ရခိုင်သတင်းဌာနများ အွန်လိုင်းစာမျက်နှာနှင့် အင်တာနက်ပိတ်ထားခြင်းကို ပြန်ဖွင့်ပေးရန် BNI တောင်းဆို

0
193

၂၉ မတ် ၂၀၂၀ခုနှစ်။

ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနနှစ်ခု၏ အွန်လိုင်းသတင်းစာမျက်နှာများနှင့် ရခိုင်၊ချင်းပြည်နယ်များအ တွင်း အင်တာနက် ဖြတ်တောက်ထားခြင်းများကို ပြန်လည်ဖွင့်ပေးရန်း နိုင်ငံတကာမြန်မာသတင်းအဖွဲ့ (Burma News International-BNI)က ယနေ့ ထုတ်ပြန် တိုက်တွန်း တောင်းဆိုလိုက်သည်။

လက်ရှိတွင် ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်(COVID-19) အတွက် အရေးပေါ် ကာကွယ်၊ စောင့်ကြည့်၊ ကုသမှုများကို မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးများ နှင့် ပြည်နယ်ဒေသများရှိတိုင်းရင်းသားသတင်းဌာနများ၏ ပြည်သူများထံ သတင်းအချက် အလက်မှန်များ ကိုအချိန် မှီရေးသားပေးပို့ ဖော်ပြမှုများ အလွန် အရေး ကြီးနေ ချိန်ဖြစ်သလို ပြည်တွင်းပြည်ပရှိမည်သည့်သတင်းဌာနများကိုမဆိုလွတ်လပ်၊ လုံခြုံစွာသတင်းရယူနိုင်ရန် ဝန်းရံ ကူညီပေးရမည့် ကာလလည်းဖြစ်သည်ဟု ဘီအဲန်အိုင်က ဆိုသည်။

ဘီအဲန်အိုင်၏ မူဝါဒရေးရာကော်မတီ ဥက္ကဌ နန်းဖော့ဂေက “ဒီအချိ်န်ဟာသတင်းမီဒီယာတွေ ပြည်သူထံ သတင်းမှန် ပေးပို့နိုင်ရေးဟာအရေးကြီးဆုံးအချိန် ဖြစ်နေပါတယ်။ ဒီမိုကရေစီနိုင်ငံကို ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အရချီတက် နေတဲ့ ကျမတို့နိုင်ငံမှာလည်းစစ်ရေးပဋိပက္ခ အခြေအနေတွေနဲ့ လတ်တလောရင်ဆိုင်နေရတဲ့ Covid-19 ကမ္ဘာ့ကူးစက်ရောဂါဆိုင်ရာသတင်းတွေကိုကျင့်၀တ်နဲ့အညီ သတင်းထုတ်လုပ်နေတဲ့ အထူးသဖြင့် ပြည်နယ်အခြေစိုက်မီဒီယာတွေကိုပိတ်ပင်လိုက်ခြင်းဟာလူထုပရိဿတ်တွေကိုသတင်းအမှောင်ချရာရောက်သလိုအစိုးရက Freedom of Expression ကို ချိုးဖောက်ရာရောက်နေပါတယ်”ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၃ရက်နှင့် ၂၄ရက်နေ့များတွင် ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္ဇရာသတင်းဌာနနှင့် Development Media Group (DMG)တို့၏ အင်တာနက် စာမျက်နှာများကို ဆက်သွယ်ရေး အော်ပရေ တာနှစ်ခုဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) နှင့် Mytelဖုန်းအင်တာနက်လိုင်းများဖြင့် ဝင်ရောက် ဖတ်ရှု့၍ မရတော့ကြောင်း သက်ဆိုင်ရာသတင်းဌာနများကလည်း အတည်ပြုပြောဆိုသည်။

အလားတူ မတ်လ ၂၆ရက်နေ့ကလည်း ကရင်ပြည်နယ်အခြေစိုက် ကရင်သတင်းဌာန၏ Karen News အင်္ဂလိပ်ပိုင်းသတင်း စာမျက်နှာ ကို MPT ဖုန်းအင်တာနက်ဖြင့် ဝင်ရောက် ကြည့်ရှု၍ မရသလို ပြီးခဲ့သည့် ၂၀၁၉ခုနှစ်ကစလို မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်တော်(AA)တို့ အကြာ တိုက်ပွဲဖြစ်နေဆဲ ရခိုင်ပြည်နယ် (၈)မြို့နယ် နှင့် ချင်းပြည်နယ် တစ်မြို့နယ်တို့တွင် ယနေ့အချိန်ထိ အင်တာနက်ဖြတ်တောက်ခံထားရဆဲဖြစ် သည်။

ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ဝက်ဘ်ဆိုက် များကို ပိတ်ပင်ရန် သီးခြား ညွန်ကြားထား မှုမရှိသော်လည်း သတင်းအမှားများ ထုတ်ဝေ ဖြန့်ဖြူးနေသည့် အင်တာနက်စာမျက်နှာများနှင့် လိင်ဖျော်ဖြေရေး အင်တာနက် စာမျက်နှာများကို တားမြစ်ပိတ်ပင်ရန် ဆယ်သွယ်ရေး အော်ပရေတာလေးခုထံ မတ်လ ၂၁ရက်နေ့ ကညွန်ကြားထားကြောင်း ပြီးခဲ့သည့် မတ်လ ၂၆ရက်နေ့က Myanmar Now သတင်းဌာနကို ပြောဆို ထားသည်။

၎င်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာနအနေဖြင့် သတင်းမှားများထုတ်ေ၀ဖြန့်ချိမှုနှင့် လိင်ဖျော်ဖြေ ရေးအင်တာနက် စာမျက်နှာများကိုတားမြစ်ပိတ်ပင်ရန် ညွှန်ကြားထားမှုကို နားလည် လက်ခံကြောင်း သတင်း တု၊ သတင်းမှားများထုတ်လုပ်ဖြန့်ချိနေသူများကိုတားမြစ်ပိတ်ပင်ရာတွင် ခိုင်မာသည့် သက်သေ အထောက် အထားများနှင့်တကွ ကြိုတင် သတိပေးကာ အရေးယူရန်လိုအပ်သည့်အပြင် တရားဝင် မှတ်ပုံတင်ကာ သတင်း ထုတ်လုပ်နေသည့် မီဒီယာဌာနများ ပါဝင်သည်ကို ပြန်လည်စိစစ်သင့်ကြောင်း ဘီအဲန်အိုင် ကဆိုသည်။

ထို့အပြင် NLD အစိုးရအနေဖြင့် လတ်တလော သောသတင်းဌာနများအပေါ် ဆက်သွယ်ရေး အော်ပရေ တာများက ဝက်ဘ်ဆိုက်စာမျက်နှာများကိုပိတ်ပင်မှုနှင့် ရခိုင်၊ ချင်းပြည်နယ်များတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းကို ပြန်လည်ဖွင့်ပေးရန်နှင့် လွတ်လပ်စွာသတင်းရယူခွင့်၊ ထုတ်ဖော်ရေးသားခွင့်အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC)အနေဖြင့် ကူညီဆောင်ရွက် ပေးသွားစေလို ကြောင်း ဘီအဲန်အိုင်က တိုက်တွန်းထားသည်။

အလားတူ လတ်တလောတွင်လည်း ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ဆက်လက်ဖြစ် ပေါ်နေ ဆဲဖြစ်ပြီး ကမ္ဘာ့ နိုင်ငံပေါင်း (၂၀၂)နိုင်ငံမှာ လူဦးရေး (၆၆၄,၈၇၃)ဦး ကူးစက်ခံထားရပြီး (၁၃၈,၀၆၈)ဦး ပြန် လည် သက်သာလာကာ (၃၀၉,၄၃)ဦး သေဆုံးထားပြီး အလားတူ မြန်မာနိုင်ငံ၌ စောင့်ကြည့်လူနာ ၃၇၀ဦး နှင့် သံသယလူနာ ၂ဦးရှိပြီး ပို့တွေ့ရှိထားသူ (၈)ဦးရှိကြောင်း ယနေ့မတ်လ ၂၉ရက်နေ့အထိ ထုတ်ပြန်ထား သည့် စာရင်းများအရ သိရသည်။

ဘီအဲန်အိုင် အဖွဲကို မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်ဒေသဖြစ်သော မြန်မာ-ဘင်္ဂလာဒေ့ရှ်၊ မြန်မာ-အိန္ဒိယ နယ်စပ်များတွင် အခြေပြုသည့် မီဒီယာ အဖွဲ့အစည် လေးခုဖြင့်သည့် Mizzima News, Narinjara News, Kaladan Press Networkနှင့် Khonumthung News တို့ဖြင့် ၂၀၀၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ တွင် အိန္ဒိယ နိုင်ငံ ကလကတ်တားတွင် စတင်ထူထောင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံနှင့် ထိုင်း-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသားသတင်းဌာနအဖွဲ့အစည်းများနှင့် ပြည်တွင်းအခြေစိုက် သတင်းအဖွဲ့အစည်းများဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့ ပြီးလက်ရှိတွင် အဖွဲ့ဝင် (၁၆)ဖွဲ့ရှိသည်။

စအိုင်ဆူး(ကေအိုင်စီ)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here