ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင် (၂၀၀၀)ကျော် ထပ်တိုး

0
233

၂ ဧပြီလ ၂၀၂၀

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲကြောင့် ယခုရက်ပိုင်းအတွင်း ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ် ဘေးရှောင်ဦးရေ (၂၀၀၀)ကျော်တိုးလာသည်ဟု ကူညီကယ်ဆယ်ရေးပြုလုပ်နေသူများထံက သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က ပေါက်တောပြင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် အရပ်သားတစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားသည်။ယင်းေနာက်ပိုင်းတွင် အသက်အန္တရာယ်စိုးရိမ်ရသောကြောင့် ဒေသခံ များထွက်ပြေးတိမ်းရှောင်ကြခြင်းဟု ကူညီကယ်ဆယ်ရေးပြုလုပ်နေသည့် အရှင်သဘာဝနဒီက မိန့်ကြား သည်။

“ရွာထဲမှာ လူတစ်ယောက်မှ မရှိတော့ဘူး။တိုက်ပွဲဖြစ်လို့ လူတစ်ယောက်သေပြီး သုံးယောက် ဒဏ်ရာ ရသွား တဲ့နေ့ကတည်းက ထွက်ပြေးလာကြတာဖြစ်တယ်”ဟု အရှင်သဘာဝနဒီက မိန့်ကြားသည်။

ပေါက်တောပြင်ကျေးရွာသားများသည် စေတီပြင်၊သံချောင်း၊ကျောက်ပြင်ဆိပ်စသည့်ကျေးရွာများသို့ထွက်ေြပး တိမ်းရှောင်နေကြပြီး နီးစပ်ရာဆွေမျိုးနေအိမ်များတွင်ခိုလှုံနေကြသည်။

“အခုလက်ရှိထွက်ပြေးလာတဲ့သူတွေကိုကိုယ်တော်တို့ရဟန်းတော်များအဖွဲ့ကဦးဆောင်ပြီးတော့ သူတို့တွေနေထိုင်စားသောက်ရေးအတွက်စီစဉ်နေတယ်။ လက်ရှိတော့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွာသားတွေကို စေတီပြင်ကျေးရွာမှာစုပြီးတော့ နေရာချပေးထားတယ်”ဟု အရှင်သဘာဝနဒီက မိန့် ကြားသည်။

ယခုကဲ့သို့မိမိတို့၏နေအိမ်များကိုစွန့်ခွာထွက်ပြေးကာ တစ်ခြားတစ်နေရာမှာ လာရောက်ခိုလှုံနေကြရ သည့်အတွက် နေထိုင်စားသောက်ရေးအခက်အခဲရှိေကြာင်း ပေါက်တောပြင်ကျေးရွာမှ ကိုသူရိန်ဦး ကပြောသည်။

“လက်ရှိမှာတော့ နီးစပ်ရာဆွေမျိုးအိမ်တွေ ပတ်ဝန်းကျင်ရွာကအိမ်တွေမှာ ကပ်ပြီးတော့စားနေရတယ်။ နေရထိုင်ရတာတွေကလည်းခက်ခဲတယ်။ မိသားစုလေးငါးယောက်ပဲနေလို့ရတဲ့အိမ်တွေမှာ ကျွန် တော်တို့တွေပါ နေထိုင်နေရတော့ နေထိုင်ရေးကတော့အရမ်းကြပ်တည်းတယ်”ဟု၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲကြောင့် စစ်ဘေးရှောင် တစ်သိန်း ငါးသောင်းကျော်အထိရှိလာကာ စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်ေနကြသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ် များအစည်းအရုံး(REC)က မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။

DMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here