“NCA သွားထိုးလိုက်တဲ့အတွက် UNFC အဖွဲ့က အစိတ်စိတ်အမွှာမွှာ ကွဲသွားတယ်။ ပြီးတော့ ဒါရဲ့ အကျိုးဆက်ရလဒ်က အခုထိ ဆက်ပြီးခံနေရတယ်” စောအဲလက်စ် (KPSN)

0
227

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ပြောရေးဆိုခွင့်ရှိသူနှင့် အမေးအဖြေ

၃၁ မေ ၂၀၂၁

အပစ်ရပ်အဖွဲ့တွေထဲက တဖွဲ့ချို့တွေက စစ်ကောင်စီနဲ့ သွားရောက်တွေ့ဆုံခဲ့တာကြောင့် ဒီလုပ်ရပ်ဟာ ပြည်သူ တွေအပေါ် သစ္စာဖောက်ခြင်းဖြစ်ပြီး လက်ရှိ PPST သွားနေတဲ့ နိုင်ငံရေး လမ်းကြောင်းကလည်း ပြတ်သားမှု မရှိကြောင်း၊ မတရားအာဏာသိမ်းတဲ့ စစ်ကောင်စီနဲ့ ဆက်လက် တွေ့ဆုံဆွေးနွေးမယ့် သတင်းတွေ ထွက်ပေါ်နေ ခြင်းကိုလည်း ရှုတ်ချတယ်လို့ တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းအချို့က ပြောဆိုနေကြပါတယ်။ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN ပြောရေးဆိုခွင့်ရှိသူ စောအဲလက်စ်ကို မေလအတွင်း ဆက်သွယ်မေးမြန်းထားသည်။

မေး – KNLA-PC, DKBA စတဲ့ ကရင်လက်နက်ကိုင်တွေအပါအဝင် NMSP, ALP တို့က စစ်ကောင်စီနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်။ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ – ဒီ NCA က လုံး၀ တရားမဝင်တော့တဲ့ အဓမ္မ စစ်အာဏာသိမ်းထားတဲ့ စစ်ကောင်စီတွေနဲ့ သွားစကား ပြော မယ်ဆိုရင် ဒီ NCA က ဘယ်လောက်ပဲ ကောင်းကောင်း ဒီစစ်ကောင်စီနဲ့ စကားပြောတဲ့အတွက် ဘာမှ ကောင်းမွန် တဲ့ အကျိုးရလဒ်ရ နိုင်မယ်လို့ ကျနော်က မမြင်ဘူး။ ဆိုတော့ ဒီ ခုနပြောနေတဲ့ DKBA တို့ PC တို့ NMSP တို့ သွား ပြီးတော့ စစ်ကောင်စီနဲ့ တွေ့ဆုံပြီးတော့ ဆွေးနွေး ညှိနှိုင်းတဲ့ ကိစ္စက ကျနော်အနေနဲ့ ဘာမှ ကောင်းမွန်တဲ့ ရလဒ် ရလာမယ်လို့ ကျနော်မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတခုလုံးကို စုတ်ပြတ်သတ်သွားအောင် နိုင်ငံတစ်ခု လုံးကို ကမောက်ကမဖြစ်အောင်လုပ်တဲ့ လူတွေနဲ့ သွားပြီး ဆွေးနွေးတဲ့အတွက် ရလာမယ့် ပြောရမယ်ဆိုရင် ဆွေးနွေးမှုရလဒ်က ကောင်းတဲ့ ရလဒ်ရှိမယ်လို့ ကျနော်မမြင်ဘူး။ နောက်အဖွဲ့အစည်းတစ်ခုရဲ့ ကောင်းစားရေးနဲ့ ရပ် တည်နိုင်ရေးပေါ်ပဲ အခြေခံပြီး ဆွေးနွေးတာလို့ပဲ ကျနော်ကတော့ မြင်တယ်။ ဆိုတော့ ဒီလိုသီးသန့်ခွဲထုတ် ပြီး တော့ သွားဆွေးနွေးတဲ့ ကိစ္စတွေကလည်း ကျနော်ထင်တာကတော့ ဒီမြန်မာတစ်နိုင်ငံလုံးပဲ ပြောပြော ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အချင်းချင်းကြားထဲမှာ ဘာမှ ကောင်းတဲ့ ရလဒ်မျိုးလို့ ကျနော်တော့ မမြင်ဘူး။ အဲဒီအတွက် ဒီတွေ့ဆုံဆွေးနွေးမှုဟာ မဖြစ်သင့်ဘူး။

