန်းတူညီမျှမှုဆိုတာက ကျနော်တို့ တိုင်းရင်းသားမှာပဲဖြစ်ဖြစ်၊ ပြည်နယ်မှာပဲဖြစ်ဖြစ် တန်းတူညီမျှ အုပ်ချုပ်ခွင့် အာဏာရှိရမယ်လို့ ယူဆတယ်။

လဘန်နူးနူးအောင် – ကချင် လူငယ်
ကျမအနေနဲ့ကတော့ ဖက်ဒရယ်ဆိုတာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ့်ရဲ့ ပြည်နယ်မှာကိုယ် စီးပွားရေးတိုးတက်မှု၊ ပညာရေးတိုးတက်မှု ဒီလမ်း ကြောင်းတွေရှိတဲ့ဟာလို့ ကျမမြင်တယ်။ ဖက်ဒရယ်သွားမယ်ဆိုရင် မတူကွဲပြားတဲ့ဟာကို အုပ်ချုပ်ခွင့်ရဖို့ အတွက်ဆိုတော့ ဒီအရာတွေမှာ တခါတလေကျရင် ခက်ခဲမှုတွေ အရမ်းများတယ်။ ကျမတို့ အချင်းချင်းညီညွတ်ပြီးတော့ ဖက်ဒရယ်စနစ်မှာ လိုချင်တဲ့ ဒီပင်လုံကတိလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် သွားနိုင်မယ်ဆိုရင် အခက်အခဲ လူမျိုးချင်းကြားညီညွတ်ရင် အဆင်ပြေမယ်လို့ ထင်ပါတယ်။

ဦးကွမ်ဂေါင်အောင်ခမ်း – ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဒု-ဥက္ကဋ္ဌ
ဖက်ဒရယ်ဆိုတာက ဒီအပြန်အလှန် ထိန်းကျောင်းပြီးမှ အပြန်အလှန်ညှိနှိုင်းပြီးမှ ဆောင်ရွက်ခြင်းဖြစ်တယ်၊ ဒါပြီးမှ ဗဟိုနဲ့ ပြည်နယ်ကြားမှာ အာဏာခွဲဝေပြီးမှ အုပ်ချုပ်တဲ့စနစ်လို့ ကျနော်က မြင်ပါတယ်။

ကိုစဂျီ – ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG)
စီးပွားရေးလိုဆိုရင် ဒါက ရှယ်ယာအတူတူထည့်တာပေါ့ဗျာ။ အားလုံးက ရှယ်ယာပို်င်ရှင်တွေပါပဲ။ အရင်က Union of Burma ဖြစ်လာဖို့အတွက် ကချင်ရယ်၊ ရှမ်းရယ်၊ ချင်းရယ် အဓိကလုပ်ပြီးမှ ရှယ်ယာထည့်ကြ တာ။ နိုင်ငံရေးရှယ်ယာပဲ ဒါကတော့။ အတူတကွ ဝိုင်းဝန်းဖြေရှင်းစီမံခန့်ခွဲရအောင်ဆိုတဲ့ဟာ ဒါအေးအတူပူ အမျှပေါ့နော်။ ကချင်ပြည်နယ်ကို ကချင်အစိုးရက လွဲပြီးမှ ဗမာတွေ ဝင်ရောက်စွက်ဖက်ခွင့်မရှိဆိုတဲ့ ဗိုလ် ချုပ်အောင်ဆန်း ပေးခဲ့တဲ့ ကတိတွေရှိတာပေါ့နော်။ ဒါကြောင့်မို့ ဖက်ဒရယ်ဆိုတာ စီးပွားရေးလိုဆိုရင် အစု ရှယ်ယာတွေပဲ အားဝိုင်းဝန်းတည်ဆောက် ရှယ်ယာ ပိုင်ရှင်တွေပဲ ဖြစ်တယ်။ မြန်နိုင်ငံမှာ ဖြစ်နေတဲ့ဟာ ရှယ် ယာများလာလို့ရှိရင် လူမျိုးတစ်မျိုးထဲပဲ မောင်ပိုင်စီးပြီးမှ ကြိုက်သလို သူ့ဆီပဲ ပြန်လည်ခွဲဝေနေတဲ့ပြဿနာ ပေါ့နော်။ ဒါကြောင့် ဖက်ဒရယ်ဆိုတာ ရှယ်ယာဟိုဒါပါပဲဆိုတာ ပြောချင်တာပါ။

အားမီ(NMG)-စုစည်းပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here