“အကြောင်းမကြားဘဲ ဝင်လာရင်တော့ ကျနော်တို့ ပစ်မယ့်ခတ်မယ့်အမိန့်က ထုတ်ထားတာဆိုတော့ အဲဒီမှာ မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်တဲ့သဘောပဲ” ပဒိုစောလစ္စတန် (ဒူးပလာယာခရိုင် အတွင်းရေးမှူး)

0
240

ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်နှင့် ဆက်သွယ်မေးမြန်းခြင်း
၇ ဧပြီ ၂၀၂၁

ကရင်အမျိုးသားအစည်းအရုံး KNU/KNLA တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် မာန်အောင် ကျေးရွာ (မွန်ပြည်နယ် ရေးမြို့နယ်) အတွင်း ဧပြီလ ၆ ရက်နေ့ ညက တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း ဒေသခံအရပ်သားတစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကာ မာန်အောင်ကျေးရွာလည်း ရွာ လုံးကျွတ် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။ ယနေ့နံနက်ပိုင်းအထိလည်း အာဏာသိမ်းစစ်ကောင်စီ တပ်က ကျေးရွာတဝိုက် လက်နက်ကြီးများနှင့် ပစ်ခတ်နေသည်ဟု KNU က ပြော သည်။ ဒူးပလာယာခရိုင်၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်အုပ်စု၏ တပ်များမှ ကေအဲန်ယူ-ဒူးပလာယာခရိုင် ဝင်း ရေးမြို့နယ် ၊နို့တကောမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်တို့အတွင်း စစ်ရေးလှုပ်ရှားမှုများ သိသိသာ သာ တိုးမြင့်လာနေသည် ဟု သိရသည်။

မာန်အောင်ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရသည့် အခြေအနေများနှင့် ပတ်သက်၍ ဒူးပလာယာခရိုင် အတွင်း ရေးမှူး ပဒိုစောလစ္စတန်ကို ဆက်သွယ်မေးမြန်းထားသည်။

မေး – တပ်မဟာ ၆ မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲ (ဧပြီလ ၆ ရက်နေ့ည) အခြေအနေသိချင်လို့ပါ။ ဘယ်နေရာမှာ ဖြစ်သွား တာလဲ။

ဖြေ – ကျနော်တို့ ဒီ ဒူးပလာယာခရိုင် ဆိုတော့ ဝင်းရေးမြို့နယ် ကရင်လိုခေါ်ရင်တော့ ဟောင်းကော်ရွာပေါ့ဗျာ။ ဗမာလိုခေါ်ရင်တော့ မာန်အောင်လို့ အဓိပ္ပာယ်ရှိတယ် မာန်အောင်ရွာပေါ့ဗျာ။ မာန်အောင် အဲဒီဂွင် အဲဒီဝန်းကျင် မှာ ဖြစ်သွားတာ ဖြစ်တယ်။ ဒီမှာ သတင်းရထားတော့ ၂ ပွဲ ဖြစ်တယ်။

မေး – ဘယ်အချိန်မှာ ဖြစ်သွား တာလဲ။

ဖြေ – ဒီလိုပဲ ၆ နာရီ ၂၀ ကျော်လောက်မှာ တစ် ခါ ဖြစ်တယ်။ ၆ နာရီ ၄၀ တစ်ခါဖြစ်တယ် ၂ ဆင့်ဖြစ်တယ် ဗျာ။ ဖြစ်တဲ့ အခင်းအသေးစိတ်တော့ ကျနော်တို့ ပြောလို့မရသေးဘူး။ သတင်းအသေးစိတ်က ကျနော်တို့က အောက် ခြေကို မေးမြန်းထားဆဲဖြစ်ပါတယ်။

မေး – ဘယ်လိုလုပ်ပြီး နှစ်ဖက်ကြား တိုက်ပွဲပြန်ဖြစ်လာရတာလဲ။

ဖြေ – အဲမှာဆိုရင် KNU က ဆိုရင် တပ်ရင်း ၁၆ ဗျာ။ တပ်ရင်း ၁၆ ရဲ့ ဌာနချုပ်တပ်ခွဲကို ကျနော် တို့ တာဝန်ချ ထားတာ ရှိတယ်။ ဆိုတော့ တပ်ရင်း ၁၆ တပ်ရင်း ဌာနချုပ်ရဲ့ လုံခြုံရေး တပ်ခွဲက တာဝန်သွားယူ ထားတယ်။ သူတို့တပ်ဖွဲ့က တက်လာတယ် အကြောင်းမကြား ဘာမကြား၊ မသိဘူး ဆိုတဲ့ အခါကျတော့ ကျနော်တို့လူက အဲ မှာရှိနေတာကိုး၊ ရှိနေတဲ့ အခါကျတော့ ဖြစ်တာပေါ့။ အကြောင်း မကြားဘူး။ ဒီမှာက အကြောင်း မကြားဘဲ ဝင် လာရင်တော့ ကျနော်တို့ ပစ်မယ့် ခတ်မယ့် အမိန့်က ထုတ်ထားတာဆိုတော့ အဲဒီမှာ မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ် တဲ့ သဘောပဲလေ။

မေး – ဒီနေရာမှာ စစ်ကောင်စီက ခန့်တဲ့ ရွာသူကြီးကိစ္စကြောင့်လည်း တိုက်ပွဲတွေ ဖြစ်လာတယ်လို့ ပြောနေတာ တွေရှိတယ်။ ဆိုတော့ ဒီအခြေအနေကိုလည်း သိချင်ပါတယ်။

ဖြေ – အဲဒီ စစ်တပ်က သူတို့ အုပ်ချုပ်ရေးမှူးကို ခန့်ထားတဲ့အပေါ်မှာ ပြည်သူလူထုက မကျေနပ်ဘူး။ မပြေလည် ဘူး၊ ဖြစ်တဲ့အတွက် ဝင်ပြီးတော့ သတ်ဖြတ်သွားတာပဲ။ အဲဒါက ပြဿနာက အခုထင်ယောင်ထင်မှား ဖြစ်တာက ဒီ ကျနော်တို့ KNU လက်နက်ကိုင်တပ်ဖွဲ့က သတ်ဖြတ်သလိုမျိုးလိုလို မွန်ပြည်သစ်ပါတီကပဲ သတ်ဖြတ်သလို မျိုးလိုလိုဖြစ်တဲ့အခါ ကျတော့ ကျနော်တို့ အဖွဲ့အစည်းတွေလည်း ထိခိုက်မှာလည်း စိုးတယ်။ အခုက သတင်းကို တော့ ကျနော်တို့ လိုက်နေဆဲ ဖြစ်တယ်။ အမှန်တရားကို ကျနော်တို့ အောက်ခြေကို မေးထားတယ်။ မွန်ပြည် သစ်ပါတီဖက်ကလည်း မသိရသေးဘူး။ တကယ်ဖြစ်တာကတော့ ဒီကြားလူပဲပေါ့နော်။ မကျေနပ်တဲ့ ရွာလူထု ကနေပဲ လုပ်ကြံတယ်လို့တော့ ကျနော်တို့ ကြားထားတယ်။ ဒါပေမယ့် အတည်ပြုလို့မရသေးဘူး။

အားမီ (NMG) – မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here