“တစ်နိုင်ငံလုံး အတိုင်းအတာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ မဟုတ်ဘူး။ လူထုကိုယ်တိုင်လည်း ပါဝင်ပြီးတော့ အကြမ်းဖက် စစ်ကောင်စီကို တိုက်ထုတ်စေချင်တာ” KNDF

0
349

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူတစ်ဦးနှင့် အမေးအဖြေ

၂ ဇွန် ၂၀၂၁

မေလ ၃၁ ရက်နေ့က ကယား(ကရင်နီ) ပြည်နယ်မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကို ဖွဲ့စည်း လိုက်ကြောင်းထုတ်ပြန်လိုက်ပါတယ်။ KNDF ကို ဘာ့ကြောင့် ဖွဲ့စည်းလိုက်တာလဲ၊ အဲ့ဒီအဖွဲ့ထဲမှာ ဘယ်သူတွေ ပါလဲ၊ ဘယ်လိုပေါ်လစီမူဝါဒ သွားဖို့ရှိပါသလဲ၊ ကယား(ကရင်နီ) ပြည်နယ်ထဲက တိုက်ပွဲအခြေအနေ၊ စစ်ကောင်စီ တပ်၏ စစ်အင်အားတိုးချဲ့မှု စတာတွေကို KNDF က တာဝန်ရှိသူ တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ် KNDF ကို ဘယ်လိုကြောင့် ဖွဲ့စည်းဖြစ်သွားတာလဲ။ KNDF ကို PDF ဘယ်နှစ်ဖွဲ့နှင့် ပါဝင်ဖွဲ့စည်းထားတာလဲ။

ဖြေ – အဲဒါက ကျနော်တို့ PDF ဆိုတဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေပေါ့နော။ ကျနော်တို့ ကရင်နီ ပြည်နယ်မှာ ရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေ အကုန်လုံးပေါင်းပြီးမှ စုဖွဲ့လိုက်တဲ့ အမည်နာမ တစ်ခု ဖြစ်တယ်ပေါ့နော်။ တပ်ပေါင်းစုပေါ့ ရှင်းရှင်းပြောရရင်တော့။ အဲဒါကကျတော့ KNDF က PDF တွေ စုဖွဲ့ပြီး ဖွဲ့ စည်းတယ်ဆိုတာ မှန်တယ်။ လက်ရှိမှာ တရားဝင် ထုတ်ပြန်ထားတဲ့ PDF တွေ အကုန်လုံးပါတယ်ပေါ့နော်။ ဥပ မာ ဒီကရင်နီပြည်နယ်မှာ ရှိတဲ့ မြို့နယ် ၈ မြို့နယ်ရှိတယ်။ ၈ မြို့နယ်က လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်ကမှ တစ်မြို့ ဖြစ်တဲ့ နမ့်ဖက်ခုံမြို့နယ်ပေါ့။ နမ့်ဖက်ခုံမြို့နယ် တစ်မြို့တိုးလာ တော့ ၈ မြို့နယ်ဖြစ်သွားတယ်။ အဲဒီ ၈ မြို့နယ် မှာ လွိုင်ကော် PDF ရှိတယ်။ နောက်ပြီးတော့ ဒီးမော့ဆို PDF ရှိတယ်။ နောက် နမ့်ဖက်ခုံ PDF ရှိတယ်ပေါ့နော်။ ဒါလောလောဆယ်ပေါ့ လောလောဆယ်မှာ ဒီ PDF ၃ မြို့နယ်ပေါ့ ၃ မြို့နယ် ဖွဲ့စည်းတယ်။ နောက် မိုးဗြဲ ဖယ်ခုံ PDF ရှိတယ်။ မိုးဗြဲ PDF ရှိတယ်။ ဖယ်ခုံ PDF ရှိတယ်။ ၅ မြို့နယ်နဲ့ လောလောဆယ်တော့ စုဖွဲ့ထားတာပေါ့နော်။

မေး – ပြီးတော့ KNDF မှာ ကရင်နီပြည်နယ် အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တွေရောပါ သလား။ ဘယ်အဖွဲ့တွေပါသလဲ။

ဖြေ – အဲဒါက ဒီမှာရှိတဲ့ လက်ရှိရှိနေတဲ့ အဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်တဲ့အပိုင်း တွေရှိတယ်ပေါ့နော်။ အဓိကက KNPP ပေါ့။ KNPP ဒီကျန်တဲ့ ကျနော်တို့ ကရင်နီပြည်နယ်မှာရှိနေတဲ့ အဖွဲ့အ စည်းတွေလည်း သူ့ဟာနဲ့ သူတော့ ပါဝင်ပတ်သက်နေကြတာပဲပေါ့နော်။ ဒီမှာရှိနေတဲ့ နယ်မြေခံ တိုင်းရင်းသား လက်နက်ကိုင်တွေကတော့ ဒီမှာ လူထုနဲ့ တစ်သားတည်း ရပ်တည်နေတာပေါ့နော်။

