“အခုလက်ရှိ KNU ဗဟိုနဲ့ တပ်မဟာအတွင်းမှာရှိနေတဲ့ ခေါင်းဆောင် တွေ လေးလေးစားစား လက်တွဲလုပ်ကိုင်ပြီးတော့မှ အခုလက်ရှိ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်ကို ကျနော်တို့ အတူတကွ တိုက်ဖို့လိုတယ်” စောအဲလက်စ် (KPSN)ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုအဖွဲ့ ပြောခွင့်ရသူနှင့် အမေးအဖြေ

0
109

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုအဖွဲ့ ပြောခွင့်ရသူနှင့် အမေးအဖြေ

၂၉ ဇူလိုင်၂၀၂၁

KNU ကာကွယ်ရေးဌာန က ဝေါလေ လူအစုလိုက် အပြုံလိုက်သေဆုံးစေခဲ့တဲ့အမှုနဲ့ ပတ်သက် ပြီး KNDO ခေါင်းဆောင် ဗိုလ်မှူးချုပ်စောနယ်ဒါးမြ နဲ့ ဗိုလ်စောဘာဝါး တို့ကို တာဝန်မှ ယာယီ ရပ်ဆိုင်းကြောင်း ထုတ်ပြန် လိုက်တာပါ။ KNDO ဘက်ကတော့ သေဆုံးသွားသူတွေဟာ အရပ်သားတွေမဟုတ်ဘဲ ဆောက်လုပ်ရေးလုပ်သား အဖြစ် အသွင် ယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း သက်သေတွေလည်း သိမ်းဆည်းရမိထားတယ် လို့ တုံ့ပြန်ထား ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကရင်ပြည်သူတွေက အမျိုးမျိုးဝေဖန်နေကြသလို ကရင်အရပ်ဘက်အဖွဲ့ အစည်းတွေကတော့ စိတ်ဝမ်း မကွဲစေပဲ အချင်းချင်း တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာသွားဖို့ တောင်းဆိုထားကြ ပါတယ်။ ကရင်ငြိမ်းချမ်းရေးအထောက်အကူအပြုအဖွဲ့ KPSN က ပြောရေးဆိုခွင့်ရှိသူ စောအဲလက်စ်က နဲ့ ဆက်သွယ် မေး မြန်းထားပါတယ်။

မေး – အခု KNDO ခေါင်း ဆောင် ဗိုလ်မှူးချုပ်စောနယ်ဒါးမြ နဲ့ ဗိုလ်စောဘာဝါး တို့ကို တာဝန်မှ ယာယီ ရပ်ဆိုင်း ကြောင်း KNU ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အမျိုးမျိုးဝေဖန်နေကြတယ်။ ကရင်ငြိမ်းချမ်းရေးအထောက်အကူ အပြုအဖွဲ့ KPSN ရဲ့ သဘောထားလည်းသိချင်ပါတယ်။

ဖြေ – အခုက ကျနော်ကြားတာက KNU က တရားဝင် စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့လိုက်ပြီ။ ဒီစုံစမ်းစစ်ဆေး ရေး ကော်မတီကလည်း သူတို့ အထူးသဖြင့် ဗဟို စစ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တွေကပဲ ဦးစီးဦးဆောင်ပြီးတော့ စုံ စမ်းစစ်ဆေးရေး လုပ်မယ်လို့ ကျနော်ကတော့ သိရတယ်ပေါ့နော။ ဆိုတော့ ဒီစုံစမ်းစစ်ဆေးရေးက ဘယ် လောက် အချိန်ကြာမလဲ ဘယ်လိုသွားပြီးတော့ တွေ့ဆုံမေးမြန်းမှု လုပ်မလဲ နောက် ဘယ်လို ဂိုက်လိုင်းမျိုးနဲ့ သွား မလဲဆိုတာတော့ ကျနော်တော့ အဲဒါတော့ မသိဘူး။ သို့ပေမယ့် တစ်ခုက အရေးကြီးတာက ဘာလဲဆိုတော့ KNDO အထူးသဖြင့် ဗိုလ်မှူးချုပ် နယ်ဒါးကနေမှ ဒီ KNDO လုပ်တယ်ဆိုပြီးတော့မှ စွပ်စွဲတဲ့ သဘောပေါ့နော။ ဟုတ်တယ် မှန်တယ်ဆိုတာက ဒါ စုံစမ်းစစ်ဆေးရေးပြီးမှ ဘယ်လောက်မှန်ကန်မှုရှိသလဲ။ ဘယ်လောက်အထိ မှန်ကန်မှု မရှိသလဲဆိုတာက အဖြေပေါ်မယ်လို့ ကျနော်မြင်တယ်။ ဒါပေမယ့် အဓိက ဒီမှာ တစ်ခုက ကျနော် သတိထားမိတာက ဖြစ်ရပ်မှန် ဆိုတော့ သေချာလေ့လာ စုံစမ်းရမှာက အဓိက ဘာဖြစ်မလဲဆိုတော့ သေဆုံးသွား တဲ့ ဒီလူ ၂၅ ယောက်ပေါ့နော။

