“COVID- 19 ရောဂါတိုက်ဖျတ်ရေးမှာ အဟန့်အတားဖြစ်စေတဲ့ စစ်ရေးပဋိပက္ခလိုမျိုး ခြိမ်းခြောက်မှုလိုမျိုး တားဆီးနိုင်မယ်ဆိုရင် ရောဂါတိုက်ဖျတ်ရေးမှာ ပိုပြီးထိရောက်မယ်” နိုင်ဗညားမွန်

0
194

တိုင်းရင်းသားကျန်းမာရေးကော်မတီ(EHC) ၊ ဒု-ဥက္ကဋ္ဌ နိုင်ဗညားမွန်နှင့် ဆက်သွယ်မေးမြန်းခြင်း
၁၁ မေ ၂၀၂၀

အစိုးရကျန်းမာရေးအဖွဲ့နှင့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်း လက်အောက်မှာ ရှိတဲ့ ကျန်းမာရေး အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ အခင်းအကျင်းတစ်ခုကို ဖန်တီးပေးဖို့ တိုင်းရင်းသား ကျန်းမာရေး ကော်မတီ EHC က မေလ ၆ ရက်နေ့က ထုတ်ပြန်တောင်းဆိုထားပါတယ်။ COVID- 19 ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိနှိုင်း လုပ်ဆောင်ဖို့ သမ္မတ ဦး၀င်းမြင့်က ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က ကော်မတီတစ်ခု ဖွဲ့စည်းပေးလိုက်ပေမယ့်လည်း အဲဒီကော်မတီမှာ တိကျရှင်းလင်းတဲ့ ဖွဲ့စည်းမှုပုံစံကို မတွေ့ရတဲ့အတွက် တောင်းဆိုခြင်းဖြစ်တယ်လို့ EHC ကပြောပါတယ်။ တိုင်းရင်းသား ကျန်းမာရေး ကော်မတီ(EHC) ဒု-ဥက္ကဋ္ဌ နိုင်ဗညားမွန် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ဆရာတို့ ထုတ်ပြန်ချက်ထဲမှာ မည်သူ့ကိုမှ ချန်မထားဘူးဆိုတဲ့ အစိုးရရဲ့ မူဝါကို ကြိုဆိုတယ် ဆိုပြီး ထည့်သွင်းထားတာ တွေ့ရတယ်။ ဆိုတော့ ရခိုင်လိုဒေသမျိုး၊ ရက္ခိုင့်တပ်တော် AA ကို အကြမ်း ဖက်အဖွဲ့ကြေငြာ ထားတဲ့အချိန်မှာ ဒီမူဝါက အဲဒီဒေသတွေအတွက် အလုပ်ဖြစ်နိုင်ပါမလား။

ဖြေ – ဒီ COVID- 19 ရောဂါကာကွယ်တားဆီးရေးမှာ ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အခန်း ကဏ္ဍကို အသိအမှတ်ပြု တယ်ဆို ပြသကြောင်း ဒါက ကျနော်တို့ ကြိုဆိုပါတယ်။ သို့သော် ဒီညှိနှိုင်းရေး ကော်မတီ အနေနဲ့က ဒီ NCA လက်မှတ်ရေးထိုးတဲ့ အဖွဲ့ကိုပဲ ရည်ညွှန်းတာလား ဒါမှမဟုတ် NCA လက်မှတ်ရေးမထိုးထားတဲ့ အဖွဲ့ကို အကြုံး၀င် သလားဆိုတာ အဲဒီမှာလည်း ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ နောက်တစ်ချက်က ဒီ COVID- 19 ရောဂါ တိုက် ဖျက်ရေးအပေါ်မှာ တိုင်းရင်းသား ဒေသမှာ အလုပ်လုပ်ကိုင်နေတဲ့ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့နဲ့ ဘယ်လိုပုံစံနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မယ်ဆိုတာကလည်း မရှင်းသေးဘူး။ မရှင်းသေးဘူးဆိုတာက အဓိကက ဒီကော်မတီမှာကျတော့ သူက လူအင်အား အားဖြင့် ဒီ NRPC က ၃ ယောက်နဲ့ ဒီ၀န်ကြီးဌာန ဆိုပြီးတော့ တိုင်းရင်းသား ရေးရာ ၀န်ကြီးနှင့် ဒု-၀န်ကြီးတစ်ယောက်သာပါတယ်။ ဆိုတော့ ပြည်နယ် အ ဆင့်မှာ ပြည်နယ်အဆင့်နဲ့ ပတ်သက်တဲ့ ပြည်နယ် အစိုး ရရယ် နောက်ပြီးတော့ တကယ်တမ်း ရောဂါတိုက် ဖျက်ရေးမှာ တ ကယ် အရေးပါတဲ့ ပြည်ထဲရေးတို့ နယ်စပ်ရေးရာ ၀န်ကြီးဌာ နတွေလည်း မပါနေဘူး။ဒီအပေါ်မှာကျတော့ ဒီထက်ပိုမို တိကျတဲ့ အလုပ်လုပ်နိုင်တဲ့ လုပ်ငန်းကော်မတီတွေ တိုးချဲ့ပြီး လုပ် ဆောင်နိုင်မယ်ဆိုလို့ရှိရင် ဒါကဒီ တိုင်းရင်းသား ဒေသမှာ ကျန်းမာရေး ဖော်ဆောင်မှု လုပ်ငန်းကို ထိရောက်စွာ လုပ်ဆောင်နိုင်မယ်လို့ ကျနော်ယူဆတယ်။

