28 March 2024 /

See today's Peace Related News

KIO/KIA ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်လာသူတိုင်း Covid-19 စစ်ဆေးကာ Quarantine ၁၄ရက် ဝင်ရမည်

၁၈ ဇွန် ၂၀၂၁

နိုင်ငံထဲတွင် COVID-19 တတိယလှိုင်းဖြစ်နေလာပြီး မျိုးရိုးဗီဇပြောင်း ပိုးတွေ့ရှိလာသူများလည်း ရှိနေ လာနေ သည့်အတွက် KIO/KIA ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာ သူများအနေဖြင့် COVID-19 ရောဂါပိုး စစ် ဆေးခြင်းများပြုလုပ်ရမည်ဖြစ်သည့်အပြင် ရောဂါ လက္ခဏာပြသခြင်း မရှိသော်လည်း Quarantine ၁၄ ရက် နေရမည်ဆိုသည့် အချက်အပြင် ကန့်သတ်မှုများ ထပ်တိုးလိုက်သည်ဟု သိရသည်။

မြန်မာနိုင်ငံထဲတွင် COVID-19 တတိယလှိုင်းဖြစ်နေလာပြီး ကူးစက်မှုမြှင့်တက်လာနေခြင်း၊ သေဆုံးမှုများ ဆက် တိုက်ရှိလာနေခြင်းနှင့် မျိုးရိုးဗီဇပြောင်း ပိုးတွေ့ရှိလာသူများလည်း ရှိလာနေသည့် ဒေသ အတွင်း ရောဂါကူး စက်မှုများ ထိန်းချုပ်နိုင်ရေး KIO/KIA ထိန်းချုပ်နယ်မြေအတွင်း ကန့်သတ်မှုများ ထပ်တိုးထားခြင်းဖြစ်သည်ဟု KIO/KIA က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီ ၏ အတွင်းရေးမှူး ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က “ကြိုတင်ကာကွယ်ခြင်း အနေနဲ့ ကျနော်တို့ နောက်ထပ်ပိုပြီးတော့ စည်းကမ်းတွေကို သတ် မှတ်ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ ကျနော်တို့ အစပိုင်းမှာ ဆိုလို့ရှိရင် အရင်၂၀၂၀ မှာ အစပိုင်းကာလမှာ ကျနော်တို့ ကျနော်တို့ ဒေသတွေကို ဝင်လာတဲ့ အားလုံးတွေကို ကွာရန်တင်း ၁၄ ရက် ကျနော်တို့ အဲလိုမျိုးဝင် ခိုင်းတယ်။ နောက်ကျရင် အဲဒါကို ကျနော်တို့က တဖြည်းဖြည်းပြန်ပြီးတော့ ဖြေလျော့လိုက်တယ်။ နောက် ကျတော့ ၇ ရက် ရောဂါဖြစ်တဲ့သူလည်း မရှိဘူးဆိုတော့။ အခုတော့ ကွာရန်တင်း ၁၄ ရက်လည်း ခံယူရမယ်။ ပြီးတော့ ဆေးစစ်တဲ့ အခါ အဖိုးအခတွေ ပေးဆောင်ရမယ် ဒီအချက်တွေ ပါပါတယ်ခင်ဗျာ” ဟု ပြောသည်။

မြန်မာနိုင်ငံအတွင်း COVID-19 လူနာများ တစ်ရက်ပြီးတစ်ရက် တိုးလာနေခြင်း ကြားနေရသည့်အတွက် ပထမ အဆင့်အနေဖြင့် ကြိုတင်ကာကွယ်ခြင်းနိုင်ရေး၊ ရောဂါပိုးစစ်ဆေးခြင်း လုပ်ငန်းစဉ်များ ပိုမိုထိရောက်မှု ရှိစေရန် နှင့် သတ်မှတ်ထားသည့် စည်းကမ်းများ လိုက်နာ ဆောင်ရွက်နိုင်ရန် ထပ်မံထုတ်ပြန်ရခြင်း ဖြစ်သည် ဟု ဗိုလ်မှူး ကြီး လဖိုင်ဟိန်းဝေါမ် က ပြောသည်။

