ဝင်ရေးမြို့နယ်အတွင်း KNU တပ်မဟာ (၆) နှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲ ဖြစ်

0
386

ဧပြီ ၇ ရက်၊ ၂၀၂၁ ခုနှစ်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၆) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အကြား ဧပြီလ ၆ရက် ညနေ ၆ နာရီခန့်တွင် KNU၏ ဝင်ရေးမြို့နယ် ( မွန်ပြည်နယ်၊ ရေးမြို့နယ်) မာန်အောင်ရွာ၌ တိုက်ပွဲဖြစ်ပွား လျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

KNU တပ်မဟာ (၆) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း ၁၆ နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အကြား ဖြစ်ပွားနေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြော သည်။

၎င်းက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မာန်အောင်ရွာမှာ ဒီည ၆နာရီ မိနစ် ၄၀ လောက်ကစပြီး အခု (ည ၇နာရီခွဲ)ထိ ဖြစ်ပွားနေတုန်းပါပဲ။ နောက်ဆက်တွဲတွေကတော့ ဘားမှမသိရဘူး။ ဟု ကေအိုင်စီသို့ပြောသည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီးအသေးစိတ် သိရှိနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။ အလားတူ KNU တပ်မဟာ(၆) ၊ဒူးပလာယာခရိုင်မှလည်း ယခုတိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး Breaking news အနေဖြင့် သူးလေသတင်းစဉ်၌ အတည်ပြုဖော်ပြထားသည်။

ယခုတိုက်ပွဲ ဖြစ်ပွားရာ မာန်အောင်ရွာသည် မွန်ပြည်နယ်အတွင်း တည်ရှိပြီး မလွဲတောင်တန်းနှင့် နီးသည်ဟု သိရသည်။

အလားတူ လွန်ခဲ့သော် ရက်ပိုင်းများတွင်လည်း အခြားသော KNU တပ်မဟာ(၁)၊(၃) နှင့် (၅)တို့တွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များတို့အကြား နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပေါ်ခဲ့ပြီး ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သေးသည်။

စအိုင်ဆူး (KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here