မေး – KNDF က ဘယ်လို မူပေါ်လစီနဲ့ သွားဖို့ရှိသလဲ၊ NUG ရဲ့ ကာကွယ်ရေး မူပေါ်လစီနဲ့လား။ ဘယ်လိုပုံစံနဲ့ သွားမှာလဲ အဲဒါကျတော့။

ဖြေ – ဒီအဖွဲ့အစည်းရဲ့ ပေါ်လစီကတော့ ပထမ အရင် CRPH ပြီးရင် အခု ဒုတိယ NUG ပေါ့နော်။ NUG ရဲ့ ကျနော် တို့ ဒီတရားဝင် အသိအမှတ်ပြုထားတဲ့ လက်အောက်ကနေပဲ ကျနော်တို့ သွားတာပေါ့။ သူတို့ ထုတ်ပြန်ထားတဲ့ နည်းဥပဒေအတိုင်းပဲ လိုက်နာကျင့်သုံးသွားတာပေါ့နော်။ အဲဒီအတိုင်းပဲ ဆက်သွား နေတာပေါ့ အခုလက်ရှိက အဲ့ လိုပဲ NUG က ထုတ်ပြန်ထားတဲ့ ဥပဒေ အတိုင်းပဲ ကျနော်တို့ ရပ်တည်နေတယ်ပေါ့နော်။

မေး – နောက်တစ်ခုက ဒီကနေ့ (ဇွန်လ ၁ ရက်နေ့) ကယား(ကရင်နီ)ပြည်နယ်မှာ တိုက်ပွဲ ဖြစ်ပွားတာရှိသလား။ တိုက်ပွဲ အခြေအနေ ဘယ်လိုရှိသလဲ။

ဖြေ – ကရင်နီပြည်နယ်မှာဆို အခုကျနော်တို့ ဒီးမော့ဆိုမြို့နယ်ပေါ့ ကျနော်တို့ တိုက်ပွဲစဖြစ်တဲ့ စစ်ပွဲစဖြစ်တဲ့ မြို့ နယ် အဲဒီမှာ စစ်ပွဲစဖြစ်တဲ့ အကြောင်းအရင်းပေါ့။ ဒီးမော့ဆို မြို့ခံ PDF ပေါ့ ဒီမောဆို PDF နဲ့ အကြမ်းဖက် စစ် ကောင်စီနဲ့ တိုက်ပွဲ စဖြစ်တဲ့နေရာ အဲဒီမှာပဲ အခု ဒီနေ့ အခြေအနေဆိုရင် မနက် ၆ နာရီ လောက်နေစပြီး တော့ တာဝေးပစ်ဒုံးတွေပေါ့။ ၁၂၀ မမ ဒုံးတွေနဲ့ ပစ်နေတယ်ပေါ့နော်။ အခုလက်ရှိ အချိန်အထိပဲ ပစ်နေတုန်း ပေါ့။ နှစ်ဖက် ထိပ်တိုက်တွေ့ဆုံမှုတော့မရှိဘူး။ သူတို့ဟာသူတို့ လွိုင်ကော်မြို့ကနေပြီးတော့ ဒီးမော့ဆိုမြို့ကို ပစ်နေတာပေါ့နော်။ မနေ့တုန်းက ဆိုရင်တော့ ဖယ်ခုံ၊ မိုးဗြဲဖက်လည်း သူတို့ ပစ်တယ်ပေါ့နော်။

မေး – မေလ ၃၁ ရက်နေ့က စစ်ကောင်စီဖက်က လေယာဉ်တွေနဲ့ ပါ လာရောက် ပစ်ခတ်တယ်ဆိုတော့ တိုက်ပွဲ အခြေအနေလည်း ပြောပြပေးပါအုံး။

