ကိုရိုနာဗိုင်းရပ် သတင်းအချက်အလက် အမြန်ရရှိနိုင်ရေးအတွက် ချင်းနှင့် ရခိုင်‌ဒသေများ အင်တာနက်ပြန်ဖွင့်ပေးရန် CSOနှင့် နိုင်ငံရေးပါတီများ တောင်းဆို

၂၆ မတ် ၂၀၂၀

ကိုရိုနာဗိုင်းရပ်စ်(COVID-19)ေရာဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သတင်းအချက်အလက်များ မြန်မြန် ဆန်ဆန်သိရှိရန်အရေးကြီးသောကြောင့် ရခိုင်နှင့်ချင်းပြည်နယ် က မြို့နယ် (၉)မြို့နယ်ကို အင်တာ နက်ပြန် လည်ပြန်ဖွင့်ပေးရန်လိုအပ်သည်ဟု ရခိုင်လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့(AHCT)က တောင်းဆိုလိုက်သည်။

အင်တာနက်ဖြတ်တောက်ခံထားရသော မြို့နယ်များတွင် စစ်ဘေးရှောင် အများစုနေထိုင်နေကြသည်။ အစု အဝေးဖြင့် နေထိုင်နေကြရသော စစ်ဘေးရှောင်စခန်းများတွင် ကူးစက်ခံရပါ ထိန်းမနိုင်သိမ်းမရအနေ အထားဖြစ်သွားပြီး ဒေသတစ်ခုလုံးကို ကျပ်ဆိုးကျရောက်သွားနိုင်သည်ဟု ရခိုင်လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(AHCT)က မတ်လ ၂၃ ရက်တွင် သတိပေးခဲ့သည်။

ထို့ကြောင့် ရောဂါအန္တရာယ်နှင့်ပတ်သက်ပြီး ဆောင်ရန်၊ရှောင်ရန်များကို သိရှိရန်အတွက် အင်တာနက် အမြန်ဆုံးဖွင့်လှစ်ပေးရန် လိုအပ်သည်ဟု AHCT ကဆိုသည်။

“စစ်ဘေးရှောင်စခန်းတွေမှာက ဒီရောဂါနဲ့ပတ်သက်ပြီး နည်းနည်းပါးပါး ကြားဖူးတဲ့အဆင့်ပဲရှိတယ်။ သူတို့အနေနဲ့ ဘာမှန်းတောင်မသိသေးဘူး။ ဒီရောဂါရဲ့သဘာဝ၊ ကူးစက်ပုံကူးစက်နည်းတွေကို သူတို့ဘာမှ မသိကြဘူး။ လောလောစဉ်အချိန်ထိ အစိုးရမှာ ဒါနဲ့ပတ်သက်ပြီးတော့ ဘာတွေစဉ်းစားနေလဲ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့ပြောချင်တာ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးဖြစ်နေကြတာ။ ဒါနဲ့ပတ်သက်ပြီး ဒီလိုအခြေ နေမျိုးမှာ ဘာအကြောင်းပြချက်နဲ့ပတ်သက်ပြီးေတာ့ အင်တာနက်ကို ပိတ်ထားဖို့မသင့်ဘူး”ဟု AHCT အဖွဲ့ ဝင် ကိုဇော်ဇော်ထွန်းက ပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက်ပြန်ကြားရေးဝန်ကြီးတာဝန်ယူခဲ့သည့် ဦးရဲထွဋ်ကလည်း ဗိုင်းရပ်စ်ကာကွယ်၊ ထိန်းချုပ်ရေး ဆိုင်ရာ အသိပညာပေးမှုများ၊လိုက်နာဆောင်ရွက်ရမည့်အချက်များကို ပြည်သူများအား လုံးသိသင့်သည်ဆို လျှင် ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်က အင်တာနက်ဖြတ် တောက်ခံထားရ သည့်မြို့နယ်များကို အင်တာ နက်ပြန်ဖွင့်ပေးသင့်ပြီဟု ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။

