ရခိုင်ဒေသ ကျောက်တော်အထက်ပိုင်းက စစ်ဒဏ်သင့်တဲ့ တင်းမရွာလေး ဘာတွေဖြစ်နေသလဲ

0
369

အုတ်ရိုးကျိုးပျက်တွေနဲ့ ခြုံနွယ်တွေဖုံးလွှမ်းထားတဲ့ တင်းမကျေးရွာ

၁၂ မေ ၂၀၂၁

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လအတွင်းက ကျောက်တော်မြို့နယ်အထက်ပိုင်း တင်းမကျေးရွာက ဒေသခံတွေဟာ အိုးအိမ်တွေကိုစွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။ ကျေးရွာသားတွေမရှိတဲ့နောက်မှာ တင်းမကျေးရွာအတွင်းက နေအိမ်တွေမီးရှို့ခံခဲ့ ရပြီးတော့ အခုဆိုရင် ကျေးရွာမှာ လူမနေတာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပါပြီ။ အခု ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ ကျေးရွာသားအချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတို့က တင်းမကျေးရွာအခြေအနေကို ပြည်နယ်စီမံကောင်စီရဲ့ခွင့်ပြုချက်နဲ့ သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။

လက်ရှိ တင်းမကျေးရွာရဲ့အခြေအနေဟာ ဘယ်လိုရှိနေလဲ၊ ကျေးရွာအတွင်းမှာ ဘာတွေမြင်ခဲ့ရသလဲဆိုတာကို ကိုယ်တိုင်သွားရောက်ခဲ့သူတွေကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

ဦးစိုးသိန်း(စစ်ဘေးရှောင်၊ ကျောက်တော်မြို့နယ်၊တင်းမကျေးရွာ)

ဦးစိုးသိန်း(စစ်ဘေးရှောင်၊ ကျောက်တော်မြို့နယ်၊တင်းမကျေးရွာ)

ကျွန်တော်တို့ရွာကိုရောက်တော့ ကြည့်လိုက်တဲ့အချိန်မှာ အင်မတန်မှ အထီးကျန်အရုပ်ဆိုးပြီးတော့ မရှုမလှတဲ့ မြင်ကွင်းတွေကိုတွေ့မြင်ရတော့ ကျွန်တော်ရင်ထဲမှာအရမ်းခံစားရတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော် တို့ တင်းမဆိုတဲ့ရွာက ကျောက်တော်မြို့နယ် အထက်ပိုင်းမှာဆိုရင် တင်းမကျေးရွာက တိုက်နယ်ဆေးရုံရဲ့အ ထက်တန်းစာသင်ကျောင်းတွေ ရဲစခန်းနဲ့ ချင်းပြည်နယ်၊ပလက်ဝမီးဝ ကိုနှစ်ပိုင်းတစ်ပိုင်း ပိုင်ဆိုင်ထားတဲ့ ရွာကြီးတစ်ရွာပေါ့။ အင်မတန်မှသာယာပျော်ဖွယ်ကောင်းတဲ့ ကိုယ့်တိုင်းတာလေးတွေနဲ့ ကိုယ့်ဒေသတွေနဲ့ ရွာကြီးတစ်ရွာပေါ့။အခု အချိန်မှာ ဥသြတွေအကြော်ကြော်နဲ့တော့ကြက်ေတွ တစ်တွန်သံ အော်နေကြတယ်။ ပြီးတော့ ရွာက တောကြီး ရိုင်းကြီးတွေလိုဖြစ်နေပြီ။ ကျွန်တော်တို့ရွာကို ကျွန်တော်တို့သွားရင်လည်း မမှတ်မိတော့ဘူး။ ပြာတွေတစ်ပုံပုံနဲ့ ခြုံတွေလည်း တက်နေ တော့ ကိုယ့်အိမ်ကို လွယ်လွယ်နဲ့တောင် မမှတ်မိတော့ဘူး။