မေး – တိုင်းရင်းသားပြည်သူတွေအတွက် ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးတွေ၊ တန်းတူမှုအတွက် လက်နက်ကိုင်နေပါ တယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ပြည်သူတွေ ကန့်ကွက်နေတဲ့ကြားက စစ်ကောင်စီနဲ့ စကားဆက် ပြောနေတော့ ဒါက စစ်ကောင်စီကို တဖက်လှည့်နည်းနဲ့ အသိအမှတ်ပြုရာ ရောက်လား။

ဖြေ – နောက်လူထုလည်း မအားပေးဘူး။ မလုပ်သင့်တဲ့ အရာဖြစ်တယ်။ ပြီးတော့ နောက်တစ်ခု ဒီလိုသွားတွေ့ဆုံ ဆွေးနွေးခြင်းအားဖြင့် ဒီမိုကရေစီကို သစ္စာဖောက်တယ်။ နောက်မတရားမှုကို အားပေးတယ်။ နောက်ပြီးတော့ လူတွေကို သတ်ဖြတ်ပြီးတော့ လုပ်ချင်တာလုပ်တဲ့ စစ်ကောင်စီက ခေါင်းဆောင်တွေကိုလည်း သွားပြီးတော့မှ အသိအမှတ်ပြုတဲ့ အဖွဲ့တွေ အဖြစ်လို့ပဲလို့ ကျနော်ကတော့ အဲလိုပဲ ပြောချင်တာပေါ့နော။ အချုပ်ပြောရရင် ဘာ မှကောင်းကျိုးရလဒ် နိုင်ငံရေးအရကော ငြိမ်းချမ်းရေးအရကော ဘာမှ ကောင်းကျိုး နိုင်ငံအတွက် ဘာမှ ယူ ဆောင်လာပေးမှာ မဟုတ်တဲ့အပြင် ဒီမကောင်းမှုနဲ့ မတရားမှုနဲ့ နိုင်ငံတခုလုံးကို ကပြောင်းကပြန်လုပ်တဲ့ လူကို သွားပြီးတော့မှ အားပေးအားမြှောက်လုပ်ပြီးတော့မှ သူတို့ကို တရားဝင် အသိအမှတ်ပြုပြီးတော့မှ သွားလုပ် တယ်လို့ပဲ ကျနော်ကတော့မြင်တယ်။ ဒါသည် သူတို့အတွက်လည်း မကောင်းသလို ကျန်တဲ့ ပြည်သူလူထုတွေ အတွက်လည်း ကောင်းမွန်တဲ့ အကျိုးရလဒ်တစ်ခုမှ ရှိလာနိုင်တယ်လို့တော့ ကျနော်က မမြင်ဘူးပေါ့။ အဲဒီ အတွက် ကျနော်တစ်ယောက်အနေနဲ့ ဒီလုပ်ရပ်တွေကို ထပ်ပြီးတော့မှ မလုပ်ဖို့ ရပ်တန့်ဖို့လိုတယ်လို့ ကျနော် အနေနဲ့ပဲ ပြောချင်တယ်။

မေး – ဒီနေရာမှာ အခု PPST သွားနေတဲ့ နိုင်ငံရေး လမ်းကြောင်းကိုရော ဘယ်လိုများ သုံးသပ်လို့ရနိုင်လဲ။

