အချိန်အခါမဟုတ် မိုးရွာနိုင်သဖြင့် ရခိုင်စစ်ဘေးရှောင်များ စိုးရိမ်နေ

0
185

၆ ဧပြီ ၂၀၂၀

အနောက်ဘက်မှ ရွေ့လျားလာသော လေ ပွေလှိုင်းများ၏ အရှိန်ကြောင့် ဧပြီလ ၉ ရက်နေ့မှ ဧပြီလ ၁၁ ရက်နေ့အတွင်း ရခိုင်ပြည်နယ်တွင် နေရာ ကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနက သတင်းထုတ်ပြန်ထားသည်။

ယင်းကာလအတွင်းတွင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေ သကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တို့လည်း နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲကြောင့် စစ်ဘေးရှောင် တစ်သိန်းငါးသောင်း ကျော်အထိရှိနေသည်။လက်ရှိတွင် စစ်ဘေးရှောင်စခန်းတစ်ချို့တွင် အမိုးအကာများပျက်စီးနေပြီဖြစ်သြဖင့် အချိန်အခါမဟုတ် မိုးရွာလျှင် စစ်ဘေးရှောင်များအခက်အခဲနှင့်ကြုံတွေ့နိုင်သည်ဟု မြောက်ဦးမြို့နယ် တိမ်ညို စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဝေလှအောင်က ပြောသည်။

“အခုလက်ရှိအချိန်မှာတော့ခေါင်မိုးတွေကပေါက်နေတယ်။မိုးသာတကယ်ရွာသွန်းမယ်ဆိုရင်တော့ခေါင်းမိုးေတွကမိုးယိုမယ်စစ်ဘေးရှောင်တွေအတွက်နေထိုင်စရာမရှိ၊အခဲအခက်တွေေတာ်တော်ဖြစ်မယ်။ဒီလို့သာမိုးရွာလာမယ်ဆိုတော့နေထိုင်စရာအခက်အခဲသာမကသူတို့ရဲ့စားရေးသောက်ရေးတွေလည်းအခက်အခဲဖြစ်လာနိုင်တယ်”ဟု ၎င်းကဆိုသည်။

ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန်လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အကြံပြု ထားသည်။

DMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here