ပြစ်ဒဏ်ချမှတ်ခံရသည့် ရခိုင်ကျောင်းသား ၄ဦးအမှု ခရိုင်အဆင့် အယူခံတက်ရန် စီစဉ်

0
189

ဓာတ်ပုံ – aasyc
၂၃ စက်တင်ဘာ ၂၀၂၁

စစ်တွေမြို့နယ်တရားရုံးမှ ထောင် ၂ နှစ်ခွဲစီ ချမှတ်ခံလိုက်ရသည့် ရခိုင်ကျောင်းသား ၄ ဦး အမှု မြို့နယ်တရားရုံးမှ ခရိုင်အဆင့်ထိ တက်ရန် စီစဉ်ထားကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေက ပြောသည်။

စက်တင်ဘာလ ၁၆ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးမှ ရက္ခိုင်ပြည် ကျောင်းသားများ သမဂ္ဂက ကျောင်းသား ၄ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေများဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်လိုက်သည့်အပေါ် ခရိုင်အဆင့်တက်ရန် စီစဉ်ထားသည်ဟု ၎င်းတို့၏ ရှေ့နေက ပြောသည်။

အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင် က “အမြင့်ဆုံးပြစ်ဒဏ်ကို ပေး တော့ ပြစ်မှုထင်ရှားတွေ့ရှိတာကိုတော့ ကျနော်တို့ မပြောလိုပါဘူး။ ပြစ်ဒဏ်ပေးတာ နည်းနည်းများတယ်လို့ပဲ ကျနော့်အနေနဲ့ ယူဆတယ်” ဟု ပြောသည်။

ထို့ကြောင့် အမှုလိုက်ရှေ့နေတစ်ယောက်အနေဖြင့် “ကျနော်တို့က အောက်ခြေမြို့နယ်တရားသူကြီး တစ် ယောက်ရဲ့ အတွေ့အကြုံ၊ ဆင်ခြင်တုံတရားနဲ့ ကျနော်တို့ ခရိုင်တရားသူကြီး အတွေ့အကြုံ ဆင်ခြင်တုံတရား နဲ့တော့ ကွာတာပေါ့ဗျာ။ အောက်ရုံးက ချတဲ့ပြစ်ဒဏ်တွေ အပေါ်ရုံးကတော့ ကျနော်တို့ ပြစ်ဒဏ်ကို တိုးလို့ ရ တယ်။ လျှော့လို့ ရတယ်။ အပေါ်ရုံးဆိုတော့ ပိုပြီးတော့ ကြားနာလို့ရတာကိုး။ ခရိုင်တရားသူကြီးတွေဆိုတော့ အတွေ့အကြုံ လည်း အများကြီးရှိတယ်လေ။ အဲ့တော့ အယူခံတို့ ပြင်ဆင်မှုတို့တက်တဲ့အပေါ်မှာ ဆင်ခြင်လို့ ရတာကိုး။ အဲ့တော့ ကျနော့်အနေနဲ့က ခရိုင်တရားရုံးကို အယူခံတက်လိုရင် ပြစ်ဒဏ်ပိုင်းဆိုင်ရာ အောင်မြင်မှု ရလိမ့်မယ်လို့ ယူဆပါတယ်ခင်ဗျ” ဟု ပြောသည်။

ရခိုင်ပြည်နယ်ထဲတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲကာလအတွင်း စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ် သက်၍ ဆန္ဒပြခဲ့ကြသည့် ရခိုင်လူငယ် ၄ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေများဖြင့် ဖမ်းဆီး တရားစွဲထားပြီး ယခုလ ၁၆ ရက်နေ့က အမြင့်ဆုံး ပြစ်ဒဏ်ချ မှတ် လိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ ပြောချင်တာက ဒီကလေးတွေက တက္ကသိုလ်ကျောင်းသားတွေ၊ ကလေးတွေ၊ ၅၀၅(ခ) က အမြင့် ဆုံး ပြစ်ဒဏ်က နှစ်နှစ်ရှိတယ်ဗျ။ နှစ်နှစ်ဖြစ်တဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချ မှတ်လို့ ရမယ်လို့ ဆိုထားတာကိုး။ အဲ့လိုဆိုတော့ အမြင့်ဆုံး ပြစ်ဒဏ်နှစ်နှစ်ကို ချမှတ်လိုက်တဲ့အခါမှာ ဒီခလေး တွေ အတွက်တော့ နစ်နာတာပေါ့ဗျာ။ ကျနော်က ပြစ်မှု ကျူးလွန်တယ် မကျူးလွန်ဘူးဆိုတာ မပြောလိုဘူး။ အပြစ် ပေးတဲ့အပိုင်းကိုတော့ ကျနော် အဲ့ဒါကျတော့ ပြစ်ဒဏ်အနေနဲ့ကတော့ များတာပေါ့ဗျာ။ အဲ့ဒီဟာနဲ့ ပတ် သက် ပြီးတော့လည်း ကျနော်က ခလေးတွေနဲ့ ပြောပြီးတော့ အမှုနှစ်မှုလုံးကို ကျနော်တို့က စီရင်ချက် ပို့ထား တယ်။ အပေါ် ကို တက်ဖို့အတွက်လေ” ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင် က ဆက်ပြောသည်။
နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ)ကို အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်စီ နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု(ဘေးစီမံ) ဥပဒေ ပုဒ်မ ၂၉ ကို ၆ လစီ ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဘေးစီမံ ဥပဒေပုဒ်မနှင့် ပတ်သက်၍ တရားလိုအား တရားသူကြီးမှ စစ်ဆေးစဉ် အဆိုပါ အမှုနှင့်ပတ်သက်၍ မသိဘူးဟု ထွက်ဆိုသောလည်း ပြစ်ဒဏ်စီရင်ချမှတ်ရာတွင် ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ်လည်း ဦးကျော် ညွှန့်မောင်က ယခုကဲ့သို့ ဆက်ပြောသည်။