ဖြေ – ဒီလိုအခွင့်အရေး နှစ် နှစ်ဆယ် သုံးဆယ် လေးဆယ်လောက် ကျမှ ဒီအခွင့်အရေးမျိုး ကို ဒီတိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေက မိမိရရ မဆုပ်ကိုင်နိုင်ဘူးဆိုရင် ကျနော်ထင်တာက ကျနော်အမြင် တစ် ယောက်က နောက်ထပ်စစ် မတရား အုပ်စိုးမှု အာဏာရှင်အောက်မှာ ကျနော်တို့ ရောက်သွား နိုင်တယ်။ ဒီ အတွက် PPST ရဲ့ ရပ်တည်ချက်ကလည်း မရှင်းဘူး။ PPST ရဲ့ ရပ်တည်ချက်ကလည်း NCA သည် ၂၀၀၈ အခြေခံ ဥပဒေအောက်ကနေ ပေါ်ပေါက်လာတဲ့ NCA မဟုတ်ဘူးလို့တော့ ပြင်ပကနေ ပေါ်ပေါက်လာတဲ့ NCA ပြီးတော့ လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေ့ဆုံတည်ဆောက်မှုကလည်း စစ်တပ်ကပဲ သူတို့အဓိက စစ်တပ်က သဘော တူညီမှု မရှိဘူးဆိုရင် ဆွေးနွေးမှု မလုပ်ဘူးဆိုရင် သူတို့ ဘယ်လိုမှ ဆက်သွားလို့မရဘူး။ ဒါပေမယ့် ဖြစ်စဉ် တစ် လျှောက်လုံးကို ပြန်ကြည့်မယ်ဆိုရင် PPST လွန်ခဲ့တဲ့ ၅ နှစ်တစ်လျှောက်လုံး PPST ပူးပေါင်းပါဝင်ခဲ့တဲ့ ၅ နှစ်ပဲ ပြောပြော ကျနော်တို့ ဒီ လွန်ခဲ့တဲ့ ဦးသိန်းစိန် လက်ထက်ပဲ ပြောပြောပေါ့နော။ နိုင်ငံရေးအရ ကောင်းမွန်ပြီး တော့မှ ကျနော်တို့ လက်တွေ့ကျကျ နေနိုင်တဲ့ ရလဒ်တစ်ခုမှ မရှိဘူး။ ဘာတွေပဲ ဖြစ်သွားလည်းဆိုတော့ တိုင်း ရင်းသား လက်နက်ကိုင်တွေအနေနဲ့ ဆုံးရှုံးသွားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ဒီနယ်မြေ အုပ်ချုပ်ရေး တွေ ဒီခုန ပြောနေတဲ့ သူတို့ရဲ့ အုပ်ချုပ်ရေး လက်ထဲကို ပြန်ရောက်သွားတယ်။ ဆိုလိုချင်တာက တိုက်ပွဲမရှိသော် လည်းပဲ မကျေနပ်မှုတွေ ဖိနှိမ့်မှုတွေ ဒေတာအချက်အလက် ပုံစံအမျိုးမျိုး ပြောင်းလဲ ဖြစ်ရှိတည်ရှိနေတယ်။ ဥပဒေအရ စီးဆင်းမှုတွေ နောက်အနိုင်ကျင့်မှုတွေ ဆက်လက် ရှိနေတယ်။ ဆိုတော့ PPST က ဒီ မတရား အာဏာ သိမ်းတဲ့ တရားမဝင်တဲ့ စစ်ကောင်စီတွေနဲ့ ဆက်လက်ပြီးတော့ တွေ့ဆုံဆွေးနွေးမယ် Engagement လုပ်မယ်ဆို ရင် ကျနော်ထင်တာကတော့ ကောင်းမွန်တဲ့ ရလဒ်လို့ ကျနော်မမြင်ဘူး။