ဇွန်လ ၁၆ ရက်နေ့က စတင်၍ KIO ဌာနချုပ် လိုင်ဇာမြို့အပါအဝင် အခြားသော KIO ထိန်းချုပ်နယ်မြေများ အတွင်းသို့ ဝင်ရောက်လာမည့်သူများအနေဖြင့် ရောဂါပိုး စစ်ဆေးရမည်ဖြစ်ပြီး ရောဂါ လက္ခဏာပြသခြင်း မရှိ သော်လည်း သတ်မှတ်ထားသည့်နေရာတွင် Quarantine ၁၄ ရက် ဝင်ရောက်နေထိုင်ရမည်ဟု ပြောသည်။

ထို့အပြင် Quarantine ၁၄ ရက် နေထိုင်နေစဉ် ဆေးစစ်မှု နှစ်ကြိမ်ခံယူရမည်ဖြစ်သည်။ အဆိုပါ ဆေးစစ်မှုများ အတွက် တစ်ဦးလျှင် တရုတ်ယွမ်ငွေ ၅၀ ယွမ် ပေးဆောင်ရမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီ က ပြောသည်။

“ဒီစားစရိတ်တွေကိုဆို ကျနော်တို့ တာဝန်ယူပေးတာဖြစ်တယ်။ နောက်ပြီးတော့ သူတို့ တည်းခိုတဲ့ နေရာက အစ ပေါ့ ၁၄ ရက် အတောအတွင်း သူတို့ စားနပ်ရိက္ခာရော သူတို့ အဆောင်ခတွေ ဘာတွေတော့ မလိုတော့ဘူး။ အဓိ ကဆိုရင် နှစ်ခါ ဆေးစစ်ပေးရတယ်။ ကျနော်တို့ ဝင်လာတဲ့ တစ်ခါ နောက်ပြီးတော့ ၁၄ ရက်ပြည့်ခါနီးမှာ သူတို့ မထွက်ခင်တစ်ခါ ဘာမှ မဖြစ်ဘူးဆိုလို့ရှိရင် ကျနော်တို့က သူတို့ကို ပြန်ခွင့်ပြုတယ်။ ကျနော်တို့ ယွမ် ၅၀ သတ် မှတ်ထားပါတယ်။ ၂ ခုစလုံးအတွက်ပေါ့” ဟု ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ် က ပြောသည်။

ထို့အပြင် KIO/KIA ထိန်းချုပ်နယ်မြေအတွင်းက COVID-19 ရောဂါ ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ် ကိုင်ဆောင်ထားသူများသည်လည်း တစ်မြို့မှ တစ်မြို့သို့သွားလျှင် Quarantine ၅ ရက် ဝင်ရောက်နေထိုင်ရ မည်ဖြစ်သည်ဟု ဆက်ပြောသည်။

ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က “နောက်ပြီးတော့ ဒါပေမယ့် သူတို့အတွက် တကယ်လို့ ဆေးထိုးလက်မှတ်တွေ သူတို့ ပြနိုင်ခဲ့မယ်ဆိုရင် ၅ ရက်ပဲ ကျနော်တို့ သတ်မှတ်ထားပါတယ်။ သူတို့က အထောက်အထားနဲ့ ဆိုလို့ရှိရင် တကယ် ထိုးပြီးပြီဆိုတဲ့ အထောက်အထား ပြနိုင်ခဲ့လို့ရှိရင် ၅ ရက် ဖြစ်ပါတယ်” ဟု ပြောသည်။

KIO/KIA ထိန်းချုပ်နယ်မြေအတွင်းက ပြည်သူများသည် COVID-19 ရောဂါနှင့်ပတ်သက်၍ စိုးရိမ်မှုမရှိပဲ သတ် မှတ်ထားသည့် စည်းကမ်းမျာကိုလည်း လိုက်နာမှု အနည်းငယ် အားနည်းသည့်အတွက် ကန့်သတ်မှုများ ထပ်တိုး ရခြင်းဖြစ်ပြီး ယခုထပ်တိုးလိုက်သည့် စည်းကမ်းချက်များထဲတွင် ပွဲလမ်းသဘင်အခမ်းအနားများတွင်လည်း လူဦး ရေ ၁၀၀ ထက် မပိုရဟူသည့် စည်းကမ်းချက်လည်း ထပ်တိုးကန့်သတ် လိုက်သည်။

