29 March 2024 /

See today's Peace Related News

မတူပီမြို့ပေါ်ရှိ ကျောင်းဆရာ လူငယ်တစ်ဦးအား အာဏာသိမ်းစစ်တပ်နှင့် ရဲများ ဖမ်းဆီး

၁၈ ဇွန် ၂၀၂၁

ချင်းပြည်နယ် မတူပီမြို့တွင် ကျောင်းဆရာလူငယ် တစ်ဦး ဇွန်လ (၁၆) ရက်နေ့ ည ၉:၄၀ ခန့်က အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရဲများမှ နေအိမ်အတွင်း ဖမ်းဆီးခံရကြောင်း သိရသည်။

“သူကအရင်ကတည်းက ဖမ်းဝရမ်းမှာပါထားတယ် အဲလိုမျိုး လူငယ်လှုပ်ရှားမှုပိုင်းမှာလည်း ပါတယ်။ ဖမ်းဝရမ်းထုတ်ထားပြီး အရင်ကတည်းက လိုက်စုံစမ်းတဲ့အထဲမှာလည်း ပါတယ်။ မနေ့က ဖမ်းတာလည်း သူက တစ်ရက်နှစ်ရက်လောက်ပဲ အိမ်မှာနေသေးတာ ရွာမှာ သူကတိမ်းရှောင်နေတာ မတူပီခဏပြန်တာနဲ့ ဖမ်းကြတာ တိုင်တာလည်း ပါတယ်ထင်တယ်” ဟု မတူပီမြို့ ဒေသခံ က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးခံရသူမှာ မတူပီမြို့ ကားကြီးဝင်းအနီး နေထိုင်သူ ဆလိုင်းပီတာဖြစ်ပြီး လက်ရှိတွင် မတူပီရဲစခန်းတွင် ထိန်းသိမ်းခံရသည်ဟု သိရသည်။

ဆလိုင်းပီတာသည် ယခင်က လိုင်လင်းပီမြို့တွင် ကျောင်းဆရာတစ်ဦးအဖြစ် စာသင်ကြားခဲ့ဖူးသူဖြစ်သည်။