မြိတ်-ထားဝယ်ခရိုင်အတွင်းက တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၈၀၀ ကျော် အကူအညီလိုအပ်

0
230

ဇန္နဝါရီလ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် လယ်ဒိုစိုး (ထားဝယ်) မြို့နယ်တွင် စစ် ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်တို့ အကြားက တိုက်ပွဲများကြောင့် ဒေသခံ ၈၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူညီများလိုအပ်နေသည်။

ဇန္နဝါရီလ ၂၀ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်က KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် လယ်ဒိုစိုး (ထားဝယ်) မြို့နယ်အတွင်းရှိ ဟာမြင်းကြီးကျေးရွာတွင် PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလာသည့်အတွက် ဒေသခံများမှာ ထီးနဲအူကျေးရွာသို့ စစ်ဘေးရှောင်လာကြပြီး အကူအညီများလိုအပ်နေသည်ဟု မြိတ်-ထားဝယ် အခြေစိုက် ကွယ်ကလူ ကရင်သတင်းဌာနက သတင်းရေးသားထုတ်ပြန်ထားသည်။

ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များမှာ အစားအသောက်အပြင် စောင်၊ ဖျာ၊ ဆေးဝါး အဝတ်အစား စသည့် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်များ၏ နေထိုင်စားသောက်ရေး၊ အဝတ်အစား၊ ဆေးဝါးနှင့် လိုအပ်မှုများကို KNU တပ်မဟာ ၄ တာဝန်ရှိသူများက သွားရောက်ကူညီထားသည်ဟု ဆိုသည်။

ဇန္နဝါရီလ ၂၁ ရက်နေ့ (ယနေ့) တွင်လည်း စစ်ကောင်စီတပ်နှင့် PDF တပ်တို့အကြား မြင်းခတ်ပြင်ကျေးရွာတွင် နံနက် ၈ နာရီ တစ်ကြိမ်နှင့် ညနေ ၃ နာရီတွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ကွယ်ကလူ ကရင်သတင်းဌာန၏ သတင်းရေးသားထုတ်ပြန်ချက်အရ သိရသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here