“ခုနပြောတဲ့အတိုင်းပဲ အများပိုင်းတော့ ဒီ မြန်မာပြည်မှာ Third Wave တွေ ဝင်လာတယ်ဆိုတာ တချို့တော့ သိ ပြီ။ ဒါပေမယ့် ပြည်သူလူထုတွေက သိပ်ပြီးတော့ နားလည်တာ စိတ်ဝင်စားတာ သိပ်မရှိဘူး။ ကျနော်တို့က အစ မှာလည်း ဒီရောဂါ ဆိုးဆိုးဝါးဝါး အဲလိုမျိုး ရောဂါတွေလည်း ဖြစ်တော့ဖြစ်တယ်။ ဒါပေမယ့် ကျန်းကျန်း မာမာနဲ့ အဲလိုကျန်းမာရေး အခြေအနေကောင်းတဲ့လူတွေ၊ ကျနော်တို့ ပြုစုစောင့်ရှောက် ပေးတာနဲ့ ပျောက်သွား ရော ဆိုတော့ သူတို့ စိတ်ထဲမှာလည်း စိုးရိမ်တာ ပူပန်တာ အဲလိုမျိုးနည်းတယ်။ ဒါကြောင့် ကျနော်တို့ ဒီမှာ လည်း စည်းကမ်းတွေက အထူးသဖြင့် နဂိုက သတ်မှတ်ထားတဲ့ စည်းကမ်းတွေလည်း လိုက်နာဆောင်ရွက်ရ မယ်ဆိုတဲ့ အဲဒါ တစ်ခါပြန်ပြီးတော့ သူတို့ကို လှုံဆော်တာ” ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က ဆက်ပြောသည်။

အလားတူ KIO ထိန်းချုပ်နယ်မြေအတွင်းသို့ ရောဂါပိုးစစ်ဆေးခြင်း မပြုလုပ်ဘဲ တရားမဝင် ခိုးဝင်ရောက်ခြင်း ပြုလုပ်သောသူ မည်သူ့ကို ဖြစ်စေ တရားဥပဒေ အရ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ကချင်လွတ်လပ် ရေးအဖွဲ့ KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီ က ဇွန်လ ၁၄ ရက်နေ့ ထုတ်ပြန်လိုက်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်း COVID-19 ကာကွယ်ဆေးများ ထိုးပေးလျှက်ရှိရာ ဆေး အပြည့် (Full Dose) ထိုးပြီးသူ လူဦးရေ စုစုပေါင်း ၆၀၀၀ ကျော်ရှိပြီဟု KIO COVID-19 ရောဂါတားဆီး နှိမ်နှင်း ရေး ကော်မတီ တာဝန်ရှိသူက ပြောသည်။ ထို့အပြင် KIO ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာသူ မည်သူ့ ကိုမဆို COVID-19 ကာကွယ်ဆေးများ ထိုးပေးလျှက်ရှိသည်ဟု သိရသည်။

၂၀၂၀ ခုနှစ် တစ်နှစ်ပတ်လုံးနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်ကာလအထိ KIO/KIA ထိန်းချုပ်နယ်မြေ အတွင်း COVID-19 ကူးစက်မှုများ မရှိခဲ့သော်လည်း ယခုနှစ် မတ်လခန့်မှစတင်၍ ဝင်ရောက်လာသူများထဲမှ ရောဂါ ကူးစက်ခံရသူ ၁၃ ဦး ရှိခဲ့ပြီး အားလုံးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း၊ လက်ရှိတွင် ရောဂါ ကူးစက်မှုနှုန်းကို ထိန်းချုပ်ထားနိုင်သည်ဟု KIO/KIA က ပြောသည်။

NMG – ပေးပို့သည်။