KNU နယ်မြေအတွင်း အာဏာသိမ်းစစ်တပ်ဖက်မှ ဗိုလ်မှူးကြီးအဆင့်ရှိသူအပါအဝင် ကျဆုံး ၁၉၀ ကျော်ရှိကြောင်း KNU ထုတ်ပြန်

0
247

၆ မေ ၂၀၂၁

ကရင်အမျိုးသား အစည်းအရုံး KNU/KNLA နှင့် စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့တို့၏ ၁ လ ကျော်တိုက်ပွဲ အ တွင်း စစ်ကောင်စီဖက်မှ ၁၉၀ ကျော် ကျဆုံးပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ထုတ်ပြန်လိုက်သည်။

မေလ ၅ ရက်နေ့ (ယနေ့) တွင် KNU ပြန်ကြားရေး၏ သတင်းထုတ်ပြန်ချက်ထဲတွင် “၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက် နေ့မှ မေလ ၅ ရက်နေ့အထိ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် အကြမ်းဖက် စစ်အုပ်စုတို့ အကြား စခန်းသိမ်းတိုက်ပွဲမှအပ ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်မှုပေါင်း (၄၀၇ )ကြိမ် ဖြစ်ပွားကာ အကြမ်းဖက် စစ် အုပ်စုဖက်မှ ဗိုလ်မှူးကြီး ၁ ဦး ၊ ဒုဗိုလ်မှူးကြီး ၁ ဦး ၊ ဗိုလ်ကြီး ၁ ဦး ၊ ဒုဗိုလ်ကြီး ၁ ဦး ၊ ဗိုလ် ၁ ဦး နှင့် အရာခံ ဗိုလ် ၁ ဦး အပါအဝင် (၁၉၄) ဦးကျဆုံးပြီး ( ၂၂၀ ) ဦးထိခိုက်ဒဏ်ရာရရှိကြောင်းသိရှိရပါသည်” ဟု ဖော်ပြ ထားသည်။

ထို့အပြင် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ ထိခိုက်သေဆုံးမှုများနှင့် ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု ဆိုသည်။

KNU က “ထိုသို့ အကြမ်းဖက်စစ်အုပ်စုမှ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှု နှင့် လက်နက်ကြီးများ ရမ်းသမ်း ပစ် ချမှုကြောင့် အပြစ်မဲ့ ပြည်သူလူထု (၁၄) ဦး ထိမှန်သေဆုံးခဲ့ရပြီး ( ၂၈) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပါသည်” ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

KNU တပ်မဟာ (၅)၊ တပ်မဟာ (၁)၊ တပ်မဟာ (၃) တို့တွင် တိုက်ပွဲများပိုမိုပြင်းထန်စွာ ဖြစ်ပွားနေပြီး အခြား သော KNU တပ်မဟာများဖြစ်ကြသည့် တပ်မဟာ (၂)၊ တပ်မဟာ (၄)၊ တပ်မဟာ (၆) နှင့် တပ်မဟာ (၇) တို့ တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

၁ လကျော် တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်များက ပြည်သူလူထုများ နေထိုင်ရာ ရွာအတွင်းသို့သော် လည်းကောင်း ၊ အသက်မွေးဝမ်းကြောင်းပြုလုပ်ရာ လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများနှင့် တောင်ယာစိုက်ခင်း များအတွင်းသို့ သော်လည်းကောင်း လက်နက်ကြီးများ ( ၅၇၅ ) လုံး ပစ်ချမှုရှိခဲ့ပါသည့်အပြင် KNU ထိန်းချုပ်ရာ နယ်မြေများ အတွင်းသို့ တိုက်လေယာဉ်ဖြင့် ( ၂၇) ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး ဗုံးသီး( ၄၇) လုံးကြဲခဲ့ပါသည် ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်များက ဒေသခံ ပြည်သူူများ၏ ဆန်၊ ဆီး၊ ဆား အစရှိသည့် စား သောက်ကုန်များကို ယူဆောင်သွားခဲ့သည့်အပြင် ပြည်သူများ၏ ငွေကြေး ပမာဏ (၅၀၀၀၀၀၀) ငါးသန်းကျော်ကို စစ်ကောင်စီ တပ် များက အဓမ္မယူဆောင်သွားသည့် KNU က ဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့များအကြား စစ်ရေးတင်မာများနှင့်အတူ တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

လက်ရှိတွင် ကချင်၊ ကရင်၊ ရှမ်းမြောက် ဒေသများတွင် စစ်ကောင်စီတပ်များနှင့် ဒေသအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား တိုက်ပွဲဖြစ်ပွားနေသည်။

NMG – ပေးပို့သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here