29 March 2024 /

See today's Peace Related News

တနင်္ဂနွေနေ့ညနေပိုင်း တမူးမြို့ ပစ်ခတ်မှုဖြစ်စဉ် စစ်ကောင်စီဘက်မှ လေးဦး သေဆုံး

စစ်ကိုင်းတိုင်း တမူးမြို့ တနင်္ဂနွေနေ့ ညနေပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူလူထုဘက်တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်စဉ်ကြောင့် စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

“မနေ့ညက သုံးနာရီကနေစပစ်ကြတာ ၆ နာရီလောက်ထိ ပစ်ကြတယ်၊ ပြည်သူဘက်က ထိခိုက်တာတွေမရှိဘူး၊ သူတို့ဘက်ကလေးယောက်ကျတယ်၊ ကားတစ်စီး တွန်းသွားရတယ်လို့တော့ပြောတယ်၊ ဒီနေ့တော့ ထူးခြားတာမရှိသေးဘူး၊ စစ်သားတွေက အိမ်စီးကားတွေနဲ့ လာနေတယ်လို့တော့ ကြားတယ်”ဟု တမူးမြို့ခံတစ်ဦးမှ ပြောသည်။

တမူးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူလူထုများ အပြန်အလှန်ပစ်ခတ်မှု ယခုရက်ပိုင်းတွင် နေ့စဉ်လိုလိုပစ်ခတ်မှုများရှိပြီး နှစ်ဘက်ကျဆုံးဒဏ်ရာရှိမှုများလည်း ရှိကြောင်း သိရသည်။

ခိုနူမ်းသုန် မှ ပေးပို့သည်