မေး- ဒါဆိုရင် KNDO က သတ်တယ်လို့ KNU က စွပ်စွဲတယ်လို့ ပြောချင်တာလား။

ဖြေ – KNDO က သတ်တယ်ဆိုပြီးတော့မှ ဒီ စွပ်စွဲထားတဲ့ ကိစ္စက တကယ်တမ်းကျ တော့ ဒီ ၂၅ ယောက် သေဆုံး တာက ဒီ ၂၅ ယောက်က Prisoner of war ပေါ့ တကယ် ဖမ်းမိလို့ တကယ် အဖမ်းခံရလို့ တကယ် အဲလိုမျိုး အကွပ်မျက်ခံရသလား။ ဒါမှမဟုတ်ရင် တိုက်ပွဲအတွင်းမှာ ဖြစ်ပြီး တော့မှ ကွပ်မျက်ခံရသလားဆိုတဲ့ အခြေခံ ၂ ခု ပေါ်မှာ အခြေခံပြီးတော့မှ ကျနော်ထင်တာက ဒီ case က အဆုံးဖြတ်ပေးမယ်လို့ ကျနော်ထင်တယ်။ ဘာလဲဆို တော့ တစ်ချို့မြင်တာကတော့ ဒါ Prisoner of war ပေါ့နော။ Prisoner of war ဆိုရင်တော့ ဂျီနီဗာကွန်ဗင်းရှင်း အရတော့ သူ့ရဲ့ လုပ်ထုံးလုပ်နည်းတွေ ဒီလက်နက်မဲ့ လူတွေကို သတ်လို့ မရဘူးဆိုတဲ့ ဒီ ဂျီနီဗာကွန်ဗင်းရှင်းတို့ တစ်ခြားဟာတွေရှိတယ်ပေါ့နော။ သို့ပေမယ့်လည်း တစ်ဖက်မှာ က ဒါသည် Prisoner of war တကယ်ဟုတ် လား မဟုတ်လားဆိုတာက determine လုပ်တဲ့ factor တွေ ပြန် ကြည့်ဖို့ လိုတယ်လို့ ကျနော်မြင်တယ်။ နောက် factor တွေ အထူးသဖြင့် ဒီလူတွေ တိုက်ပွဲဖြစ်တဲ့ ကာလကြီး ကွပ်မျက်ခံရတဲ့ ကိစ္စမျိုးဖြစ်သလား။ ဒါမှမဟုတ် သူတို့ကို လွတ်လွတ်ကျွတ်ကျွတ် ဖမ်းဆီးပြီးမှ သူတို့ကို ကွပ်မျက်တာလားဆိုတဲ့ ဒီ အခြေခံ ၂ ခုအပေါ်မှာ ကျနော်ထင်တာက ပိုပြီးတော့မှ case က ဘယ်လောက် အထိ သွားမလဲ ဆိုတာ ကျနော်ထင်တာက အဲလို ဖြစ် လာနိုင်တယ်ပေါ့နော။