မေး – PPST ထဲမှာလည်း စစ်ကောင်စီနဲ့ သွားတွေ့တဲ့အဖွဲ့တွေရှိသလို မတွေ့တဲ့အဖွဲ့တွေရှိတယ်၊ တဖက်မှာလည်း PPST ခေါင်းဆောင်တချို့ကဆို စစ်ကောင်စီနဲ့ ဆက်ပြီး ဆွေးနွေးချင်တဲ့ပုံစံမျိုးတွေ တွေ့လာနေရတော့ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် PPST က ရော UNFC တုန်းကလို ကွဲသွားနိုင်လား။

ဖြေ – အခုလက်ရှိ ဒီလိုအခွင့်အရေးမျိုးမှာ UNFC ကွဲသွားပြီးတဲ့ နောက်ပိုင်းမှာ NCA သွားထိုးလိုက်တဲ့အတွက် UNFC အဖွဲ့က အစိတ်စိတ်အမွှာမွှာကွဲသွားတယ်။ ပြီးတော့ ဒါရဲ့ အကျိုးဆက်ရလဒ်က အခုထိဆက်ပြီး ခံနေရတယ်။ အခုထက်ထိ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း ခေါင်းဆောင်အချင်းချင်းကြားက ယုံ ကြည်မှုက လုံးဝမရှိတော့ဘူး။ အဖွဲ့တွေကြားထဲမှာ သုံးဖွဲ့လေးဖွဲ့ လောက်ကွဲနေတယ်။ ဥပမာအားဖြင့် စစ် ကောင်စီတွေကို ဖားပြီးတော့မှ ပြောဆိုနေတဲ့ အဖွဲ့တွေရှိသလို ပြီးတော့လည်း မြေပြင်မှာ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေရှိသလို ပြီးတော့ ခုနပြောသလိုပဲ CDM ကို ထောက်ခံတယ် စစ်ကောင်စီကို ရှုတ်ချ တယ်လို့ ပြောပြီးတော့ ဘာမှ လက်တွေ့ မြေပြင်မှ ဘာမှ မလုပ်နိုင်တဲ့ ဘာမှ မလုပ်တဲ့ အဖွဲ့အစည်းတွေလည်း ရှိကြတယ်။ ဆိုတော့ ဒီဟာတွေ တစ်ကွဲတစ်ပြားဖြစ်နေတဲ့အပေါ်မှာ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တွေကို ကျနော်တစ်ယောက်အနေနဲ့ မေးခွန်းထုတ်ချင်တာ တကယ်ရော သူတို့ ဖက်ဒရယ် ဒီမိုကရေစီ လိုချင်သ လား တကယ်ရော မြန်မာပြည်မှာ ငြိမ်းချမ်းရေးကို မြင်ချင်သေးလားဆိုတဲ့ မေးခွန်းမျိုး ကျနော်ထုတ်ချင်ပါ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ်တမ်း သူတို့လိုချင်တဲ့ နိုင်ငံရေးပန်းတိုင်က ကျနော်တို့ အနာဂတ် တည် ဆောက်မယ် ငြိမ်းချမ်းတဲ့ နိုင်ငံတည် ဆောက်မယ် ဒီအချိန်ကသာ သူတို့သိမ်းဆောင်နိုင်တဲ့ အခွင့်အရေးလို့ ကျနော်မြင်တယ်။

မေး – ဒီဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အာဏာသိမ်းပြီးနောက်မှာ တိုင်းရင်းသားတွေတင်မကတော့ပဲ ရန်ကုန်၊ မန္တလေးတို့အပြင် တိုင်းဒေသကြီးတွေထဲက မြို့နယ်တွေပေါ့၊ ပြောရမယ်ဆိုရင် တနိုင်ငံလုံးနီးပါးက စစ်အာဏာ ရှင်ကို မလိုလားကြောင်း လမ်းပေါ်ထွက်လာကြပြီ၊ တချို့ဆို လက်နက်ကိုင်ပြီး တော်လှန်နေကြပြီ။ ဒီလိုအချိန်မျိုး မှာ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် တွေက ဘယ်လို ရပ်တည်သင့်လဲ။

