တီးတိန်မြို့မှ မြန်မာ့နွေဦးတော်လှန်ရေး ဦးဆောင်သူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

0
190

၆ ဒီဇင်ဘာ ၂၀၂၁

မြန်မာ့နွေဦးတော်လှန်းရေးအတွက် တီးတိန်မြို့မှ ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်သည့်အသက် ၃၈ နှစ်အရွယ် Pa Cin Sian Sum သည် ဒီဇင်ဘာ ၅ ရက် မနက်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ကျဆုံးသွားသည်ဟု သိရသည်။

Pa Cin Sian Sum သည် သူညအိပ်တည်းခိုသည့် တီးတိန်မြို့ မြို့မရပ်ကွက်တွင် ယနေနံနက်ပိုင်းမိုးမလင်းမီအချိန်တွင် အမည်မသိလက်နက်ကိုင်တစ်စုမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု တီးတိန်မြို့ဒေသခံတစ်ဦးက ပြောသည်။

“သူက သူ့အိမ်မှာမအိပ်ရဲဘူး တခြားအိမ်မှာအိပ်တယ်၊ အဲဒီအိပ်တဲ့နေရာမှာ လက်နက်ကိင်အဖွဲ့အစည်းက လာပြီး သူ့ကိုရှာတာလို့ပြောတယ်၊ လက်နက်ကိုင် ၂ ယောက်က သူအိပ်တဲ့နေရာကိုသွားပြီးတော့မှ စကားအပြန်အလှန်ပြောပြီး သေနတ်နဲ့နှစ်ချက်ပစ်ခံရတာလို့သိရတယ်” ဟု တီးတိန်ဒေသခံကပြောသည်။

Pa Cin Sian Sum အား လုပ်ကြံသတ်ဖြတ်သူများမှာ မည်သည့်အဖွဲ့အစည်းဖြစ်သည်ကို မသိရသော်လည်း မြန်မာ့နွေဦး တော်လှန်ရေးအား ဆန့်ကျင်တိုက်ခိုက်နေသောအဖွဲ့အစည်းတစ်ခု၏ လက်ချက်ဖြစ်သည်ဟု ဇိုမီးဖက်ဒရယ်အစည်းအရုံး (Zomi Federal Union – PDF Zoland) က ထုတ်ပြန်သည်။

ယခုကဲ့သို့ အကြမ်းဖက်မှုနှင့် အနိုင်ကျင့်စော်ကားမှုများအား ZFU/PDF-Zoland အနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း၊ အဆိုပါလုပ်ကြံပစ်ခတ်မှုဖြစ်စဉ်တွင် နွေဦးတော်လှန်ရေးအား တိုက်ခိုက်နေသော တာဝန်ရှိအဖွဲ့အစည်းနှင့် ကိုယ်ထိလက်ရောက်ကျူးလွန်သူ နှစ်ဦးကိုလည်း သိရှိထားပြီး မတရားသတ်ဖြတ်ခံရခြင်းအကြောင်းရင်းအား စုံစမ်းဖော်ထုတ်ကာ တရားမျှတမှုရရှိသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဟု Zomi Federal Union – PDF Zoland ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Pa Cin Sian Sum သည် စစ်အာဏာရှင်ဆန့်ကျင်သည့် တီးတိန်မြို့မှ နွေဦးတော်လှန်ရေးလှုပ်ရှားမှု၊ ဆန္ဒဖော်ထုတ်မှုများတွင် ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့်အပြင် CDM လှုပ်ရှားမှုတွင်လည်း တက်တက်ကြွကြွ စည်းရုံးဦးဆောင်သူတစ်ဦးဖြစ်သည်ဟု သိရသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here