မေး – အခုဆိုရင် ဒီအသတ်ခံရတဲ့ ၂၅ ဦးကိစ္စနဲ့ ပတ်သက်ပြီး UN ကလည်း စိုးရိမ်ကြောင်း ထုတ်ပြန်ထားသလို နိုင်ငံတကာကလည်း စောင့်ကြည့်နေပါတယ်။ ဒီအခြေအနေကို KNU က ဘယ်လို ဖြေရှင်းလို့နိုင်မလဲ။

ဖြေ – ပြီးတော့လည်း အခုတော့လည်း ပြန်ကြည့်မယ်ဆိုရင် နိုင်ငံတကာက ကရင်လူထုတွေ ကျနော်တို့ ပြည် တွင်း ကရင်ပြည်အတွင်း က ကျနော်တို့ ဒီတပ် ပိုင်းဆိုင်ရာ စစ်သားတွေက အစပေါ့နော။ မကျေမနပ်တွေ KNU ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်တွေကို မကျေမနပ်ဖြစ်တဲ့ဟာတွေ ဖြစ်တယ်။ ဆိုတော့ ကျန်တဲ့ ခေါင်းဆောင် တွေအနေနဲ့ကတော့ အခုလက်ရှိက ဒီစိန်ခေါ်မှုကို သူတို့ ဘယ်လိုကျော်ဖြတ်မလဲ နိုင်ငံတကာအထဲမှာလည်း စောင့်ကြည့်နေတယ်။ ပြီးတော့ ကျနော်တို့ ဒီဖက်က ပကတိအခြေအနေကို သူတို့ ဘယ်လို အခြေခံနဲ့ စုံစမ်း စစ် ဆေးမှု လုပ်ပြီးတော့မှ အဖြေက ဘယ်လိုထွက်လာမလဲဆိုတာ ကျနော်ထင်တာကတော့ အဲဒီအဖြေအပေါ်မှာ မူ တည်ပြီးတော့မှ နောက်တစ်ဆင့် ဘယ်လိုဆက်သွားမလဲ ဆိုတာ ကျနော်တို့ စောင့်ကြည့်ရမယ့် ထင်တယ်။ အခု အချိန်မှာ ကျနော် ကတော့ ယတိပြတ် ဟိုဟာဖြစ်ပါတယ်။ ဒီဟာဖြစ်တယ်လို့တော့ ပြောလို့ မရသေးဘူးလို့ ကျနော် ထင်တယ်လေ။

မေး – အခုဒီကိစ္စနဲ့ ပတ်သက်ပြီး KNU က အခုလိုထုတ်ပြန်တာဟာ ရန်သူရဲ့ ဖိအားပေး လုပ်ဆောင်ချက်ဖြစ် တယ်လို့ ဗိုလ်မှူးချုပ်စောနယ်ဒါးမြဘက် က ပြောဆိုထားတယ်။ ဆိုတော့ ဒါက နိုင်ငံရေးနဲ့ ဆက်စပ်နေလား

ဖြေ – အဓိက ဒီကိစ္စဖြစ်လာရတဲ့ အကြောင်းအရင်း ကိစ္စကတော့ ကျနော် အတိအကျတော့ မသိဘူး။ သို့ပေမယ့် လည်း နိုင်ငံရေးနဲ့ အများကြီး ဆက်စပ်တယ်လို့ ပြောလို့ရှိရင်လည်း မမှားဘူး။ နံပါတ်တစ်က KNU က NCA ထိုး ပြီးတော့ သူတို့ JMC ဆိုတဲ့ ပြဿနာ ပဋိပက္ခဖြေရှင်းရေး ယန္တရားတွေ ရှိတယ်။ ပြီးရင် NCA အောက်မှာမှ သူတို့ လိုက်နာရမယ့် စည်း မျဉ်းစည်းကမ်းတွေရှိတယ်။ ဒါပေမယ့် အဲဒီ စည်းမျဉ်းစည်းကမ်းတွေကို ပြောရမယ်ဆိုရင် တပ်မတော်က လုံး၀လိုက်မနာဘဲနဲ့ သူတို့ ဒီ KNLA နဲ့ KNDO ထိန်းချုပ်တဲ့နေရာမှာ စစ်အင်အားတွေ တိုးချဲ့ တယ်။ ဒီလူအင်အားတွေ ရိက္ခာတွေ ထပ်ပို့တယ်။ တံတားတွေ ဖောက်တယ် လမ်းတွေ ဖောက်တဲ့ ကိစ္စတွေ ဆက်တိုက် လုပ်တယ်။ ဒီ NCA ထိုးပြီးတဲ့ နောက်ပိုင်းမှာ ဆိုတော့ ဒါပေမယ့် ဒီ JMC ရဲ့ ယန္တရားအောက်မှာက ဖြစ်လာတဲ့ ပြဿနာတွေကို ပြောရမယ်ဆိုရင် တစ်ခုမှ ဖြေရှင်းနိုင်တာ ကျနော်မတွေ့ရဘူး။ ဒါအပြင် တပ်မဟာ ၅ မှာ တပ်မတော်သားတွေ ရှေ့တန်းမှာနေပြီးတော့ ရွာသားကို ပစ်သတ်တဲ့ ကိစ္စတွေ JMC မှာတင်တယ်။ ဒါပေ မယ့် တစ်ခုမှ ဖြေရှင်းလို့ မရဘူးဆိုတော့ အဲဒီ ဆက်စပ်နေတဲ့ ဒီ NCA နဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေး ပြဿနာက လည်း ဒွန်တွဲ လာတယ်လို့ပဲ ကျနော်က နားလည်တယ်။

