28 March 2024 /

See today's Peace Related News

ဖေဖော်ဝါရီမှစကာ ရှမ်းမြောက်ပိုင်းမြို့နယ်များအတွင်း RCSS နှင့် တိုက်ပွဲအကြိမ်ရေ ၄၀ခန့်ဖြစ်ပွားခဲ့ကြောင်း TNLA ပြောဆို

ဧပြီလ ၈ ရက်။ ၂၀၂၀ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်း မြို့နယ်များအတွင်း တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ရှမ်းတောင်လက်နက်ကိုင်အဖွဲ့ RCSS/SSA တို့အကြား နှစ်လအတွင်း တိုက်ပွဲ အကြိမ်ရေ ၄၀ ခန့် ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA တာဝန်ရှိသူ က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလမှ ဧပြီလအတွင်း တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မ တော် TNLA နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA တို့ကြား ၂ လကျော်အတွင်း တိုက်ပွဲ အကြိမ် ၄၀ ခန့်ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

၎င်းက “ဒီဖြစ်ပွားမှုကတော့ ကျနော်တို့ ဟိုဟာလောက်ရှိမယ် ကျနော်ထင်တာကတော့ သုံးလေးဆယ်လောက် တော့ ရှိမယ်။ အများဆုံးက ဒီနမ္မတူမြို့နယ်နဲ့ ကျောက်မဲမြို့နယ်ပေါ့။ ကျောက်မဲမြို့နယ်မှာကျတော့ တော့ဆန် ဖက်ခြမ်းပေါ့နော်” ဟု ပြောသည်။

ပြီးခဲသည့် ရက်ပိုင်းအတွင်းကလည်း နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီးတွင် PSLF/TNLA၊ SSPP/SSA ပူးပေါင်း တပ်များ နှင့် RCSS/SSA တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြီးနောက် RCSS/SSA ဖက်က ပန်လုံရွာ အတွင်းသို့ လက်နက် ကြီး ပစ်ခတ်မှုများကြောင့် နေအိမ်များကို မီးလောင်ပျက်စီးခဲ့သည်ဟု PSLF/TNLA က ဆို သည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က “တမြန်နေ့က ပန်လုံနားမှာ ထိတွေ့မှု ခနလေးဖြစ်တယ်လို့ပြောတယ်။ ကျနော်တို့ ဖက်က ပြန်ဆုတ်သွားပြီးမှ ဒီ RCSS ဖက်က ပန်လုံဖက်ကို လက်နက်ကြီးတွေ ထုပြီးမှ နေအိမ်တွေ တော်တော် လေး မီးလောင်သွားတယ်လို့ ပြောတယ်။ အဲဒီတုန်းက ဒီတိုက်ပွဲဖြစ်ပြီးနောက်ပေါ့နော။ ဒီတိုက်ပွဲမရှိတဲ့နောက် ရွာထဲဝင်ပြီးမှ လက်နက်ကြီးတွေ ပစ်တာပေါ့နော ရွာကတော့ အဲဒီမတိုင်ခင် နှစ်ရက် သုံးရက်လောက်က တည်း က ထွက်ပြေးကုန်ပြီ သူတို့ RCSS ဝင်လာလို့ အားလုံးထွက်ပြေးသွားတယ်။ မြို့နယ်က နမ္မတူမြို့နယ်” ဟု ပြော သည်။

ထို့အပြင် RCSS/SSA ဖက်က ၎င်းတို့လှုပ်ရှားဒေသဖက်သို့ ထိုးတက်လာသည့်အတွက် ပန်လုံကျေးရွာနှင့် အနီး တဝိုက်တွင် မကြာခဏ ဆိုသလို တိုက်ပွဲဖြစ်ပွားမှုများရှိသည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆက် ပြောသည်။

၎င်းက “အဲနားက RC က ပန်လုံ မန်စံ နားတစ်ဝိုက်က RC က သူတို့ ဒီ နှစ်ရက် သုံးရက် အဲလိုမျိုး ပုံစံ တစ်ခါ တစ်လေ ကျတော့ နှစ်ရက်ဆက်ပေါ့နော်။ တစ်ခါတစ်လေကျတော့ တစ်ရက်ခြား နှစ်ရက်ခြား အဲလိုမျိုး ထိုး စစ်ဆင် တက်လာတာတော့ရှိတယ်။ အဲလိုမျိုးတက်လာကျတော့ ထိတွေ့မှု အနည်းအကျဉ်းလေး ရှိတယ်” ဟု ပြောသည်။

ထို့အပြင် ဧပြီလ ၆ ရက်နေ့က နမ္မတူမြို့နယ် မန်လီကျေးရွာအတွင်း PSLF/TNLA၊ SSPP/SSA ပူးပေါင်းတပ်များ နှင့် RCSS/SSA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် မန်လီကျေးရွာက ရွာသား ၅၀၀ ကျော် သီပေါမြို့ ကို စစ်ဘေးတိန်းရှောင်နေကြရပြီး ကျေးရွာအတွင်း လူနေအိမ် ၄ အိမ်ထက်မနည်း မီးလောင်ခဲ့သည်ဟု ဒေသခံ များ က ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံထောင်ချီ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေ ကြ သော်လည်း တိုက်ပွဲဖြစ်ပွားမှုကို လျှော့ချနိုင်သည့် နှစ်ဖက်လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကြား တွေ့ဆုံဆွေး နွေးနိုင်မည့် အခြေအနေမှာ တစ်စုံတစ်ရာ ထူးခြားမှု မရှိသေးကြောင်း PSLF/TNLA က ပြောသည်။

တိုက်ပွဲအပါအဝင် နှစ်ဖက်တွေ့ဆုံဆွေးနွေးမည့် အခြေအနေနှင့် ပတ်သက်၍ RCSS/SSA ၏ သဘောထားကို သိရှိ နိုင်ရန် ဆက်သွယ် သော်လည်း မရသေးပေ။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် RCSS/SSA က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘောတူညီစာချုပ် NCA ကို လက်မှတ်ရေးထိုးပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ဝင်ရောက်လာရာမှ PSLF/TNLA အပါအဝင် မြောက် ပိုင်း မဟာမိတ်အဖွဲ့များနှင့်ပါ တိုက်ပွာများ ဖြစ်ပွားလာနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။

NMG – ပေးပို့သည်။