တရုတ်-မြန်မာနယ်စပ်ဂိတ် အဝင်ကန့်သတ်ထားသော်လည်း နည်းပညာ အခက်အခဲရှိနေဟု KIO ပြော

0
142

၃ ဧပြီ ၂၀၂၀

လက်ရှိဖြစ်ပွားနေသည့် Covid – 19 ရောဂါကို ကာကွယ် တားဆီးသည့်အနေဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ်ဂိတ်မှ င်ရောက်လာသူများကို ကန့်သတ်ထားသော်လည်း နည်းပညာ ပိုင်း အားနည်းသည့််အတွက် အခက်အခဲရှိသည်ဟု KIO က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူက “အေ၀းက ဧည့် သည်တွေကိုတော့ ပိတ်ထားကြပါတယ်။ ကျနော်တို့ ရွာကလူတွေကိုတော့ အ၀င်အထွက်တော့ ဈေး၀ယ်ဈေး ရောင်း ကတော့ ကျနော်တို့ ခွင့်ပြုထားတာ ရှိပါတယ်”ဟု ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA အနေဖြင့် covid – 19 နှင့် ပတ်သက်သည့် ရောဂါကာကွယ် တားဆီးရေး လုပ်ငန်းများကို ကော်မတီဖွဲ့ကာ လုပ်ဆောင်လျက်ရှိပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ၏ လမ်းညွှန်မှုများ အ တိုင်း ဒေသခံများ၊ စစ်ဘေးရှောင်စစ်စခန်းရှိ ပြည်သူများကို အသိပညာပေးရေး လုပ်ငန်းများကို လုပ်ဆောင် လျက်ရှိသည်ဟု ဆိုသည်။ ထို့အပြင် ကျန်းမာရေးနှင့် ဆိုင်သည့် အပူချိန်တိုင်းခြင်း အစရှိသည့် ကျန်းမာရေး စစ်ဆေးမှုများကိုလည်း လုပ်ဆောင်နေသည်ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

“ကျနော်တို့က အခက်အခဲကတော့ ပြောမယ်ဆိုလို့ရှိရင်တော့ နည်းပညာပိုင်းကတော့ အခက်အခဲတွေ ရှိတာ ပေါ့နော်။ နောက်ပြီးတော့ ပစ္စည်းတွေလည်း လုံလုံလောက်လောက် ရရှိမှု မရှိတာကတော့ ကျနော်တို့ အခက် အခဲပါ။ နောက် ကျနော်တို့ကတော့ အားလုံးကတော့ ဒီစစ်ရှောင်ပြည်သူတွေလည်း စုစုစည်းစည်းနေတဲ့ နေရာ တွေ ဖြစ်တဲ့ အတွက်တော့ ကျနော်တို့ အတွက်တော့ အခက်အခဲတော့ ရှိတာပေါ့” ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

တရုတ်နှင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်ရှိသည့် KIA ထိန်းချုပ်နယ်မြေအတွင်းက မိုင်ဂျာယာန်၊ လိုင်ဇာကဲ့သို့မြို့များတွင် ပြည်ပနှင့် နယ်ေ၀းမှ လာရောက်မည့် လူ၀င်လူထွက်များကို ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်ရာ ဧရိယာရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်များမှ လူအ၀င်အထွက် များကို ကန့်သတ်လိုက်သော်လည်း မြစ်ကြီးနားမှ လိုင်ဇာမြို့သို့ ၀င်ရောက်လာမည့်သူများကို ကျန်းမာရေး ဆိုင် ရာ စစ်ဆေးမှုများပြုလုပ်ကာ ၀င်ခွင့်ပြုသည်ဟု KIO/KIA က ဆိုသည်။

ဗိုလ်မှူးကြီး နော်ဘူက “အခုလောလောဆယ်ကတော့ ပိတ်တာတော့ မဟုတ်ပါဘူး စစ်တာပါ။ ဧည့်သည်တွေ ကို စစ်တာပါ။ ဖြေးဖြေးချင်း လျှော့ချမှုပေါ့နော် စစ်တာတွေ ရှိပါတယ်။ ဒီထက်ပိုပြီးတော့မှ အခြေအနေ ဆိုးလာ မယ် ဆိုရင်တော့ ပိတ်ဖို့တော့ ရှိပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူးပေပြည်နယ် ဝူဟန်မြို့မှ စတင်ဖြစ်ပွားလာသည့် ကိုရိုနာ အဆုတ်ရောင်ရောဂါ covid – 19 သည် လက်ရှိတွင် ကမ္ဘာအရပ်ရပ်သို့ ကူးစက်ပြန့်ပွားလျက်ရှိပြီး ကမ္ဘာ့ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO မှ ကြေငြာထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ရောဂါပိုး ကူးစက်ခံထားရသူ ၂၀ ဦးရှိပြီး ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ က ရောဂါကူးစက်ခံထားရသည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သူ အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

KIO/KIA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ၊ အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တော်လှန်ရေး အင်အားစုများအနေဖြင့် ၎င်းတို့၏ ဒေသများတွင် လက်ရှိဖြစ်ပွားနေသည့် covid – 19 ရောဂါကို ကာကွယ် တားဆီးသည့်အနေဖြင့် အသွားအလာ အဝင်အထွက်များကို ကန့်သတ်ခြင်း၊ စစ်ဆေးမှုများပြုလုပ်ခြင်းအပြင် ကျန်းရေးပညာပေး အစီအစဉ်များကိုလည်း လုပ်ဆောင်လျှက်ရှိကြသည်။

အားမီ(NMG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here