“နောက်တစ်ခုကျတော့ ဘေးစီမံအမှုမှာက ကျနော်တို့ တရားလိုကို စစ်တဲ့အခါမှာ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ မသိဘူး ဆိုပြီးတော့ ရုံးချိန်းမှာပြောတယ်။ ကျနော်သိတာက အစိုးရရုံးရှေ့မှာဆန္ဒပြတာပဲ သိတယ်လို့ ပြောတာ ကိုး။ အေး အဲ့ဒါလည်း ခလေးတွေက ဘယ်လိုပဲ အမှုတွဲမှာပေါ်ပေါက်နေပါစေ ကလေးတွေကို တရားသူကြီးက အပြစ်ရှိလားမေးတော့ အပြစ်ရှိတယ်လို့ ပြောလိုက်တော့ တရားသူကြီးက အဲ့ဒီအပေါ်မှာ ပြစ်ဒဏ်ပေးတာ ပေါ့ နော်။”

ထိုကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံ (AASYC) ကလည်း လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုမှုကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံရခြင်းသည် လူတစ်ဦးချင်းစီ၏ အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများကို ချိုးဖောက်ရာ ရောက်ကြောင်း၊ ထောင်ချမှတ်သည့်အပေါ် ကန့်ကွက်ရှုတ်ချ ကြောင်းနှင့် စစ်ကောင်စီအနေဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ နိုင်ငံရေးဗျူရို တာဝန်ခံ ကိုတိုးတိုးအောင်က “ကျနော်တို့ကတော့ ဖိနှိပ်လေလေ ကြွလေလေပေါ့၊ ကျနော်တို့ အရပ်သားအစိုးရကတည်းက အစိုးရအပေါ်မှာရော စစ်တပ်အပေါ်မှာရော ယုံ ကြည်မှု မရှိတော့ပါဘူး။ ကျနော်တို့အပေါ်မှာ ဖိနှိပ်နေတဲ့အရာဖြစ်လို့ တွန်းလှန်နေတာဖြစ်တယ်။ ကျနော်တို့က အားလုံး အတွက် ရဲရဲဝံ့ဝံ့ ဆက်ပြီးတော့မှ တိုက်ပွဲဝင်သွားဖို့အတွက် အသင့်ရှိတယ်။ ဒီလိုလုပ်လို့လည်း လူငယ် တွေက ကြောက်သွားမှာ မဟုတ်ပါဘူး။ ငါတို့ကို မတရားလုပ်တယ်ဆိုပြီးတော့ သွေးပိုပြီးမှ ရဲလာမယ်လေ ဒီ ဘက်က လူငယ်တွေက” ဟု ပြောသည်။

စစ်တွေမြို့နယ် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်သည့် ရခိုင်လူငယ် ၄ ဦးမှာ ရခိုင်ကျောင်းသား သမဂ္ဂအဖွဲ့ ဝင် များ ဖြစ်ကြပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ဒဂုံ တက္က သိုလ် ရခိုင်ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထွန်းတို့ ဖြစ်ကြသည်။

၎င်းတို့သည် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်နေ့ က စစ်တွေမြို့ပေါ်တွင် ကိုလိုနီအစိုးရ အလိုမရှိ၊ ဖက်ဆစ် စစ်တပ် အလိုမရှိ၊ No Bloody Government၊ No Murder Army၊ Burmese Government Get Out၊ Burmese Army Get Out စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသည့်အတွက် ဖမ်းဆီးတရားစွဲ ဆိုခံခဲ့ရပြီးနောက် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံလိုက်ရခြင်း ဖြစ်သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here