မေး – KNU က အခုလိုလုပ်တာဟာ သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ လုပ်ဆောင်ရတာ ဖြစ်တယ်လို့ ပြောထားသလို ဗိုလ်မှူးချုပ်နယ်ဒါးမြကလည်း ဒီထုတ်ပြန်ချက်ကို လက်ခံကြောင်း၊ အခုလို စစ်ရေးအရ အရေးကြီးနေတဲ့ကာလမှာ ဘာတွေဖြစ်လာနိုင်လဲ။

ဖြေ – ဆိုတော့ ဒီကာလက စစ်ရေး ပဋိပက္ခ ပြောရမယ်ဆိုရင် ပြင်းထန်တဲ့ ကာလလို့ ပြောရင်လည်း မမှားဘူး။ နောက် အဲဒါကြောင့် ကျနော် အခုန က ပြောနေတဲ့ ထိုးစစ်တွေ အကြီးအကျယ် ထိုးနေတဲ့ ဒီ စစ်ကောင်စီတပ် ဖွဲ့နဲ့ ပြန်လည်ခုခံနေတဲ့ ဒီ KNDO နဲ့ KNLA က ခုံခံပြီးတော့မှ ကိုယ့်လူမျိုးနဲ့ ကိုယ့်နယ်မြေကို ပြန်လည်ခုခံတဲ့ ကာလမှာ ဒါ ပဋိပက္ခဖြစ်တဲ့ Active War ပေါ့နော Active Conflict ဖြစ်တဲ့ အချိန်လို့ ကျနော်ကတော့ အဲလိုပဲ အဓိပ္ပာယ်ကောက်ယူတယ်ပေါ့နော။ အဲဒီအတွက် ခုန KNDO ကနေ ကွပ်မျက် လိုက်တဲ့ ဒီ ၂၅ ယောက် ကိစ္စက Active Conflict မှာ ဖြစ်နေတဲ့ အချိန်မို့လို့ ဖြစ်သွားတဲ့ ကိစ္စလားနော။ ဒါမှမဟုတ်ရင် တိုက်ပွဲဖြစ်နေတဲ့ ကာလ မှာ ဖြစ်သွားတဲ့ ကိစ္စလား ဒါမှ မဟုတ်ရင် သူတို့က တကယ်ပဲ ဖမ်းဆီးပြီးတော့မှ နောက်ပိုင်းမှ ကွပ်မျက်တဲ့ ကိစ္စ လား ဆိုတာက စုံစမ်းစစ်ဆေး ရေး သေချာဖော်ဖို့လိုတယ် ဘာဖြစ်လို့ဆိုတော့ ဒီဟာက ပဋိပက္ခရဲ့ အခြေခံဖြစ် တယ်လို့ ဖြစ်တယ်လို့ ကျနော်မြင်တယ်။ အဲဒီအတွက် Active Conflict ဖြစ်တဲ့ ကာလမှာ ဘယ်လို Active Arms Conflict ကာလကို ဘယ်လို အဓိပ္ပာယ်ယူမလဲပေါ့ ဒီကွပ်မျက်တဲ့ ကိစ္စနဲ့ ဘယ်လို ဆက်စပ်ပြီး တွေးမလဲပေါ့နော ဒါက တစ်ချက်ပေါ့နော။ ဒါစဉ်းစားရမယ့် ကိစ္စလို့ ကျနောမြင်တယ်။ ဒါ ကျနော်သုံးသပ်တဲ့ဟာပေါ့နော။ အဲဒီ အတွက် ဒီ အခုလက်ရှိ ကရင်ပြည်နယ်မှာ ဒီ သတ်တာ ဖြတ်တာ ဖြစ်တဲ့ ကိစ္စတွေက သတ်တာဖြတ်တာ ကိစ္စဆို တာက ရန်သူကိုလည်းသတ် ရန်သူကလည်း ကိုယ့်လူသတ်ပေါ့နော။ ဒီဟာ ဒီလူဖြစ်တဲ့ ကာလကိုး ဆိုတော့ ဒီကိစ္စကို determine လုပ်ဖို့က ဘယ်အပေါ်မှာ အခြေခံပြီး determine လုပ်မလဲ ဆုံးဖြတ်မလဲ ဆိုတာ ကျနော် ထင်တယ် သိပ်ကို အရေးကြီးတဲ့ ဆုံးဖြတ်ချက် ဖြစ်မယ်။ သိပ်အရေးကြီးတဲ့ စုံစမ်းစစ်ဆေးမှုဖြစ်မယ်။ သိပ် အရေးကြီးတဲ့ ဒီကရင်အဖွဲ့အစည်း ဒီအထူးသဖြင့် KNU အဖွဲ့အစည်းရဲ့ အနာဂတ် ဂုဏ်သိက္ခာနဲ့လည်း နည်း နည်း စပ်ဆိုင်မယ်လို့ ကျနော် ထင်တယ်လေ။

