ဖားအံမြို့ပေါ် ရဟတ်ယာဉ် ၃ စီး နှင့် တိုက်လေယာဉ် ၂ စီး ဝဲပျံနေ၊ မြို့တွင်း လုံခြုံရေး တင်းကြပ်

0
288

မေလ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယနေ့နံနက် ၁၁ နာရီဝန်းကျင်က ရဟတ်ယာဉ် ၃ စီးနှင့် တိုက်လေယာဉ် ၂ စီးဝဲပျံပြီး မြို့တွင်းလုံခြုံရေးတင်းကြပ်ထားသည်ဟု မြို့ခံလူထုများထံမှသိရသည်။

အဆိုပါလေယာဉ်ရောက်ရှိမှုတွင် စစ်ကောင်စီဥက္ကဌ ဗိုလ်မှူးကြီးမင်းအောင်လှိုင်နှင့် ပါမောက္ခချုပ် ရာထူးဖြုတ် ချခံထားရသည့် လက်ရှိ(နစက)ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေ တို့ပါဝင်၍ စီးနင်းလိုက်ပါလာကြောင်း ဖားအံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည်။

၎င်းရဟတ်ယာဉ်များသည် ဖားအံမြို့ တပ်မ ၂၂ သို့ဆင်းသက်ပြီးနောက် ဖားအံပြည်နယ်အုပ်ချုပ်ရေး ကောင်စီရုံး သို့ သွားရောက်ခဲ့ပြီး အစည်းအဝေးတခုပြုလုပ်နေကြောင်း၊ ဖားအံ တက္ကသိုလ်တွင်လည်း Non CDM ဝန်ထမ်းများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း နှင့် ဖားအံမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများလည်း သွားရောက် မည်ဟုလည်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်များ မလာရောက်မည် ယမန်နေ့ညကစပြီး ဖားအံမြို့အတွင်း လုံခြုံရေး ပိုမိုတင်းကြပ် ထားပြီး ယနေ့တွင်လည်း တက္ကသိုလ်ဝင်းအတွင်းလုံခြုံရေးပိုးတိုးချထားပြီး သံလွင်မြစ်ထဲတွင်လည်း ၅၀၁ စစ်သဘောအသေးများ လိုက်လံလှည့်ပတ်နေသည်ဟု သိရသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် နှင့် ဒေါက်တာ ညွန့်ဖေတို့ လိုက်ပါလာခြင်း ရှိ မရှိ အပေါ် ကေအိုင်စီမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here