“စစ်တပ်က ကျောင်းဖွင့်ဖို့ ကြိုးစားတယ်ဆိုတာ ကျောင်းသားတွေ ပညာမသင်ရမှာ စိုးလို့ ဖွင့်တာမဟုတ်ဘူး။ ကျောင်းသားမိဘတွေကို ဖိအားပေး ကျောင်းအပ်နှံဖို့ လုပ်နေတယ်” မရန်ဂျာထွယ်ပန် (ပညာရေးဒုဝန်ကြီး – NUG)

0
251

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေး ဒုဝန်ကြီးနှင့် အမေးအဖြေ

၁ ဇွန် ၂၀၂၁

လက်ရှိပညာရေး အခြေအနေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေး ဒုဝန်ကြီး ဆရာမ မရန်ဂျာထွယ်ပန် နဲ့ မေးမြန်ထားပါတယ်။

မေး- လက်ရှိပညာရေးနှင့်ပတ်သက်ပြီး ပြင်ဆင်နေတဲ့အပိုင်းကို ရှင်းပြပေးပါ။

ဖြေ- ပထမဆုံးက အွန်လိုင်းကနေစတင်မယ်။ ဒါပေမဲ့ နောက်တဖြည်းဖြည်း စာသင်တာကို ဗီဒီယိုကနေသင်မယ်။ ဒီဂျစ်တယ်ပုံစံနဲ့ သင်ကြားပို့ချပေးမယ်။ အဲ့ဒါကို လိုင်းနဲ့မဟုတ်ဘဲ အကုန်သုံးလို့ရအောင် အင်တာနက်မရောက်ရှိတဲ့ နေရာတွေဆီထိ ရောက်အောင်ဖြန့်သွားမယ်။ ကလေးတွေကို ပညာပေးတဲ့ပိုင်း ပုံမှန်လုပ်ဆောင်သွားမယ်။ အခြေခံပညာကျောင်း ၁၂ တန်းထိဖြစ်တဲ့ ပညာရေးကျောင်းတွေနဲ့ တက္ကသိုလ်ကျောင်းတွေကိုလည်း June လကနေစပြီး တစ်ဖွဲ့ပြီးတစ်ဖွဲ့ စပြီးခေါ်မယ်။ ပထမဆုံးပြင်ဆင်ထားတဲ့ အဖွဲ့က နောက်ဆုံးနှစ်နဲ့ Master တွေဖြစ်တယ်။ အဲ့လိုမျိုးနဲ့ စတင်မယ်။ June လမှစပြီး လုပ်ငန်းစသွားမယ်။

မေး- စစ်ကောင်စီက ကျောင်းဖွင့်ဖို့ ကြိုးစားနေတယ်။ ဒီပေါ်ရော ဘယ်လိုပြောချင်ပါသလဲ။

ဖြေ- စစ်တပ်က ကျောင်းဖွင့်ဖို့ ကြိုးစားတယ်ဆိုတာ ကျောင်းသားတွေ ပညာမသင်ရမှာ စိုးလို့ ဖွင့်တာမဟုတ်ဘူး။ ကျောင်းသားမိဘတွေကို ဖိအားပေး ကျောင်းအပ်နှံဖို့ လုပ်နေတယ်။ ဒါတွေက သူတို့ နိုင်ငံကို ကောင်းကောင်းအုပ်စိုးနေတယ်။ နိုင်နေတယ်။ တည်ငြိမ်နေတယ်ဆိုတာကို ပြချင်လို့ဖြစ်တယ်။

မေး- အစိုးရကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာ၊ ဆရာမတွေလည်း ရှိတယ်။ တချို့က CDM လုပ်ထားတဲ့သူတွေလည်းရှိတယ်။ ဆိုတော့ ပညာကို နိုင်ငံ့အဆင့် Federal Education အဖြစ်စတင်တဲ့ခါ အစိုးရဝန်ထမ်း ဆရာ၊ ဆရာမတွေနဲ့ ဘယ်လိုချိတ်ဆက် လုပ်ဆောင်သွားမယ်ဆိုတာကိုလည်း သိချင်တယ်။