ကျွန်တော်တို့ နေရပ်ပြန်မယ်ဆိုရင် ကျွန်တော်တို့ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေ ပြောရမယ်ဆိုရင် ပြန်လည်ထူ ထောင်ဖို့အတွက် ပေါ့။ကျွန်တော်မှာ ဆိုရင်အိမ်တွေမီးလောင်ဆုံးရှံုးသွားတယ်။နံပါတ်တစ်အိမ်ကအရေးကြီး တယ်။ပြီးတော့ ကျွန်တော်တို့က တောသူတောင်သားတွေဆိုတော့ ဒီနေ့ရွာကိုရောက်တာနဲ့ လယ်တွေ နွားတွေ ကရော ဘယ်လိုဖြစ်သွားပြီလဲ ကိုယ်ပိုင်ဆိုင်တဲ့ နွားတွေရှိသေးလား။ကိုလုပ်ကိုင်စားသောက်နေတဲ့ ဥယာဉ် ကိုသွားကြည့်ရမယ်။လယ်ယာလုပ်ငန်းအတွက် ထွန်စက်တွေ၊မျိုးစပါးတွေ၊တာတွေကပြန်လည်ထူထောင်ရေးမှာ လိုအပ်တယ်။မိုင်းတွေကိုရှင်းလင်းပေးဖို့လိုတယ်။ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းလို အပ်တယ်။ ကျွန်တော်တို့ကလေးတွေအနာဂတ်ပျောက်နေတဲ့ ကလေးတွေအတွက်ပညာရေးလိုအပ်တယ်။ တာတွေအားလုံးကလည်း ကျွန်တော်တို့ လူမှုဘဝပြန်လည်ထူထောင်ရေးမှာအရေးကြီးဘဲ။ပြီးမှ ကျွန်တော် တို့ရွာပြန်နိုင်မယ်။

ဦးဦးထွန်းဝင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ေဟာင်း၊ ကျောက်တော်မြို့နယ်)

ဦးဦးထွန်းဝင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ေဟာင်း၊ ကျောက်တော်မြို့နယ်)

ကျွန်တော်တို့သွားတာကတော့ (၃)လပိုင်း ၂၃ ရက်နေ့ပေါ့။ရွာသားငါးယောက်ရယ် ကျွန်တော်ပါဆိုခြောက် ယောက်ပေ့ါ။မတ်လ ၂၂ ရက်နေ့မှာ ပြည်နယ်ကောင်စီက တာဝန်ရှိသူတစ်ယောက်က ကျွန်တော်ကိုအဆက် အသွယ်လုပ်တယ်။ကျွန်တော်သိရတာက ရွာသားတွေက ရွာမှာကျန်ခဲ့တဲ့ စပါးတွေ၊စပါးတွေ ရယ်၊တစ်ချို့ ပြန်ယူလို့ရမယ့် စပါးတွေ ကိုသယ်ပါရစေဆိုပြီးတော့မှ ပြည်နယ်ကောင်စီကိုစာတင်ထားတယ်လို့သိရပါတယ်။ ဆိုတော့ အဲဒါနဲ့ဆက်စပ်ပြီးတော့မှ ပြည်နယ်ကောင်စီက တာဝန်ရှိတဲ့သူက အဆက်အသွယ်လာလုပ်တယ်။ဒီလို မျိုးစာတင်ထားတာရှိတယ် အဲဒါလေးကို ဦးထွန်းဝင်းဦးဆောင်ပြီးမှ လုပ်သွားပေးဖို့ ကျွန်တော်တို့ကို အကူအညီ တောင်းထားတာရှိတယ်။ကျွန်တော်ကလည်း ရွာသားတွေခေါ်ပြီးမှ ဘယ်နေ့သွားရင်ကောင်းမယ်လည်း ဆွေးနွေးကြတယ်။ရွာသွားတွေရော ကျွန်တော်တို့ပါစဉ်းစားချက်က ပထမတစ်ရက်နေ့မှာ ရွာအခြေအနေသွား ကြည့်မယ်ပေါ့။ပစ္စည်းတွေယူလို့ရမှာလား ဘယ်လိုအခြေအနေတွေရှိလဲကျွန်တော်တို့ တစ်ခေါက်သွားကြည့် မယ်။သွားကြည့်ပြီးမှ နောက်နေ့တွေမှာလှေဘယ်လောက်နဲ့အလုပ်သမားဘယ်လောက်နဲ့သွားမယ်ဆိုတာကို စီစဉ်မယ်ပေါ့။သက်ဆိုင်ရာကို လုံခြုံရေးအဖွဲ့အစည်းတွေက ဆက်သွယ်တဲ့လာတဲ့အခါ ဒီလိုပဲအကြောင်းကြား လိုက်တယ်။ဒီလိုစီစဉ်ပြီးမှ ဆက်သွယ်မယ့်ကိစ္စဖြစ်သွားတယ်ပေါ့။

