29 March 2024 /

See today's Peace Related News

ကချင်နှင့် ရှမ်းမြောက်ပိုင်းဒေသများတွင် အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဆက်တိုက်ဖြစ်နေ

၂ ဩဂုတ် ၂၀၂၁

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် စစ်ကောင်စီတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့အကြား ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေသည်။

ကချင်ပြည်နယ် ဝိုင်းမော်၊ မိုးကောင်း၊ ဗန်းမော် မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားနေသကဲ့သို့ ရှမ်းပြည်နယ် မြောက် ပိုင်း မူဆယ်၊ ကွတ်ခိုင်နှင့် မုံးကိုးဒေသတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး နော်ဘူက “မနေ့(ဇူလိုင် ၃၀ရက်)ကတော့ ဝိုင်း မော်က ခလရ ၅၈ အဲဖက်မှာ KIA တပ်ရင်း ၃ ပေါ့နော အမှတ် ၃ တပ်ရင်းဖက်ကနေ လာပစ်ပြီးမှ တိုက်ပွဲ ဖြစ် တာ အပြန်အလှန် တိုက်ပွဲဖြစ်တာ ရှိပါတယ်။ နောက်တစ်ခုကတော့ ဒီမနက် အစောကြီးပေါ့ ၁ နာရီခွဲ အချိန် လောက်မှ လီဒိုလမ်းဖက်က မရမ်ကထောင်ဆိုတဲ့ နေရာက ဂိတ်တွေကို ဝင်ပစ်တဲ့ဟာတွေ ရှိပါတယ်။ နောက် ဒီမိုးကောင်း စကခ ရုံးတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေရှိ ပါတယ်။ ထိုးစစ်ဆင်တာကတော့ မဟုတ် ဘူး။ အဲဒါလှမ်းပစ်တာရှိပါတယ်”ဟု ပြောသည်။

ထိုပစ်ခတ်မှုများပြီးနောက် စစ်ကောင်စီဖက်မှ လိုင်ဇာ အနီးအနား အပါအဝင် ကချင်လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ်သည့် ဧရိယာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည် ဟု ဆိုသည်။

ကချင်ပြည်နယ်ရှိ အဆိုပါ မြို့နယ်များအပြင် ဖားကန့်မြို့နယ်ဖက်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုများရှိသည်ဟု ဆိုသည်။

ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များနှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွား နေသကဲ့သို့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် MNDAA (ကိုးကန့်) တပ်များနှင့်လည်း စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“မနေ့(ဇူလိုင် ၃၀ရက်)ကတော့ ဒီမူဆယ် ကွတ်ခိုင် ပြည်ထောင်စု လမ်းမကြားမှာ ၂ နေရာ တိုက်ပွဲဖြစ်တာ ဖြစ်စဉ်တွေရှိပါတယ်။ နောက်ပြီးတော့ ကျနော်တို့ရဲ့ တပ်ရင်း ၃၆ နယ်မြေဖြစ်နေတဲ့ မုံးကိုးဒေသဖက်မှာလည်း MNDAA နဲ့ နေတိုင်း ဆို သလို တိုက်ပွဲဖြစ်တာ ရှိပါတယ်။ အဲဖက်မှာတော့ သုံးလေး ရက်လောက်တော့ ရှိပါပြီ။ အဲဒါပါပဲ ရှမ်းမြောက် ဖက်မှာ နည်းနည်း ခပ်စိတ်စိတ်လို့ ပြောလို့ရပါတယ်။”

တိုက်ပွဲဖြစ်ပွားနေသည့် တစ်ဖက်တွင် စစ်ကောင်စီတပ်မှ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ ဒေသများ ဖက်သို့ စစ်အင်အား တိုးချဲ့မှုရှိနေသည်ဟု KIO/KIA က ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက “တစ်ခါတည်းနဲ့ သူတို့ စစ်အင်အားတွေ တိုးထားတာကတော့ မရှိပါဘူး။ ဒါပေမယ့် နည်း နည်းနဲ့ စုထားတဲ့ ပုံစံ စစ်အင်အားတွေ စုထားတာကတော့ ရှိပါတယ်။ ဥပမာ ကျနော်တို့ အလော့ဒ်ဘွမ်တို့ လိုင် ဇာပေါ့နော အဲဒီတစ်ဝိုက်မှာလည်း ဖြေးဖြေးလေးနဲ့ နည်းနည်းနဲ့ စုထားတော့ ရှိပါတယ်။ နောက် သုံးလေးရက် မှာ ဗန်းမော်ဖက်က စစ်သင်္ဘောတွေ တက်ပြီးမှ စစ်အင်အားတွေ သူတို့ရဲ့ လက်နက်တွေ စားနပ်ရိက္ခာတွေ ပေါ့ နော။ ဒါတွေပို့ထားတယ်။ စုထားတာကတော့ ရှိပါတယ်။ စစ်အင်အား အလုံးအရင်းနဲ့ ခြေကျင်တက်ပြီးမှ စစ် ဆင်ရေး ထိုးထားတာကတော့ မတွေ့ရပါဘူး” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့် KIA တို့အကြား တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွား နေသကဲ့သို့ ကရင်ပြည်နယ်တွင်လည်း ကရင်လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည့် KNU/KNLA နှင့်လည်းကောင်း၊ ကယား(ကရင်နီ) ပြည်နယ်တွင်လည်း ကရင်နီအမျိုးသား တိုးတက် ရေးပါတီ KNPP နှင့် လည်ကောင်း၊ ရှမ်းပြည်မြောက်ပိုင်းတွင်လည်း မြောက်ပိုင်း မဟာမိတ် အဖွဲ့များနှင့် စစ်ကောင်စီတပ် တို့အကြား တိုက်ပွဲဖြစ်ပွားနေသည်။

ထို့အပြင် အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ဖွဲ့စည်းပေးထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အခြေ စိုက် ပြည်သူ့ကာကွယ်ရေးတပ်များနှင့်လည်း စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ် ပွားနေသည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။

NMG – ရေးသည်။