မင်းတပ်မြို့နယ် ဘုရားစခန်းရွာမှ မသန်စွမ်း ၂ ဦးအား အာဏာသိမ်းစစ်ကောင်စီတပ်က သေနတ်ဖြင့် ပတ်ခတ်ဖမ်းဆီး

0
249

၁၆ ဇွန် ၂၀၂၁

ချင်းပြည်နယ် မင်းတပ်မြို့နယ် ဘုရားစခန်းကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၀ ရက်နေ့က ရွာထဲသို့ဝင်ရောက်လာပြီး မသန်စွမ်းအမျိူးသားတစ်ဦးနှင့် အမျိူးသမီးတစ်ဦးတို့ကို သေနတ်ဖြင့် ပစ်ခတ်ကာ ဖမ်းဆီးရိုက်နှက်ခဲ့သည်ဟု သိရသည်။

ဘုရားစခန်းကျေးရွာမှ အသက် ၄၇ နှစ်အရွယ် စိတ်ကျန်းမာရေးချို့တဲ့သူ ဦးမာန်မောင်းဟာကို စကစ တပ်ဖွဲ့ဝင် များက ဇွန်လ ၁၀ ရက်နေ့က ဖမ်းဆီးကာ လက်ပြန်ကြိုးတုပ် ရိုက်နှက်မှုကြောင့် ဦးခေါင်းနှင့် ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး အသက် ၆၃ နှစ်အရွယ် စိတ်ကျန်းမာရေးချိူ့တဲ့သူ ဒေါ်ဂေစိမ်းငှိမ်းကိုလည်း သေနတ်ဖြင့် ပစ်ခတ်ကာ ပေါင်နှင့် ခြေသလုံးတွင် ဒဏ်ရာရရှိခဲ့သည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးက သတင်းထုတ်ပြန်သည်။

စကစတပ်ဖွဲ့ဝင်များသည် ဘုရားစခန်းကျေးရွာသို့ ဝင်လာပြီး ဒေါ်ဂေစိမ်းငှိမ်း၏ အိမ်ခေါင်မိုးပေါ်က ဆိုလာပြားကို တက်ဖြုတ်နေသည့် စစ်သားကို မဖြုတ်ရန် အိမ်ထဲမှအော်ပြောသည့်အတွက် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

အဆိုပါကိစ္စကို ဇွန်လ ၁၃ ရက်နေ့မှသာ ရွာသားများထံမှ သတင်းရရှိကာ ၎င်းတို့သည် ယင်းဒဏ်ရာများကို ၄ ရက်လုံးလုံးခံစားခဲ့ကြရပြီး ဇွန်လ ၁၄ ရက်နေ့က ဆေးဝါးကုသပေးမှုများပြုလုပ်ခဲ့ပြီးနောက် ယခုအခါ လူနာ ၂ ယောက်စလုံး စိုးရိမ်စရာမရှိတော့ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here