မေး – ဒီအခြေအနေကို မြေပြင်မှာ KNDO နဲ့ KNLA က ခုခံပြီးတော့ တိုက်ခိုက်နေတဲ့ ကာလဖြစ်တဲ့အတွက် အခုဖြစ် လာတဲ့ ပြဿနာကို သေချာစုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားကြတာလည်းရှိတယ်။ ဆိုတော့ ကရင်ပြည်သူတွေရဲ့ သဘောထားကရော ဘယ်လိုရှိနေလဲ။

ဖြေ – ကရင်လူထုတွေကတော့ နံပါတ်တစ် ကျနော်ကတော့ KNU အဖွဲ့အစည်းအတွင်း ထပ်ပြီးတော့ ကွဲတာ ကျနော် မမြင်ချင်ဘူး။ နံပါတ် ၂ ကျနော်တို့ အခုလက်ရှိ KNU ဗဟိုနဲ့ တပ်မဟာအတွင်းမှာရှိနေတဲ့ ခေါင်းဆောင် တွေ လေးလေးစားစား လက်တွဲလုပ်ကိုင်ပြီးတော့မှ အခုလက်ရှိ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်ကို ကျနော်တို့ အတူတကွ တိုက်ဖို့လိုတယ်။ အခု ဗဟိုက တစ်မျိုး ခရိုင်ကတစ်မျိုး ဖြစ်တာ ကျနော်ကတော့ သိပ်မမြင်လို ဘူး ပေါ့နော။ မမြင်လိုဘူး။ ပြီးရင် နံပါတ် ၃ ကျနော်တို့ self-determination ဖြစ်တဲ့ full autonomy နော ဆက်ရှိ နေဖို့လိုတယ်။ ဆက်ရှိနေဖို့ဆိုတာက ဒီ အစိုးရ ဆက်သွားနေဖို့ ဒီကျန်တဲ့ အင်အားစုတွေ အသိအမှတ်ပြုမယ် လေးစား မယ် ဒီဟာတွေ ဆက်တိုက် နိုင်ငံရေးအနေနဲ့ ပေါ်ပေါက်လာဖို့ လိုတယ်ပေါ့နော။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here