ဖြေ- မနေ့က အခြေအနေခါကျတော့ ကျနော်တို့ နေ့လည် ၁၂ နာရီမှာ တိုက်ပွဲစဖြစ်တာ ပေါ့နော်။ တိုက်ပွဲစဖြစ်တာကတော့ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာပေါ့နော်။ ဒေါငံခါးရပ်ကွက် နောက် ကုန်းသာကျေးရွာနဲ့ အလယ်မှာရှိတဲ့ ကျောက်ဆည်ကန်ပေါ့ အဲဒီရပ်ကွက်နဲ့ ရွာရဲ့ အလယ်မှာရှိတဲ့ ကျောက် ဆည်ကန်မှာ စစ်ပွဲဖြစ်တာပေါ့။ စစ်ကောင်စီက ဟက်လီကော်ပတာ ၂ စီးပေါ့နော် ပထမတော့ ၂ စီးနဲ့ပစ်တယ်။ အပေါ်ကနေ ပစ်တယ်။ နောက်ပြီးတော့ ညပိုင်းလောက်မှာကျတော့ ဂျက်လေယာဉ် ၂ စီးနဲ့ ထပ်ပစ်တယ် ပေါ့ နော်။ ဂျက်လေယာဉ်တွေကတော့ တစ်ညလုံးနီးပါး ပျံဝဲနေတာပဲ။ ဒီးမော့ဆိုမြို့နယ်မှာပဲ။ စစ်ပွဲဖြစ်နေတာ လည်း ဒီးမော့ဆိုပဲ ဖြစ်တဲ့အတွက် ဒီးမော့ဆိုပဲ သူတို့ ပစ်နေတာပေါ့။ စစ်ပွဲဖြစ်တဲ့နောက် ကျဆုံးတာ ထိခိုက်တာ ကျတော့ ကျနော်တို့ PDF ကနေပြီးတော့ ၂ ဦးကျဆုံးတယ်။ ၅ ဦး ဒဏ်ရာရတာပေါ့နော်။ စစ်ကောင်စီဖက်ကျ တော့ အခုကျနော်တို့ KNDF က ထုတ်ပြန်ထားတာပေါ့နော်။ ဒီ ၈၀ ဝန်းကျင်ပေါ့နော်။ ဒါက ခန့်မှန်းပေါ့နော်။ မြေပြင်မှာ ဖြစ်နေတဲ့ဟာကို လောလောဆယ်ပေါ့ အခု ဒီမနက် ရှင်းလင်းရေး ကိစ္စတွေ မနေ့ထဲကနေ တိုက်ပွဲ အခြေအနေက ပြင်းထန်တော့ အကျအဆုံးများတယ်။ သူတို့ အကျအဆုံးများတယ်။ ခန့်မှန်းခြေ အဲဒီဝန်းကျင် တော့ ဖြစ်ဖို့ များတာပေါ့နော်။

မေး – လေယာဉ်နဲ့ လာရောက်ပစ်ခတ်တဲ့ ဘာ့ကြောင်လဲ၊ အဲ့ဒီအပေါ် ဘယ်လိုသုံးသပ်ချင်သလဲ။

ဖြေ – ဒါက သူတို့အနေနဲ့ ဘယ်လိုပြောမလဲ တိုက်ပွဲ စဖြစ်ပွားတဲ့ အချိန်မှာလည်း ကျနော်တို့ PDF တွေက သူတို့ ရှိ တဲ့ နယ်မြေ သူတို့ တပ်စွဲထားတဲ့ နေရာတွေ သွားရောက် ပစ်ခတ်ခဲ့တာမျိုး မရှိဘူးပေါ့နော်။ မရှိဘူး ကျနော်တို့ PDF တစ်ဖွဲ့တစ်ချို့ ရှိတဲ့နေရာတွေကို သူတို့ ကျူးကျော်ရောက်လာတယ်။ ရောက်လာတော့ ပစ်ခတ်မှု ရှိတယ် ပေါ့။ ပစ်ခတ်မှုရှိတော့ ထိခိုက်ကျဆုံးမှု ရှိလို့ ဒီလေယာဉ်တို့ ဘာတို့ သုံးပြီးမှ သူပစ်ခတ်တယ်လို့ ကျနော်တို့က မြင်တာပေါ့နော်။ သာမန်ပဲ ဆိုရင်တော့ ဒီလို လေကြောင်းထိုးစစ်က ကျနော်တို့ ဘယ်နေရာမှာမှ မတွေ့ဖူးဘူး ပေါ့။ မရှိသေးဘူးပေါ့။

မေး – တစ်ဖက်မှာလည်း စစ်ကောင်စီဖက်က ကယားပြည်နယ်မှာ တပ်အင်အား တိုးချဲ့ထားတယ်လို့ ကြား တယ်။ အဲဒီက မှန်လား ဘယ်လိုအခြေအနေရှိလဲ။

