မင်းပြားမြို့နယ် ဖားပြိုရွာ နေအိမ်အချို့ မီးရှို့ခံရ ၊ လူနှစ်ဦးသေဆုံး

0
216

၃၁ မတ် ၂၀၂၀

ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာတွင် မတ်လ (၂၉)ရက်နေ့၊ညနေ (၁၀)နာရီခန့်က နေအိမ် (၁၁) ဆောင်မီးလောင်ကျွမ်းသွားပြီး ရွာသား (၂)ဦးသေဆုံးသွားသည်ဟု မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က ပြောသည်။

ရာမောင်တံတားအနီးတွင်ရှိနေသည့် တပ်မတော်သား (၂၀)ခန့်သည် ဖားပြိကျေးရွာထဲသို့သေနတ်များပစ် ဖောက်ဝင်ရောက်လာသည်။ယင်းနောက် နေအိမ်များကို မီးရှို့မှုများပေါ်ပေါက်ခဲ့ခြင်းြဖစ်ကာ လူနှစ်ဦးမှာ မည် သည့်အကြောင်းအရင်းကြောင့်သေဆုံးသွားသည်ကို မသိရှိသေးဟု ဦးလှအောင်ညွှန့်က ပြောသည်။

“ သေနတ်ပစ်ခတ်သံတွေအများကြီးကြားရတယ်။အိမ်တွေကို မီးရှို့ တယ်။ ရွာသားတွေလည်း ထွက် ပြေးကြ တယ်။ တချို့တလေက မပြေးနိုင်ဘဲကျန်ခဲ့ကြတယ်။ သေသွား တဲ့ နှစ်ယောက ်ကလည်း မီးလောင်ပြီး သေ သွားတာလား။ ကျည်ထိပြီးသေသွားတာလား ဆိုတာတော့ အတည်မ ပြုနိုင်ကြသေး ဘူး ”ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ကျေးရွာအတွင်းရှိ နေအိမ်များမီးရှို့ခံရသည့်အတွက် ဒေသခံများမှာ အနီးအနားကျေးရွာများဖြစ်သည့် အမ်းသားရွာနှင့် သေကံကျေးရွာများကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဖားပြိုကျေးရွာမှ ဦးလှနုက ပြော သည်။

“အခုလိုမျိုး နေအိမ်တွေ မီးရှို့ခံရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်တို့အနေနဲ့နောက် ထပ်စိုး ရိမ်တာကတော့ သူတို့တွေက နောက်ထပ်ရွာထဲကို လာပြီးတော့ အိမ်တွေကို မီးရှို့မှာ ကိုကြောက်တေ။ အ ခုဆိုရင် ရွာသားနှစ်ဦးလည်း သေသွားတယ်။နောက်ထပ်လူတွေ ထိခိုက်လာမှာကိုလည်း စိုးရိမ်မိ တယ်”ဟု ၎င်းကပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်တုန့်ပြန်ချက်ရရှိရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ် မှူးကြီး ဝင်းဇော်ဦးနှင့်တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကိုဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ဖားပြိုကျေးရွာမှ သေဆုံးသူများမှာ ဦးအောင်ထွန်းသာ (၅၀ နှစ်)နှင့် အသက် ၇၀ အရွယ်အမျိုးသမီးကြီး တစ်ဦး တို့ဖြစ်သည်။ယခင်လပိုင်းခန့်က ယင်းကျေးရွာအနီးတို့တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)ကြားတိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြသည်။

နှင်းနွယ် (DMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here