ဖြေ – မြန်မာပြည်ရဲ့ အပြောင်းအလဲ တစ်ကွေ့ ဒီအကွေ့ အခွင့်အရေးက တိုင်းရင်းသား လက်နက်ကိုင်တွေ နှစ် ပေါင်း ၇၀ ကျော်တိုက်လာတဲ့ စစ်ရေးတိုက်ပွဲ နိုင်ငံရေး တိုက်ပွဲ ဒီအချိန်က သူတို့ တကယ် ဦးဆောင်ပြီးတော့မှ စုစုစည်းစည်းနဲ့ လုပ်နိုင်မယ် တစ်ယောက်နဲ့တစ်ယောက် အပြောင်းအလဲ အများကြီး လုပ်နိုင်မယ်လို့ ကျနော် မြင်တယ်။ သို့သော်ပေမယ့်လည်း အဲဒါကို ကျနော်မမြင်ရပေမယ့်လည်း ဆက်လက်ပြီးတော့ ကွဲပြားပြီးတော့ အတွေးအခေါ် အမျိုးမျိုးတွေနဲ့ပဲ ဒီဟာတွေ ဆက်လက်သွားနေမယ်ဆိုရင် ကျနော်ထင်တာကတော့ ခုနပြောတဲ့ ကျနော်အနေနဲ့ပဲ တကယ်ပဲ ငြိမ်းချမ်းရေး လိုချင်တာလား တကယ်ပဲ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက် ချင် လား ဆိုတဲ့ဟာ ကျနော်ထင်တာက အဲဒါတွေ အင်မတန်မှ ဝေးအုံးမယ်လို့ ကျနော်မြင်တယ်။ အဲဒီအတွက် ကျနော်တစ်ယောက် အနေနဲ့က လက်ရှိ အခြေအနေမှာ ကျနော် တိုင်းရင်းသား လက်နက်ကိုင်တွေ ပြတ်ပြတ် သားသား ပြည်သူလူထုနဲ့အတူ ရပ်တည်စေချင်တာက ဘာလဲဆိုတော့ မြန်မာတစ်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ် သုံးဆယ်အတွင်းမှာ ကျနော်တို့ မမြင်ခဲ့တဲ့ ပြည်မက ဗမာလူမျိုးတွေ ဗမာတိုင်းရင်းသား လူမျိုးတွေက အာဏာ ရှင်ကို ဆန့်ကျင်ပြီးတော့ ရရာ လက်နက်စွဲကိုင် ရရာတဲ့နည်းနဲ့ အမျိုးမျိုးဆန့်ကျင်နေတဲ့ အချိန်မှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေက ဒီပြည်မက ဒီ အများစုရှိတဲ့ တိုင်းရင်းသား လူမျိုးတွေကို ကျနော်တို့ အတူတူ လက်တွဲပြီးတော့ ကျနော်တို့ အနာဂတ်ကို ဦးဆောင်ပြီးတော့မှ ကျနော်တို့ လက်တွဲပြီး ဦးဆောင်ပြီး တော့မှ ကျနော်တို့ ပြုပြင်ပြောင်းလဲလို့ရတဲ့ အချိန်ဖြစ်တယ်။

မေး – ဒီစစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆရာတို့ရဲ့ ကရင်ပြည်နယ်အပါအဝင် ကချင်၊ ကယား၊ ရှမ်းမြောက်တွေ မှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ NCA ထိုးထားတဲ့ အဖွဲ့တွေထဲက တချို့နဲ့ တိုက်ပွဲဖြစ်နေပေမယ့် တချို့အဖွဲ့တွေနဲ့တော့ မဖြစ်ဘူး။ ဒါက ဘာ့ကြောင့်လဲ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုများ တိုက်တွန်းချင်ပါသလဲ။

