“မြို့ပေါ်မှာ သူတို့ရဲ့ စစ်တပ်တွေကို ကျနော်တို့ လာသိမ်းတာ မဟုတ်ဘူး။ အရင်က ကျနော်တို့ရဲ့ တပ်တွေ၊ လက်လွတ်သွားတဲ့ တပ်တွေကို ပြန်ရအောင် ဆိုပြီးမှ ကျနော်တို့ ပြန်တိုက်တာပဲ ဖြစ်ပါတယ်” ဗိုလ်မှူးကြီးနော်ဘူ ( KIO / KIA )

0
290

KIO / KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနှင့် ဆက်သွယ်မေးမြန်းချက်

၃ မေ ၂၀၂၁

မေလ ၃ ရက်နေ့ (ယနေ့)တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ လေယာဉ်တစ်စီး ပစ်ချခံခဲ့ရသည်။ အဆိုပါဖြစ်စဉ်၊ မိုးမောက်မြို့နယ်အတွင်းက တိုက်ပွဲအခြေအနေများ၊ ကချင်ပြည်နယ်အတွင်း အာဏာသိမ်း ပြီးနောက် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲအခြေ အနေများနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကို ဆက်သွယ်မေးမြန်းထားသည်။

မေး – ဒီနေ့ မနက်ပိုင်းမှာ စစ်တပ်ရဲ့ လေယာဉ်တစ်စီး ပစ်ချခံလိုက်ရတယ်လို့ သိရပါတယ်။ ဒီသတင်းက ဟုတ်ပါသလား ဗိုလ်မှူးကြီးနော်ဘူ။

ဖြေ – ဟုတ်ကဲ့ Confirm တော့ ဖြစ်ပါတယ်။ ဒီမနက် ၈ နာရီကျော် ၁၀ နာရီဝန်းကျင်လောက်ပေါ့နော။ အဲဒီက တည်းကနေ ဒီမြို့သစ် ကုန်းလော့ရဲ့ စလောင်းကောင်ဖက်မှာ စစ်ကောင်စီတွေဟာ ကျနော်တို့ ရှေ့နေရာဖက်မှာ ဒီ ဂျက်ဖိုက်တာပေါ့နော အဲလိုလေကြောင်းကနေ တိုက်ခိုက်တာရှိတယ်။ ဟာလီကော်ပတာ ဂန်းရှေ့နဲ့ လာပြီး တော့ ပစ်တာရှိတယ်။ အဲဒါကြောင့် ကျနော်တို့ဖက်ကနေ ခုခံပစ်ခတ်လို့ အခုလိုမျိုး ဒီ ဟာလီကော်ပတာ ဂန်း ရှေ့တစ်စီး ထိမှန်သွားတာဖြစ်ပါတယ်။ Confirm ပြောလို့ရပါတယ်။

မေး – စစ်ကောင်စီဘက် လေယာဉ်က ဘယ်နှစ်စီးလာတာလဲ။

ဖြေ – ဂန်းရှေ့ကတော့ တစ်စင်းပဲ လာတယ်လို့ ပြောတယ်။ ဂျက်ဖိုက်တာကတော့ ၂ စင်းလာတယ်လို့ ပြော တယ်။

မေး – တိုက်ပွဲအခြေအနေကရော ဘယ်လိုရှိလဲ၊ အဲ့ဒီနေရာနဲ့ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်တာ ဘယ်နှစ်ရက်လောက်ရှိပြီလဲ။

ဖြေ – နေ့တိုင်းဖြစ်ပါတယ်။ နေတိုင်းဆိုတာက အခု ဒီနေ့နဲ့ ဆိုလို့ရှိရင် ၇ ရက် တစ်ပတ် နည်းနည်ကျော်ပြီ ၈ ရက် လောက်ရှိပါပြီ။ အဲမှာ လေကြောင်းနဲ့ လာတာ နောက် လက်နက်ကြီးနဲ့ ပစ်တာ မြေပြင်ကနေ ပစ်တာက တော့ ၅ ရက်လောက်ရှိပြီ။ အဲမှာ နည်းနည်း ငြိမ်သွားတာပေါ့နော လေကြောင်းကနဲ့ပဲ ပစ်တာ။

