ဘူးသီးတောင် သံခွေးရွာတွင် တပ်ကြပ်တစ်ဦး၏ ဇနီး ကျည်ထိမှန်သေဆုံး

0
404

(ပုံစာ-ကျည်ထိမှန်သေဆုံးသွားသည့်တပ်ကြပ်ဇနီး ဒေါ်ဖြူသိန်းချေ။ ဓာတ်ပုံ-CJ)

၃ ဧပြီ ၂၀၂၀

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ဧပြီလ ၂ ရက်နေ့က တပ်ကြပ်တစ်ဦး၏ ဇနီးမှာ ကျည်ထိ မှန်၍သေဆုံးသွားသည်ဟု မိသားစုဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်ထံက သိရသည်။

သံခွေကျေးရွာတွင် နေထိုင်သည့် အသက် (၂၂)အရွယ် ဒေါ်ဖြူသိန်းချေ(ခေါ်)ဒေါ်မသန်းဝင်းသည် ဘူးသီး တောင်မြို့အရှေ့ဖက်ရှိ တပ်မ ၅၅၁ သို့ ယောကျ်ားဖြစ်သူ၏လစာကိုထုတ်ရန်သွားစဉ် ထိုတပ်ဝင်းထဲ တွင် ကျည်ဆံထိမှန်သည့်ဒဏ်ရာများဖြင့်သေဆုံးသွားခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်၊ဖခင် လည်းဖြစ် ဦးမောင်ထွန်းအေးက ပြောသည်။

“၁၁နာရီလောက်မှာ ကုလား(မွတ်ဆလင်) တစ်ယောက်က ဦးလေးသမီးသေနေတယ်ဆိုပြီးဖုန်းဆက်လာ တယ် ။ဒါကြောင့်ကျနော်တို့ သူ့အလောင်းကိုယူဖို့သွားတယ်။သူတို့ကယူခွင့်မပြုဘူး။ အလောင်းကိုရဖို့အတွက် လွှတ် တော်ကိုယ်စားလှယ်တွေလည်း အကူညီတောင်းခဲ့တယ်။ ဒါပေမဲ့ လည်းကျနော်တို့သမီးအလောင်းကို မရခဲ့ဘူး။ သူတို့ကယူလို့မရဘူးလို့ပြောပါတယ်”ဟု ၎င်းကဆိုသည်။

အမျိုးသမီးသေဆုံးမှုဖြစ်စဉ်မှာ မှန်ကန်သည်ဟု ဘူးသီးတောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦး ထွန်းအောင်သိန်းက ပြောသည်။

“ကျနော့်ကို သူ့အဖေကိုယ်တိုင်ဖုန်းဆက်လာပါတယ်။ပစ်ခတ်မှုဖြစ်တယ်ဆိုပြီးတော့‌ပြောတယ်။ဘယ်သူကပစ် ခတ်လဲဆိုတာတော့ကျနော်တို့အသေအချာမပြောနိုင်ဘူးလို့(ပြောတယ်)”ဟု ၎င်းကဆိုသည်။

ဖြစ်စဉ်အသေးစိတ် သိရှိနိုင်ရန် အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် ဗိုလ် မှူးချုပ် ဇော်မင်းထွန်းတို့ကို DMG ကဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

DMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here