ကျွန်တော်တို့ စရောက်တဲ့အခါ ပထမဆုံးပျက်စီးတဲ့ အိမ်စာရင်းတွေကို စလုပ်တယ်။ပျက်စီးတဲ့အိမ်စာရင်းေတွ လုပ်တဲ့အခါမှ နှစ်ပိုင်းခွဲပြီးတော့မှ ရွာသားတွေကစာရင်းလုပ်တယ်။တစ်ပိုင်းကတော့ မီးလောင်တဲ့အိမ်စာရင်း တွေ။နောက်တစ်ခုက ပျက်စီးသွားတဲ့အိမ်ပေါ။ရာသီဥတုေကြာင်းလည်းဖြစ်မယ်၊ လူကြောင်းလည်းဖြစ်မယ်ပေါ့။ ဒီလိုပျက်စီးသွားတဲ့စာရင်းလုပ်တယ်။စာရင်းလုပ်တဲ့အခါမှာ ပျက်စီးသွားတဲ့အဆိုအနေအထားမှာ သာမန် လောက်လုပ်ရမယ့် အနေအထားတွေမဟုတ်ဘူး။အိမ်ရဲ့သုံးပုံတစ်ပုံလောက်ပျက်စီးသွားတဲ့အထဲမှာ ထည့်တာ တော့မတွေ့ဘူး။အများကြီးလုပ်ရမယ့်ြပုပြင်ရမယ့်စာရင်းတွေပေါ့။အဲလိုစာရင်းလုပ်တဲ့အခါမှာ အိမ်ခြေနှစ်ရာ ကျော်လောက်ရတယ်။

စပါးကျီတွေရှိတဲ့အိမ်တွေ ကိုလိုက်ကြည့်တာပေါ့။အဲလိုမျိုးကြည့်တဲ့အခါမှာ ဝမ်းနည်းစရာကောင်းတာက တစ်ချို့အိမ်တွေက ဘာမှမဖြစ် ဘူး။စပါးကျီတွေကပျက်စီးနေတယ်။ စပါးကျီခေါင်းမိုးတွေပွင့်နေတယ်။ အဲလိုမျိုးပွင့်နေတော့ ရာသီဥတုဒဏ်ကို တစ်နှစ်လုံးလုံးခံထားရတဲ့ စပါးတွေကို အကုန်လုံးပျက်စီး နေပြီ။တစ်ချို့ ဆိုရင် အညှောင်တွေထွက်နေပြီ။သေချာ တာက သုံးစားလို့ရတဲ့အနေအထားမရှိတော့ဘူး။စပါးကျီတော်တော်များများ အဲလိုတွေဖြစ်နေတယ်။ဒါက လက် နက်ကြီးကြောင်းလည်းဖြစ်နိုင်တယ်။ရာသီဥတုကြောင်းလည်းဖြစ်နိုင်တယ်ပေါ့။နောက်တစ်ခုက တစ်ချို့မပျက်စီး တဲ့စပါးကျီတစ်ချို့လည်းတွေ့တယ်။သိပ်များများစားစားတော့ မဟုတ်ဘူး။ရွာသားတွေမှန်းတာကတော့ တစ်ရွာ လုံးဆိုရင် စပါးတင်း ၆ ထောင်လောက်ရှိမယ်လို့ပြောတယ်။အဲထဲမှာမှ တင်းတစ်ရာလောက်တော့ ရွေးထုတ်ရင် စပါးကောင်းရမယ်ထင်တယ်။ပြီးတော့ ကျွန်တော်တို့တစ်ချို့အိမ်တွေကို လိုက်ကြည့်တဲ့အခါမှာ သူတို့ မသယ်နိုင် ဘဲထားခဲ့တဲ့ပစ္စည်းတွေ ဒီတိုင်းရှိမှာလားလို့ ဝင်ကြည့်တဲ့အခါမှာ အိမ်မှာကျန်ခဲ့တဲ့ ဗီယိုတော့ သေတ္တာတွေက အကုန်လုံးလမ်းကိုရောက် သွားတာတွေ အိမ်အောက်မှာပျံ့ကြဲနေတာ တွေကိုတွေ့ရတယ်။ အိမ်အသုံး အဆောင်ပစ္စည်းတွေက ဒီအတိုင်းဖြစ် နေတယ်ပေါ့။ကျွန်တော်တို့ကတော့ အိမ်တိုင်းဝင်ကြည့်တာမဟုတ်ဘူး။ဒါပေမယ့် ကျွန်တော်တို့ကြည့်ခဲ့တဲ့ အိမ် တိုင်းက ဒီအတိုင်းဖြစ်နေတယ်။

