ကလေး-တီးတိန်ကားလမ်းတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၇ ဦးသေဆုံး

၁၄ ဇန်နဝါရီ ၂၀၂၂

ကလေး-တီးတိန်ကာလမ်းမပေါ်ရှိ ထေးဇန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးကြောင်း PDF-Zoland က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဇန်နဝါရီလ ၁၂ ရက်နေ့က ကလေးမြို့မှ အင်အား ၁၀၀ ကျော်နှင့် ချင်းတောင်ဘက်သို့ စစ်ကြောင်းချီတက်လာပြီး ထေးဇန်ကျေးရွာသို့ ညအိပ်တည်းခိုခဲ့ကြပြီးနောက် ယနေ့ဇန်နဝါရီ ၁၄ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိက်ပွဲဖြစ်ပွားပြီး နေ့လည်ပိုင်း ၂ နာရီခန့်တွင် ထေးဇန်းကျေးရွာ ကော်ဖီခြံမှ အိမ်သုံးလုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု PDF-Zoland ၏ ထုတ်ပြန်ချက်အရ သိရသည်။

ချင်းတောင်ပေါ်သို့စစ်ကြောင်းချီလာသော စစ်ကောင်စီတပ်ကို ကလေး-သိုင်ငင်းကျေးရွာအကြားတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် PDF-Zoland, CDM Siyin, Zogam Army, People’s Defense Army (PDA) တို့မှ ပူပေါင်းစစ်ဆင်လျှက်ရှိကြောင်း သိရသည်။

ကလေး-သိုင်ငင်း-တီးတိန်-ရိခေါဒါရ် ကားလမ်းတွင် အချိန်မရွေး စစ်ဘေးအန္တရာယ် ကျရောက်လာနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် ခရီးသွားလာခြင်းမပြုကြရန်လည်း PDF-Zoland က ထုတ်ပြန်ထားပါသည်။

KMG – ပေးပို့သည်။

Share me now!

Myanmar Peace Monitor