ဖြေ – နောက်အခု လက်ရှိကြည့်မယ်ဆိုရင် တပ်မတော်က စစ်ကောင်စီက သူတို့အတွင်းမှာတောင် ကမောက်ကမ ဖြစ်နေပြီး ပြီးတော့ တိုင်းရင်းသား ဒေသမှာ ကြည့်လိုက် သူတို့ ခြေလျင်ကုပ်ထားတဲ့ နေရာတွေ တော်တော်များ များက သူတို့ ဘယ်လိုမှ သူတို့ ခြေကုပ်ယူလို့မရဘူး။ ဆိုတော့ သူတို့ ဘာလုပ်သလဲဆို လေယာဉ်ကနေ သူတို့ လာတိုက်တယ်။ ဒါပဲ သူတို့ လုပ်နိုင်တယ်။ ကယ် လေယာဉ်တိုက်တော့လည်း သူတို့ ကုန်ကျစရိတ်တွေ အများ ကြီး ကုန်တယ် ဘယ်လောက်အထိ သူတို့ တိုက်နိုင်မှာလဲ တစ်နိုင်ငံလုံးအထိ သူတို့တိုက်နိုင်မှာလား ကချင်ကို တိုက်မယ် ကရင်ကို တိုက်မယ် ရှမ်းကိုတိုက်မယ် ကျနော်ပြောတာ လက်တွေ့မှာ သူတို့ မခံနိုင်ဘူး။ နောက်ထပ် သုံးလ လေးလ ကျနော်တို့ ဒီဟာကို ဆက်ပြီးတောင့်ခံနေ ကျနော်တို့ ညီညီညွှတ်ညွှတ်သွားနိုင်မယ်ဆိုရင် ဒီ စစ် ကောင်စီက ပြုတ်ကိုပြုတ်တယ်။ ဆိုတော့ ကျနော်တို့ ပြုတ်နိုင်ဖို့အတွက်ကတော့ ကွဲကွဲပြားပြား သွားနေဖို့ မဖြစ်သင့်ဘူးလို့ ကျနော်အနေနဲ့မြင်တယ်။ ကျနော်တို့ မစုစည်းနိုင်သရွေ့ တိုင်းရင်းသား လက်နက်ကိုင်တွေ မစုစည်းနိုင် သရွေ့ကတော့ ဝေးနေအုံးမှာပဲလို့ ကျနော်ကတော့ မြင်တယ်ပေါ့နော အဲဒီအတွက် PPST အနေနဲ့ ရပ်တည်ချက် ပြတ်ပြတ်သားသား ဖြစ်ဖို့လိုတယ်။ ခုနပြောနေတဲ့ ဒီ အဖွဲ့တွေထဲမှာ အဖွဲ့ငယ်တွေ လက်အင်အား မရှိတဲ့ အဖွဲ့ တွေရှိတယ်။ အင်အား အသင့်အတင့်မရှိတဲ့ အဖွဲ့တွေရှိတယ်။ အကျိုးစီးပွားအတွက်ရှိတဲ့ အဖွဲ့တွေရှိ သလို နိုင်ငံ ရေးအရ သွားချင်တဲ့ အဖွဲ့တွေရှိတယ်။ ဆိုတော့ အဲဒီအဖွဲ့တွေ အားလုံးကလည်း သူတို့ကိုယ်ကျိုးကို ကျနော် အနေနဲ့ မြင်တယ်ပေါ့နော။ အဲဒီအတွက် သူတို့ ချည်းကပ်မှုတွေက ပုံစံမတူဘူးလို့ ကျနော်ကမြင်တယ်။ သို့ပေ မယ့်လည်း တကယ်နိုင်ငံရေး ဦးတည်ချက် မရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ကျနော် ထင်တာက ဆက်ပြီးတော့ မပေါင်းသင့်တော့ဘူးလို့ ကျနော်မြင်တယ်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here