အလာတူ ချင်းပြည်နယ်အပါအဝင် ရခိုင်ပြည်နယ်မြို့နယ်များတွင် အင်တာနက်လိုင်းများဖြတ်တောက်ခံထားရသော ကြောင့် COVID-19 နဲ့ပတ်သက်ပြီး အစိုးရမှထုတ်ပြန်ကြေညာသည့် ကာကွယ်ရေးထိန်းချုပ်ရေးဆိုင်ရာ အသိပေး၊ ပညာပေးချက်များကို အချိန်နှင့် တပြေးညီသိရှိနိုင်စေရန် အင်တာနက်လိုင်းများကို ပြန်ဖွင့်ပေးရန် မတ် ၂၅ တွင် ရခိုင်အမျိုးသားပါတီ(ANP)က ထုတ်ပြန်သည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် နေရာထိုင် ခင်းနှင့် အစားသောက်များရရှိနိုင်ရန် အလွန်အခက်ဖြစ်နေသောကြောင့် ရောဂါကူးစက်ဖြစ်ပွားမူ မြန်ဆန်နိုင်ပါ သည်ဟု ရခိုင်အမျိုးသားပါတီက သတိပေးသည်။

အင်တာနက်ဖြတ်တောက်ခံထားရသည့်အတွက် ရခိုင်စစ်ဘေးရှောင်များမှာ covid ရောဂါနှင့် ပတ်သက်ပြီး အသိပညာဗဟုသုတများ မသိရှိဖြစ်နေကြောင်း ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးထွန်းလှကျော်က ပြောသည်။

“ကျွန်တော်တို့ ဒီရောဂါကို ကြားတော့ကြားတယ်။တော်တော်စိုးရိမ် ဖို့ကောင်းတယ်လို ပြောသံကြားပါတယ်။ဒါပေမဲ့ ကျွန်တောတို့က ဒီရောဂါရဲ့ဖြစ်ရပ်ကို အတိအကျမသိရဘူး။ စခန်းက လူတွေကလည်း ဒီရောဂါကို စိုးရိမ်နေကြတယ်။ ဘာလိုကာကွယ်ရမေဆိုတာတော့ မသိဘူး။ အင်တာနက်ပိတ်ထားတာက ကျွန်တော်တို့စစ်ဘေးရှောင်တွေကိုသတင်းအမှောင်ချထားသလို ဖြစ်နေတယ်။ ”ဟု ဦးထွန်းလှကျော်က ဆိုသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများကို COVID-19 နဲ့ပတ်သက်ပြီး ပြည်နယ်များကို လမ်းညွန်းချက်များ ပြုလုပ်နေသည်ဟု ချင်းပြည်နယ်၊ အစိုးရ စည်ပင်ဝန်ကြီး ဦးစိုးထိုက်ကပြောသည်။

“ ဒီရောဂါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆီမှာ စစ်ဘေးရှောင် ၂၆၀၀ ကျော်ကို ၈ နေရာခွဲပြီးထားတယ်။ လူတွေစုပြုတော့ နေရတာပေါ့။ အမှန်က ဒီရောဂါမှာ လူစု၊ လူဝေးထားလိုအဆင်မပြေဘူးပေါ့။ ဒါပေမဲ့ အခုက ကိုယ်အိမ်နဲ့ကိုယ် မဟုတ်တော့ စုပြီးတော့ထားရတာပေါ့။အဲဒါကြေ ာင့် အဲဒီမှာကျနေတဲ့ ဆရာဝန်တွေကို ၊ တာဝန်ရှိတဲ့ လူတွေကပဲ ဒါတွေကို ပြည်နယ်က လမ်းညွန်းချက်၊ နောက်ပြီးတော့ ပြည်ထောင်စုက အကြံပြု ချက်တွေရှိတယ်။အဲဒီအကြံပေးချက်ေတွနဲ့ပဲ လုပ်နေရတယ်။ အင်တာနက်လိုင်းမရှိဘူးဆိုတော့ ဖုန်းနဲ့ပဲ အဆက်သွယ်ပြုနိုင်တာပေါ့” ဟု ၎င်းကဆိုသည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားမှုရှိေနသည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၁)ရက်နေ့တွင် ကြိုတင် အသိမပေးဘဲ အင်တာနက်ဖြတ်တောက်ခဲ့သည်။

ထို့နောက် စက်တင်ဘာလ (၁)ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝ မြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ယင်းမြို့နယ်များကို ထပ်မံဖြတ်တောက်လိုက်သည်။

ခိုင်ရိုးလ(DMG) – ရေးသည်။

Share me now!