မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုအတွက် ရူပီး ၂၃သိန်းကျော် မီဇိုရမ်နာမည်ကြီးရုပ်သံနှစ်ခုမှ လှူဒါန်း

0
282

၁၂ ဧပြီ ၂၀၂၁

မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ နာမည်ကြီး ရုပ်သံနှစ်ခုဖြစ်သည့် ZONET နှင့် LPS မှ တိုက်ရိုက်ထုတ်လွှင့် အလှူခံမှုမှ ရရှိထားသည့် ရူပီး ၂၃သိန်းကျော် (မြန်မာ‌ငွေ ၄၃၇သိန်းကျော်)အား မြန်မာ့အရေးအတွက် လှုပ်ရှားပေးနေသည့် အဖွဲ့အစည်းများထံ ပြန်လည်လှူဒါန်းသည့် အခမ်းအနားအား ဧပြီလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ZONET နှင့် LPS မှ ပြန်လည် လှူဒါန်းပေးလိုက်သည့် အဖွဲ့အစည်းများမှာ မီဇိုရမ်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များနှင့် CDM ဝင်ဝန်ထမ်းများအား အဓိက ကူညီဆောင်ရွက်ပေးနေသည့် NGO United for Democratic Myanmar ထံ ရူပီး ၁၀ သိန်း၊ မီဇိုရမ်အနှံ့တွင်ရောက်ရှိနေသည့်စစ်ရှောင် ဒုက္ခသည်မျာအား ကူညီပေးနိုင်ရန် Central Young Mizo Association (CYMA) ထံ ရူပီး ၁၀ သိန်း၊ မြန်မာနိုင်ငံဘက်အတွက် လွှဲပေးရန် ရူပီး ၃သိန်းကျော်တို့အား လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မီဇိုရမ်နာမည်ကြီးအဆိုတော် VanlalSailova မှ ဒူဘိုင်းတွင်ရောက်ရှိနေသည့် Salaival Fan များမှ လှူဒါန်းငွေ ရူပီး ၄၂၀၀၀အား အဆိုပါ အခန်းအနားတွင်ပင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မီဇိုရမ် နာမည်ကြီးရုပ်သံများဖြစ်သည့် ZONET နှင့် LPS ရုပ်သံလိုင်း နှစ်ခုမှ မြန်မာနိုင်ငံအရေးနှင့် မီဇိုရမ်ရောက် မြန်မာ စစ်ရှောင်ဒုက္ခသည်များအတွက် ၎င်းတို့ ရုပ်သံလိုင်းများနှင့် လူမှုကွန်ယက်စာမျက်နှာများတွင် တိုက်ရိုက်ထုတ်လွှင့်ကာ အလှူခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ခိုနူမ်းသုန် မှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here