19 March 2024 /

See today's Peace Related News

အစိုးရလက်လမ်းမမီတဲ့ဒေသတွေမှာ လူထုနဲ့ပူးပေါင်းကာ ကိုရိုနာဗိုင်းရပ်(စ်)ကာကွယ်နေ‌ကြောင်း ကယန်းပြည်သစ်ပါတီ ‌ပြော

၇ ဧပြီ ၂၀၂၀

နေရပ်ပြန်သူတွေ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကူးစက်ခံရမှုရှိမရှိ စောင့်ကြည့်ရေးလုပ်ငန်းတွေကို အစိုးရလက်လှမ်းမမှီတဲ့ ဒေသတွေဘက်မှာ သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူလူထုတွေက ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ ကယန်းပြည်သစ်ပါတီ စစ်ရေးချုပ် ဦးအောင်မင်းက ပြောပါတယ်။

အစိုးရအဖွဲ့ လက်လှမ်းမမှီနိုင်တဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နယ်စပ်ရှိ ကယန်းဒေသဖြစ်တဲ့ ပီကင်း၊ ဆီးပူး၊ လိပ်သိုဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်တဲ့ ကယန်းပြည်သစ်ပါတီနဲ့ လူထုတွေကနေ ပူးပေါင်းဆာင်ရွက်နေတာတွေရှိတယ်လို့ ဆိုပါတယ်။

“ ဒီအစိုးရအဖွဲ့ကတော့ သူတို့လုပ်နိုင်တဲ့အပိုင်းလုပ်တယ်ဆိုတာက ဖယ်ခုံမြို့နယ်က အစိုးရတွေလက်လှမ်း နည်းနည်းတယ်ဗျ ကျတော်တို ့ဒီ ပီကင်းဒေသတွေ၊ ဆီးပူး ဒေသ၊ ကယောဒေသမှာ သူတို ့လက်လှမ်းနည်းနည်း‌ ဝေးတဲ့အချိန်ကျ သူတို့ရဲ့ ညွှန်ကြားမှုစီမံခံခွဲမှုက နည်းနည်းနှောက်နှေးတယ်။ ဝေးလဲ ဝေးတဲ့အတွက်ကြောင့် ကိုယ်ပိုင်အသိနဲ့အဓိက ကယန်းပြည်သစ်ပါတီအနေနဲ့ပြည်သူလူထုနဲ့လက်တွဲပြီးအဓိက ကျတော်တို့လုပ်တာများတယ်”လို့ ဦးအောင်မင်းက ပြောပါတယ်။

ကယန်းပြည်သစ်ပါတီ၊ ကယန်းအမျိုးသားကျန်းမာရေးကော်မတီမှ Covid-19 စစ်ဆေး စမ်းသပ်ရေးဂိတ်တွေကတော့ ဗဟိုစစ်ဆေးရေးဂိတ်၊ ကဖုစစ်ဆေးရေးဂိတ်၊ ပျဉ်းမနားမြို ့နယ်(နေပြည်တော်ကောင်စီနယ်မြေ) ရေပူလမ်းစုံစစ်ဆေးရေးဂိတ်၊ တောင်စလုံးစစ်ဆေးရေးဂိတ်၊ လေဒူခေါင်ဖုန်းဆိုး စစ်ဆေးရေးဂိတ်၊ မောင်ဘလော့စစ််ဆေးရေးဂိတ် တွေမှာ ထားရှိစစ်ဆေးနေတာဖြစ်ပါတယ်။
၎င်းစစ်ဆေးရေး ဂိတ်တွေမှ သံသယလူနာတွေကို အစိုးရဆေးရုံများသို့ လွဲပြောင်းခြင်းလုပ်ငန်းတွေကိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Covid-19 ရောဂါကာကွယ်ဖို ့အတွက်လဲ အစိုးရအဖွဲ ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာတွေရှိတယ်လို့ ကယန်းပြည်သစ်ပါတီ စစ်ရေးချုပ် ဦးအောင်မင်းက ဆက်ပြောပါတယ်။
ကယန်းဒေသဘက်မှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်း ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်မှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို တစ်ဖက်တစ်လမ်း ဆောင်ရွက်နေတာလည်းရှိတယ်လို့ ကယန်းအမျိုးသမီးအဖွဲ့ အထွေထွေ အတွင်းရင်းမှူး မူလားကော်ရင်းတီက ပြောပါတယ်။

၎င်းက “ အဓိက ခါကျတော့ ဒီဂိတ်တွေမှာလေ စစ်ဆေးတဲ့ဟာမျိုးတွေဆို လိုက်ကူညီဖြစ်တယ် လက်ရှိမှာတော့ ပြီးတော့ အခုနက ပြောသလိုဘဲ အဓိက ကယန်းဒေသတွေမှာပေါ့လေနော် ဘယ်အဖွဲ့အစည်းမှမ၀င်သေးတဲ့ကယန်းဒေသတွေမှာ ကျမတို့ ဒီကိုရိုနာဗိုင်းရပ်စ်နဲ ့ပတ်သတ်ပြီးတော့ အသံဖိုင်လေးတွေ၊ ဗီနိုင်းလေးတွေ၊ ဘန်းဖလက်လေးတွေလိုက်ဝေတယ်၊ ပြီးတော့ ဆပ်ပြာခဲလေးတွေ လိုက်‌ဝေ ဖြစ်တယ်” လို့ ပြောပါတယ်။

ကယားပြည်နယ်အတွင်းမှာ လွိုင်ကော်ဆေးရုံ၊ ဒီးမော့ဆိုဆေးရုံ၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံဆေးရုံ၊ ဖယ်ခုံမြို့နယ် ဆီးပူးဆေးရုံနဲ့ ကရင်ပြည်နယ် သံတောင်မြို့နယ် လိပ်သိုလ်ဆေးရုံတွေမှာလဲ Covid-19 ကာကွယ်တိုက်ဖျက်ရေးအတွက် ကျပ်၂၂၅သိန်းဖိုး ဆေးပစ္စည်းတွေကို ကယန်းပြည်သစ်ပါတီမှ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

မော်ဦးမြာ(ကန္တရဝတီတိုင်းမ်)-ရေးသည်။