မတူပီမြို့ ပတ်ဝန်းကျင်တွင် မြေမြုပ်မိုင်းများ ထောင်ထားကြောင်း စစ်ကောင်စီတပ် လိုက်လံကြေညာ

0
163

၁၄ အောက်တိုဘာ ၂၀၂၁

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် အောက်တိုဘာလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒေသခံပြည်သူများကို တောင်ယာခြံထဲမသွားကြရန်နှင့် မတူပီမြို့ပတ်ဝန်းကျင်တွင် မြေမြုပ်ဗုံးထောင်ထား သည်ဟု လိုက်လံကြေညာနေခြင်းကြောင့် ဒေသခံများ အခက်တွေ့နေကြရသည်ဟု မတူပီမြု့ဒေသခံများထံက သိရသည်။

“စစ်သားတွေက ဒီနေ့ဆော်သြတာက အကုန်လုံး ဘယ်မှမသွားရဘူး၊ အကုန်လုံး မြို့ပတ်ပတ်လည်မှာ မိုင်းထောင်းထားတယ်။ မြို့ပြင်ထွက်တာတို့ ခြံသွားတာတို့၊ မတူပီနှင့် မင်းတပ်ကို မသွားရဘူး၊ ဒီဖက်မှာ ခြံမသွားရရင် စားစရာကမရှိ၊ ဟင်းကမရှိဘူး ခက်ခဲတယ်။ အခုက ဘယ်မှသွားလို့မရဘူးဆိုတော့။ နောက်ပြီိး လူငယ်တွေနဲ့ ပြည်သူတွေက ပူးပေါင်းရင် ဥပဒေအရ တရားစွဲမယ်ဆိုပြီး ဆော်သြတာ။” ဟု ပြောသည်။

ချင်းပြည်နယ် မင်းတပ်-မတူပီ ကားလမ်းကြား မြေပြိုမှုများရှင်းလင်းနေစဉ် လာရောက်ပစ်ခတ်ခြင်းမပြုလုပ်ရန်နှင့် တောင်ယာခြံများတွင် မသွားရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် လိုက်လံဆော်သြနေသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားတို့သည် ယမန်နေ့ညက လည်မျိုးချောင်းတွင် ညအိပ်ကြသည့်အပြင် မတူပီမြို့ပေါ်တွင် လုံခြုံရေးအသုံးပြုရန်အတွက် ရဲတပ်ရင်း ၁ဝဝ ကျော်ချထားမည်ဖြစ်မည်ဟု သိရပြီး လက်ရှိ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း စစ်တပ်နှင့်ရဲ တပ်ရင်း အင်အားအများအပြား ဆက်လက်ပို့ဆောင်မှုများရှိနေကြောင်းလည်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီမှ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီကစပြီး ချင်းပြည်နယ်အတွင်း မြို့နယ် ၈ မြို့နယ်ကို ဆက်သွယ်ရေး အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အပြင် စစ်အင်အားလည်း တိုးချဲ့ဖြည့်တင်းလျှက်ရှိသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here