ဖြေ- အဲ့ဒါကတော့ နှစ်ပိုင်းဖြစ်လိမ့်မယ်။ ပထမ တစ်ခုက အခုကျမတို့ ကြားကာလမှာ ပညာပို့ချပေးတာက တစ်ပိုင်း နောက်ပြီး ကြားကာလပြီးနောက် ပြောင်းလဲနိုင်ပြီဖြစ်တဲ့ နိုင်ငံရေးအခြေအနေဆိုရင်တော့ Federal Education ဖြစ်အောင် ကြိုးပမ်းသွားမယ်။ Federal Education ရယူနိုင်ပြီဆိုမှ ဆရာ၊ဆရာမတွေ တက္ကသိုလ်တွေကို ပြည်နယ်အစိုးရတွေအနေနဲ့ တာဝန်ယူညွန်ကြားတဲ့ပိုင်း သွားတယ်။ အဲ့ဒီကိုမရောက်ခင် ကြားကာလမှက အွန်လိုင်းကနေတစ်ဆင့် ပညာပို့ချနေတဲ့အခြေအနေဖြစ်တာေကြာင့် ဆရာ၊ ဆရာမတွေလည်း ခုချိန်က ရှောင်နေရတဲ့သူတွေလည်းရှိသလို လက်လှမ်းမမှီနိုင်တဲ့သူတွေလည်းရှိတာကြောင့် အွန်လိုင်းအတွက်ဆိုရင်တော့ ဆရာ၊ ဆရာမတွေ အများကြီးတော့ မလိုအပ်သေးဘူး။ ဒါပေမဲ့ နောက်ပိုင်း ကျောင်းတွေမှာကို သင်ရတော့မယ်ဆိုရင်ကCDM လုပ်ထားတဲ့ ဆရာ၊ဆရာမအားလုံးကို ပြန်အသုံးလိုပါမယ်။ စစ်ကောင်စီဘက်ကတော့ သူတို့ကို ရာထိုးတွေအားလုံးချလိုက်တယ်။ စာတွေထုတ်ပြန်တယ်။ ဒါတွေအားလုံးက တရားမဝင်ပါဘူး။ ဖေဖော်ဝါရီ ၁ လပိုင်းမှ စပြီးလုပ်တဲ့အရာမှန်သမျှက တစ်ခုမှ တရားမဝင်ပါဘူး။ သူတို့ကို နဂိုရာထိုးအတိုင်း၊ တိုးပေးသင့်တဲ့သူတွေကိုလည်း တိုးပေးပြီး သူတို့ကို အသိအမှတ်ပြုမဲ့အရာတွေရှိတယ်။

မေး- ပညာရေးနှင့်ပတ်သက်ပြီး ပြင်ဆင်နေတဲ့အပိုင်းနဲ့ နောက်ဆုံးပြည်သူတွေကို ဘယ်လိုပြောကြားလိုပါသလဲ။

ဖြေ- ကျမတို့ လူမျိုးတွေဟာ အရင်ကတည်းက တော်လှန်ခဲ့တယ်။ ဒါပေမဲ့ ပညာရေးပိုင်းမှာလည်း တစ်ဖက်မှာ သင်ကြားပို့ချပြီး တော်လှန်ရေးဝင်သွားမယ်။ ဆက်လက်ပြီး တော်လှန်ရေးဆက်လက်လုပ်ရမယ်။ တစ်တိုင်းပြည်လုံး တော်လှန်ရေးလုပ်နေတယ်။ တစ်ဖက်မှာလည်း ကိုယ့်သားသမီးတွေေ ကျောင်းမသွားနိုင်ရင်လည်း ပညာနဲ့ပတ်သက်ပြီး ကြားဝ မြင်ဝ နေဖို့အတွက် ရေရှည်အနေနဲ့ ပြင်ဆင်ပေးတဲ့အပိုင်း ဖြစ်ပါတယ်။

 

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here