ဘုန်းကြီးကျောင်းကတော့ အဆောက်အဦးသိပ်ပျက်စီးတာတော့ ကျွန်တော်မတွေ့ဘူး။ ကျောင်းထပ်မှာရော အောက်မှာရောအကုန်လုံးပစ္စည်းတွေနဲ့ပျံ့ကြဲနေတယ်။တစ်ချို့ဆို နွားအရိုးတွေဖြစ်မှာပေါ့။ အဲဒီအထပ်မှာ တစ်ချို့သားရဲတိရိစ္ဆာန်တွေ ယူရင်းစားသောက်တာဖြစ်မှာပေါ့။အရိုးပုံကြီးတွေတွေ့ရတယ်။ပြီး တော့ ဗီယိုကြီးတွေပွင့်ထွက်ပြီး အကုန်လုံးအဝတ်အထည်တွေ၊သင်္ကန်းတွေ၊ကျောင်းမှာရှိတဲ့ ပရိဘောက တွေက အကုန်လုံးပျံ့ကြဲနေတာတွေ့ရတယ်ေပါ့။တော်တော်လေးကို ဖရိုဖရဲဖြစ်နေတယ်ပေါ့။

ဦးဇော်အောင်(စစ်ဘေးရှောင်၊ ကျောက်တော်မြို့နယ်၊တင်းမကျေးရွာ)

ကျွန်တော်တို့ကတော့ လယ်သမားတွေပေါ့။လယ်သမားဆိုတော့ ထိုလာကျီတော့ရှိတယ်။ပြီးတော့ အာလူးတော့၊ငရုတ်စတဲ့ တောင်ယာလုပ်ငန်းတွေလုပ်တယ်ပေါ့။ကျွန်တော်တို့မှာ စပါးက ထောင်းတစ်ထောင်၊ ပြီးတော့ ဆိုင်ကယ်တွေ၊နောက်ပြီးတော့ လယ်ထွန်စက်၊ရေစုတ်စက်တွေအကုန်ထားခဲ့ရတယ်။ဒါတွေရဲ့ ဆုံးရှုံးမှု ကိုတွက်ကြည့်မယ်ဆိုရင် သိန်းတစ်ရာနဲ့ရှစ်ဆယ်ရောက်တော့ရှိမယ်။

ကျွန်တော်တို့ရွာကိုသွားတဲ့အခါမှာ ဆန်စပါးကိုအဓိကဦးတည်ပြီးသွားကြတာပေါ့။အဲလိုမျိုးသွားတဲ့အခါမှာ ကျွန်တော်တို့ ရွာမှာရှိတုန်း စပါးကျီတွေမှာသေချာသိမ်းဆည်းထားခဲ့တဲ့စပါးတွေက ခေါင်မိုးတွေက အကုန်လုံး ပွင့်ထွက်ပြီးတော့ မိုးတွေတအားဝင်သွားတော့ စပါးကသုံးလို့မရတော့ဘူးပေါ့။တစ်ရွာလုံးစာပေါင်းလို့ ဆယ်အိမ် လောက်ပဲ စပါးကောင်းတာတွေ့ရတယ်။

