ဖလမ်း – ဟားခါးလမ်းမပေါ်ရှိ ထလန်ရောန်ရွာသစ်မှ နေအိမ် ၉ လုံး စစ်ကောင်စီတပ် မီးရှို့

0
128

၁၄ အောက်တိုဘာ ၂၀၂၁

ချင်းပြည်နယ်၊ ဖလမ်း-ဟားခါးလမ်းမပေါ်တွင်ရှိသော ထလန်ရောန်ရွာသစ်ရှိ လူနေအိမ် ၉ လုံးကို ယနေ့မနက် ၁၀ နာရီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်စီးပြီး ယင်းရွာပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း လည်း သိရသည်။

“ထလန်ရောန်ရွာသစ်ကတော့ အိမ် ၉ လုံး လောင်သွားတယ်။ ဘုရားကျောင်းပိုင် ရိပ်သာတစ်လုံး၊ နောက်တိုက်ပွဲ လည်း စပြီတဲ့ အဲ့ရွာနားလောက်မှာဖြစ်တဲ့သဘောပဲ။ အခုလူတွေက ၆၀ ပတ်ဝန်းကျင်က တနေရာနဲ့ တခြားသူ တွေကတော့ တခြားတနေရာ တောထဲတွေမှာပဲ အကုန်လုံးထွက်ပြေးကြတယ် မနေ့ညနေက” ဖလမ်းမြို့မှ ၎င်းတို့နီးစပ်သူက ပြောသည်။

ထလန်ရောန်ကျေးရွာသစ်သည် ဖလမ်းမြို့မှ မိုင် ၁၀ ကွာဝေးပြီး အိမ်ခြေ ၃၀ ခန့်နှင့် လူဦးရေ ၁၀၀ ကျော်ရှိသည် ဟု သိရသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖလမ်းမြို့၊ ရီလ်သီးကျေးရွာ (ယခုလုံပီးရပ်ကွက်) မှ လူနေအိမ် (၁၀) လုံး၊ နှစ်ခြင်းဘုရားကျောင်း၊ ဂိုဒေါင်တို့ မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ပြည်သူပိုင် ကြက်၊ ဝက်၊ ဆိတ် ပစ်သတ်ပြီး ဆန်၊ ဆီ၊ ဆားများကိုလည်း ခိုးယူသွားကြသည်ဟု ဒေသခံထံမှ သိရသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here