ဒီးမော့ဆိုမြို့နယ်အတွင်း ဖမ်းမိခဲ့သည့် (WY) မူးယစ်ဆေးဝါးများအား DMO–PDF မီးရှို့ဖျက်ဆီး

0
209

၂၄ ဇန်နဝါရီ ၂၀၂၂

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့မှာ (WY) မူးယစ်ဆေးဝါးအလုံး (၆၅၄) လုံးကို ဖမ်းမိခဲ့ပြီး ဇန်နဝါရီလ ၂၁ ရက်မှာ မီးရှို့ဖျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆို (DMO–PDF) ရဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့သူကို ခံဝန်ကတိလက်မှတ်ထိုးခိုင်းတာတွေ ပြုလုပ်တယ်လို့ DMO–PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“လာတိုင်တန်းတာရှိတယ်လေ မိဘပြည်သူတွေက။ ဒီအချိန်မှာက စစ်ပွဲဖြစ်နေတဲ့အချိန်မှာလေနော။ ဒီမဿမာလူတစ်စုက ရောင်းဝယ်နေတာပေါ့နော။ ရောင်းဝယ်နေတဲ့လူတွေကို ကျနော်တို့ အဓိက ထားပြီးတော့ ဖမ်းတာပေါ့နော။ လက်ဝယ်ထားရှိတဲ့လူတွေ၊ ရောင်းဝယ်တဲ့လူတွေပေါ့နော။လာတိုင်တဲ့လူတွေ၊ တချို့တွေကျတော့ သူ့မိဘကိုယ်တိုင်လာတိုင်တာပေါ့နော။ တချို့တွေက သူ့ဆွေမျိုးအသိုင်းအဝိုင်းထဲက လာတိုင်တယ်လေ။ လူကျတော့ ဒီလိုပဲ လူမှုရေးအရပေါ့။ ကျနော်တို့ ဝန်ခံကတိစာချုပ်နဲ့ပဲ ကျနော်တို့ ဒီလိုပဲ ပြန်လွှတ်ပေးလိုက်တာပေါ့နော။ နောက်နောင်မလုပ်ဖို့ပေါ့။ ဝန်ခံ ကတိလက်မှတ်ထိုးပြီး လွှတ်လိုက်တယ်။ မူးယစ်ဆေးဝါးကျတော့ မီးရှို့ဖျက်ဆီးတယ်ပေါ့နော။” DMO–PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း DMO–PDF အနေနဲ့ ယခင်တွေမှာလည်း မူးယစ်ဆေးဝါးဖမ်းဆီးရမိတာတွေရှိနေပြီး ဆက်လက်ဖမ်းဆီးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ည ၂၀၂၂ ဇန်နဝါရီလ ၁၄ ရက်နေ့မှာလည်း ကျပ်သိန်းတစ်ထောင်ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးကို KNPP က ဒီးမော့ဆို့မြို့နယ် ဒေါညေးခူနဲ့ ဘောလခဲကြားမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here