အရှင် ဝါယမိန္ဒ ၊တင်းမဆရာတော်

အရှင် ဝါယမိန္ဒ ၊တင်းမဆရာတော်

အဲဒီရွာက စစ်ဘေးရှောင်တွေနေရပ်ပြန်ချင်ကြတယ်။နေရပ်ပြန်မယ်ဆိုတာလည်း ရပ်သူ၊ရွာသားတွေရဲ့တောင်း ဆိုချက်ပေါ့။သူတို့ရဲ့တောင်းဆိုချက်၊လိုအပ်ချက်တွေကို ဦးဇင်းတော့က ပြည်နယ်ကောင်စီကိုစာတင်ထားတယ်။ ကိုယ်တိုင်လည်းသွာပြီးတွေ့ဆုံထားတယ်။ဦးဇင်တော့စာတင်ထားတာက မတ်လ ၂၆ ရက်နေ့က ပြည်နယ် ကောင်စီဆီသွားပြီးတင်ထားတယ်။အဖွဲ့ဝင်သုံးဦးလောက်ပဲတင်ထားတယ်။ဦးသန်းထွန်း၊ကောင်စီဥက္ကဌရယ် ပြီးတော့ ပြည်နယ်ဥပဒေချုပ်ပေါ့။ဗဟိုကောင်စီတော့မတင်ရသေးဘူး။အဲဒီကိုလည်း တင်ဖို့ရှိတယ်။တင်ထားတဲ့ အရာတွေက ရပ်သူရွာသားတွေက ပြန်ဖို့အတွက်တောင်းဆိုထားတာက အဓိကရပ်ရွာအနီးတောတောင်မှီခိုလုပ် ကိုင်စားသောက်နေတဲ့သူတွေက မိုင်းရှင်းစေချင်တယ်။ဒီတစ်ချက်ေနာက်တစ်ခါ ဒီကျေးရွာသားရဲ့အိမ်ခြေပျက် ပျက်စီးဆုံးရှုံးသွားတဲ့သူတွေေပါ့ ကောင်စီအနေနဲ့လုပ်ပေးစေချင်တယ်၊ ပြုပြင်ပေးစေချင်တယ် ဒါကိုလည်း တောင်းဆိုထားတယ်။ပြီးတော့ လယ်သမားတွေဆိုတော့ လိုအပ်တဲ့ထွက်စက်တော့ မျိုးစပါးတော့ကိုလိုချင် ကြတယ်။ဒါက သူတို့က ရိုးရိုးသားသားပြောဆိုကြတာဖြစ်တယ်။ဦးဇင်းတို့ တောင်းဆိုတာလည်း ရပ်သူ၊ ရွာသားတွေရဲ့တောင်းဆိုချက်ပေါ့။ဦးဇင်းတော့ တင်းမကျေးရွာက လူ၁၈ ယောက်ပေါ့။ဒီအကြောင်းကိုလည်း အကုန်သိပြီးသား ဒီဟာကိုလည်း ဆောင်ရွက်ပေးစေချင်တယ်။စီမံအုပ်ချုပ်ရေးကောင်စီကို ဆောင်းဆိုချင် တယ်။နောက်တစ်ချက် ရပ်သူ၊ရွာသားတွေက ရွာပြန်ချင်ကြတယ်။ကိုယ့်ရပ်ကိုယ့်ရွာမှာ အေးအေးချမ်းချမ်းပဲ နေချင်ကြတယ်။ဒီတောင်ပေါ်မှာ တပ်မတော်သားတွေရှိရင် ရိုက်မှာလား နှောက်ယှက်မှာလား အဲတာကို ရွာသားတွေက ကြောက်စိတ်လွှမ်းမိုးနေကြတယ်။သူတို့က ရွာအနီးအနားမှာ တပ်မတော်စခန်းမထားဖို့ တာကိုလည်း တောင်းဆိုထားတယ်။ဒီတောင်းဆိုချက်အပေါ်မှာလည်း မျှော်လင့်ချက်ထားတာပေါ့။အခုဆိုရင် နိုင်ငံတော်ကောင်စီပေါ့။သူတို့က ဘယ်လိုပြောပြောမြန်မာနိုင်ငံမှာ နိုင်ငံတော်အစိုးဆိုတော့ ဦးဇင်တော့ပြည်သူ လူထုမှာက ဘာမှမရှိဘူး။ပြည်သူလူထုက အများကြီးမျှော်လင့်တာပေါ့။ကောင်စီကလုပ်ပေးလိမ့်မယ် ရပ်ရွာနစ်နာသူအကျိုးဆောင်ရွက်ေပးလိမ်မယ့် ဦးဇင်ကအစ အကုန်လုံးမျှော်လင့်နေကြတယ်။

DMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here