စစ်ကြောင့် ရခိုင်‌ဒေသတစ်ခုတည်း စစ်ဘေးရှောင် တစ်သိန်းငါးသောင်းကျော် ရှိလာ

0
356

၂ ဧပြီ ၂၀၂၀

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခကြောင့် ရခိုင်ပြည်နယ်အတွင်းတွင် စစ်ဘေးရှောင်ဦး ရေ ( ၁၅၇၂၉၁) ဦးအထိရှိလာသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်သည်။

မတ်လအတွင်းတွင် တိုက်ပွဲများ ဆက်တိုက်ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။မြို့နယ်အချို့တွင် ပိတ်သိမ်းသွား သော စခန်းအနည်းငယ်မျှရှိသော်လည်း စစ်တွေအပါအဝင် ကျောက်တော်၊ရသေ့တောင်စသည့်မြို့နယ်များတွင် စစ်ဘေးရှောင်စခန်းသစ်များတိုးလာေနသည်ဟု REC ကဆိုသည်။

“စစ်ဘေးရှောင်စခန်းတွေမှာစားဝတ်နေရေးထက်နေထိုင်ရေးကပိုပြီးအရေးကြီးနေတယ်။ဘာဖြစ်လို့လဲ ဆို တော့အခုကနွေရာသီဆိုတော့လေပြင်းတွေတိုက်နေတယ်။ဖုန်တွေကလည်းထလာတယ်။တချို့စခန်း တွေမှာ ဆိုရင်ကောက်ရိုးတွေမိုးကာပြီးနေရပါတယ်။ကောက်ရိုးမိုးပြီးနေတဲ့အတွက်ယားယံတာတွေ ဖြစ်တယ်။ နောက်တစ်ခုကအရင်နှစ်ကဆောက်ထားတဲ့ယာယီတဲတွေကအခုဆိုရင်ပျက်စီးသွားပြီ။တကယ်လို့မိုးသာရွာမယ်ဆိုရင်လုံးဝနေရာရှိတော့မှာမဟုတ်ဘူး”ဟု REC ဥက္ကဌ ဦးရွှေဘော်စိန်က ပြောသည်။

လက်ရှိတွင် ကမ္ဘာ့အနှံ့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေပြီး မြန်မာနိုင်ငံတွင်လည်း ကူးစက်ခံရသူ (၁၆)ဦး အထိရှိလာသည်။သို့သော် စစ်ဘေးရှောင်စခန်းများတွင် ရေရှားလာနေသောကြောင့် စနစ်တကျလက်ဆေး ကြောရန်အခက်အခဲရှိနေသည်ဟု စစ်ဘေးရှောင်များကဆိုကြသည်။

“နောက်တစ်ခုကကိုရိုနာဗိုင်းရပ်စ်ရောဂါပေါ့။ အဲ့ဒီရော ဂါကြောင့်လက်ဆေး ကြောဖို့ အတွက်ဆပ်ပြာနဲ့ ရေတွေလိုအပ်တယ်။ ဒီလိုရောဂါဖြစ်ပွားနေချိန်မှာ အင်တာနက်ဖြတ်တောက် ထား တဲ့အတွက် ကျနော်တို့ အဲဒီရောဂါကဘယ်အတိုင်းအတာအထိရှိတာကို ဘာမှမသိသေးဘူး”ဟု မြောက်ဦးမြို့ နယ် တိမ်ညိုစစ်ဘေး ရှောင်စခန်းတာဝန်ခံ ဦးဝေလှအောင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလအစောပိုင်းကစတင်ကာ တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။လက်ရှိအချိန်တွင်လည်း ပြည်နယ်အနှံ့တွင် တိုက်ပွဲပြင်းထန်နေပြီး မတ်လ ၂၃ ရက်နေ့ က AA ကိုအကြမ်းဖက်အုပ်စုနှင့်မတရားအသင်းအဖြစ် အစိုးရက ကြေငြာလိုက်သောကြောင့် တိုက်ပွဲပိုမိုပြင်း ထန်လာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

DMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here