ဖြေ – အဲဒါကတော့ နေ့စဉ်လိုလို တိုးချဲ့နေတာပဲလေ။ ဒါကတော့ လေယာဉ်တွေ ဒီနေ့ဆိုရင်လည်း နှစ်ခါ သုံးခါ ဆင်းတယ်။ အဲမှာ ရိက္ခာပို့တယ် ကျည်တွေပို့တယ်။ လူအင်အားတွေ ထပ်ဖြည့်မယ် ဒါသူတို့ လုပ်နေကြပေါ့ နော်။ ပုံမှန် အခုက တိုက်ပွဲကာလလည်း ဆယ်ရက်ကျော် ကြာပြီဆိုတော့ စဖြစ်တဲ့ အချိန်က တည်းက သူတို့ အင်အား ဖြည့်တင်းမှုတွေ လုပ်တယ်။ နောက် ကျနော်တို့ ဒီ လမ်းပန်းဆက်သွယ်ရေးတွေ ဖြတ်တောက်တာတွေ ရှိတာပေါ့။

မေး – ဆိုတော့ တပ်အင်အားလည်း တိုးချဲ့တာတွေရှိတယ်ဆိုတော့ လက်ရှိ အနေအထားအရ ကယားပြည်နယ် မှာ တိုက်ပွဲက ပိုမိုပြင်းထန်လာနိုင်ဖို့ရှိသလား။

ဖြေ – တိုက်ပွဲကတော့ သူတို့ အကြမ်းဖက် စစ်ကောင်စီအပေါ်မှာပဲ မူတည်တယ်လေနော်။ တိုက်ပွဲ ပြင်းထန်မှု ရှိ/မရှိ၊ ဖြစ်ပေါ်လာမှု ရှိ/မရှိ သူတို့အပေါ်မှာပဲ အများကြီး မူတည်တယ်။ ဘာဖြစ်လို့ ဆို ကျနော်တို့ လူထု ပြည် သူလူထုပေါ့ ဒီကရင်နီပြည်နယ်မှာရှိတဲ့ ပြည်သူလူထုအကုန်လုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးဆေးဆေး ဖြတ်သန်းကြတယ်။ ဒါပေမယ့် သူတို့က ဖမ်းဆီးနှိပ်စက်တယ် သတ်ဖြတ်မှုတွေ အများကြီး ရှိတယ်ပေါ့။ ကရင် နီပြည်မှာ အများကြီးရှိတော့ မခံမရပ်နိုင်တဲ့ လူတွေကနေပြီးတော့ ထကြွအုံကြွမှုတွေ ဖြစ်လာတာပေါ့နော်။ အဲ့ ဒါဆို နောက်ဆက်တွဲက သူတို့ လုပ်ဆောင်မှုအပေါ်မှာပဲ အများကြီးမူတည်တယ်လို့ ကျနော်က မြင်တယ် ပေါ့ နော်။

မေး – နောက်ဆုံးမေးခွန်းပါ။ အခုက ကယားပြည်နယ်မှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာတယ်ပေါ့ နော်၊ ဆိုတော့ ဒီလိုမျိုး အနေအထားမှာ တခြား တိုင်းရင်းသား ပြည်နယ်တွေကို ဘာသတင်းစကား ပါးချင် သ လဲ။

ဖြေ – အဓိကကတော့ တစ်နိုင်ငံလုံး အတိုင်းအတာပေါ့နော်။ တစ်နိုင်ငံလုံး အတိုင်းအတာ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းမှ မဟုတ်ဘူး။ လူထုကိုယ်တိုင်လည်း ပါဝင်ပြီးတော့ အကြမ်းဖက် စစ်ကောင်စီကို တိုက် ထုတ် စေချင်တာပေါ့။ ဒါမှလည်း တစ်ညီတစ်ညွတ်တည်းနဲ့ ကျနော်တို့ လိုချင်တဲ့ ကျနော်တို့ ရည်မှန်းတဲ့ ပန်း တိုင် ကျနော်တို့ မျှော်လင့်နေတဲ့ ဖက်ဒရယ် ဒီမိုကရေစီပေါ့ ဒီအာဏာရှင်ပြုတ်ကျဖို့ အဓိက အဲဒီဟာ ဖြစ်လာ နိုင်တယ်ပေါ့နော်။ အဲလိုလည်း ကျနော်တို့ ယူဆတယ်ပေါ့။ ဒါကြောင့်မို့လို့ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နေသူရော ရွာပါမကျန် ပေါ့ ကျေးရွာလူထုမကျန် အကုန်လုံးက ဒီစစ်ကောင်စီကို တစ်ပြိုင်နက်တည်း တိုက်ထုတ်ဖို့ကို အမြန်ဆုံး အကောင်အထည်ဖော်စေချင်တယ်ပေါ့နော်။ တစ်မြို့ထဲ လုပ်နေတာခါကျတော့ တစ်မြို့တည်းပဲ အဖိခံရ နိုင်တဲ့ အခြေအနေရှိတယ်ပေါ့။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here