မေး – အခုလို တစ်နေရာထဲမှာပဲ တိုက်ပဲဖြစ်နေတာက တစ်ပတ်ကျော်လာသလို၊ လေယာဉ်နဲ့ရော နေ့တိုင်းလာ တိုက်နေတာဆိုတော့ ဘာကြောင့် တစ်နေရာတည်းမှာ ဆက်တိုက် တိုက်ပွဲတွေ ပစ်ခတ်မှုတွေဖြစ်နေရာလဲ။

ဖြေ – ကုန်းလောရဲ့ အရှေ့ဖက်ကကုန်းပေါ့နော အဲဒီက မိုင်ခရိုဝေ့တာဝါတိုင်ရှိပါတယ်။ အဲဒီဖက်က စခန်းကို KIA ဖက်ကနေ သိမ်းထားတာ အဲဒါကို သူတို့လည်း ပြန်ရချင်လို့ တိုက်တာဖြစ်ပါတယ်။ အဲဒီကုန်းကတော့ ဒီမြို့သစ် ကုန်းလောအတွက်လည်း တော်တော်လည်း လုံခြုံရေး ဒီ အခြေခံကျတဲ့ ကုန်းတပ်ကုန်းဖြစ်ပါတယ်။ ဆိုတော့ အဲဒါ ပြန်ရဖို့အတွက်လည်း ဒါတစ်ချက် ဒုတိယတစ်ချက်ကတော့ အလော့ဒ်ဘွမ်ကို ထိုးစစ်ဆင်ဖို့က အဲကနေစပြီးမှ ထိုးစစ်ဆင်ရတာဖြစ်ပါတယ်။ ဆိုတော့ အဲဒီဖက်ကနေ အခြေခံပြီးမှ သူတို့က စစ်ဆင်ရေး လုပ်တာ ဖြစ်ပါတယ်။

မေး – စစ်တပ်က အာဏာသိမ်းယူပြီးနောက် ကချင်ပြည်နယ်ထဲမှာ ပြန်ဖြစ်လာတဲ့ နှစ်ဖက်ကြား တိုက်ပွဲတွေမှာ စခန်းသိမ်း တိုက်ပွဲတွေ ရှိခဲ့တယ်ဆိုတော့ KIA က စခန်းဘယ်လောက် သိမ်းယူနိုင်ခဲ့ပြီလဲ။

ဖြေ – အသေးစိတ်ကတော့ ကျနော်လည်း ပြောလို့မရဘူး။ မရဘူးဆိုတာက တစ်ချို့နေရာက သိမ်းတယ်ဆိုတာ တော့ ဟုတ်ပါတယ်။ ခနလေး ဝင်စီးတယ်ဆိုတာလောက်ပဲ ဖြစ်ပါတယ်။ သူတို့ ပြန်နေတာ ပြန်ထိုင်တာ ဖြစ်ပါ တယ်။ ဒါတစ်ချက်ရှိပါတယ်။ ကျနော်တို့ နောက်တစ်ခုကတော့ မြို့ပေါ်မှာ သူတို့ရဲ့ စစ်တပ်တွေကို ကျနော်တို့ လာသိမ်းတာ မဟုတ်ဘူး။ အရင်က ကျနော်တို့ရဲ့ တပ်တွေ၊ လက်လွတ်သွားတဲ့ တပ်တွေကို ပြန်ရအောင် ဆိုပြီးမှ ကျနော်တို့ ပြန်တိုက်တာပဲ ဖြစ်ပါတယ်။

မေး – အခုတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်၊ မိုးမောက်ဘက်က စစ်ကောင်စီတပ်တွေရဲ့ အင်အားတိုးချဲ့မှုတွေ အခြေ အနေတွေကရော ဘယ်လိုရှိပါသလဲ။

ဖြေ – ကြားရသလောက်ကတော့ အဲဒီ ဗန်းမော်၊ ကုန်းလော၊ မြို့သစ် နောင်လတ်ဖက်မှာ တော်တော်များများ ပေါ့နော် အင်အားတွေ ပြန်တိုးချဲ့ထားတယ်ဆိုတဲ့သတင်းကတော့ အမြဲတမ်းရပါတယ်။ လက်နက်အင်အားတွေ နောက်ပြီးတော့ ဒီ သူတို့ရဲ့ ရိက္ခာတွေပေါ့လေ နေ့တိုင်းနေ့တိုင်းလို သူတို့က ပို့ထားတယ် တိုးထားတယ်ဆိုတဲ့ သတင်းရပါတယ်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here