မေး – နောက်တစ်ချက်က COVID- 19 ကာကွယ်တားဆီးရေးနှင့် ပတ်သက်ပြီးတော့ နိုင်ငံတကာအ လှူ ရှင်တွေက ဗဟိုအစိုးရကနေတစ်ဆင့် တိုင်းရင်းသားအဖွဲ့ တွေဆီကို ထောက်ပံ့ကူညီတာဟာ ထိရောက်တဲ့ ထောက်ပံ့ မှု ပုံစံမဟုတ်ဘူးလို့ ဆရာတို့ပြောထားတာရှိတယ်။ အဲဒါက ဘာကိုဆိုလိုတာလဲ။

ဖြေ – ခြုံပြီးကြည့်မယ်ဆိုရင် အခု ဒီ COVID ရောဂါ ပူးပေါင်းကာကွယ် တိုက်ဖျက် ရေး လုပ်ငန်းမှာကျ တော့ ဒီအစိုးရ အနေနဲ့ ဗဟိုကနေပြီး ဦးဆောင်ပြီး လုပ်ဆောင်နေတာ တွေ့တယ်။သို့သော် တကယ်တမ်းကျ တော့ လုပ် ဆောင်တဲ့ နေရာမှာကျတော့ အထူးသဖြင့် ဒီတိုင်းရင်းသား လုပ်ငန်း အခြေပြုရာ ဒေသမှာကျတော့ ဗဟိုရဲ့ ဒီအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုက အလွန်အလှမ်းဝေးတယ်၊ နောက်ပြီးတော့ အခုအချိန်အထိလည်း အခုမှ စတဲ့ အနေအ ထားမျိုး ဖြစ်တာပေါ့။ အဲတော့ ဒီအနေအထားပေါ်မှာ ဒီတိုင်းရင်းသား လက်နက်ကိုင် အခြေပြုရာ ဒေသတွေမှာ ဒီတိုင်းရင်း ကျန်းမာရေး အဖွဲ့အစည်းတွေက သူတို့ COVID- 19 ရောဂါ ကာကွယ်တိုက်ဖျက်ရေးမှာကျတော့ သူနည်းသူ့ဟန်နဲ့ ဒီကော်မတီ မဖွဲ့ခင်ကတည်းက သူက စလုပ်နေပြီးသားဖြစ်တယ်။ အဲတော့ ဒီအပေါ်မှာ သူတို့မှာလည်း လိုအပ်ချက် အခက်အခဲတွေ အများ ကြီးရှိတယ်။ အဲတော့ အလှူရှင်တွေ အနေနဲ့ ဒီအစိုးရ နှင့် ဆက်ဆံတာ မဟုတ်ပဲနဲ့ ဒီတိုင်းရင်းသား ဒီတိုင်းရင်းသား အဖွဲ့အ စည်းတွေနဲ့လည်း ဆက်ဆံပြီးတော့ ဒီတိုင်းရင်းသား ဒေသမှာ တကယ်ဖြစ်ပျက်နေတဲ့ အနေအထားကို တိုက်ရိုက်ပံ့ပိုးပေးနိုင် မယ်ဆိုရင် ဒါက ဒီရောဂါတိုက်ဖျက်ရေးမှာကျတော့ ပိုပြီးတော့ တပြေးညီကျမယ်လို့ ကျနော်ယူဆပါတယ်။ အဲလိုမဟုတ်ပဲနဲ့ ဒီရောဂါက တစ်နေရာရာမှာ ကျန်ခဲ့မယ်ဆိုရင် ဒီရောဂါရဲ့ ကူးစက်ပြန့်ပွားမှုကို ပိုမိုဆိုးဝါးစေတယ်လို့ ကျနော် ယူဆတယ်။

မေး – နိုင်ငံတကာ အလှူရှင်တွေကို ဆရာတို့ အဓိက ဘာတောင်းဆိုချင်တာလဲ။

ဖြေ – အဓိက အခုအလှူရှင်တွေက ဒီအစိုးရကနေပဲ ရှိတယ်လေ။ အချို့နေရာမှာကျတော့ အစိုးရကနေ တစ်ဆင့် ပြည် တွင်းမှာ အခြေပြုတဲ့ ဒီအလှူရှင်ကနေတစ်ဆင့် တိုင်းရင်းသား အဖွဲ့အစည်းကို ထောက်ပံ့နေတာ တော့ ရှိသေးတယ်။ သို့သော် ဒီထောက်ပံ့မှုအရေးအတွက်က တကယ်တမ်းဒေသမှာကျတော့ လုံလောက်တဲ့ ထောက်ပံ့မှု မရှိသေးဘူးလို့ ကျနော်ယူဆတယ်။ ဒါကြောင့် ကျနော်တို့ ဒီနိုင်ငံတကာ အလှူရှင်တွေ အနေနဲ့ရော နောက်ပြီး ပြည်တွင်းမှာ ရှိတဲ့ INGO နဲ့ပါကျတော့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ တိုက်ရိုက် ဆက် စပ်ပြီး တော့ ကျနော်တို့ လိုအပ်ချက်ကို လေ့လာပြီးတော့ ကျနော်တိုရဲ့ ပေးဆပ်မှုကို မြင်နိုင်မယ်ဆို လို့ရှိရင် ကျနော်တို့ လိုအပ် ချက်အပေါ်မှာ သူတို့ ဖြည့်ဆည်းပေးမယ်လို့ ကျနော်ယူဆတယ်။ ဒါကြောင့် ကျနော်တို့နဲ့ တိုက်ရိုက်ဆက် ဆံဖို့ အဲဒါကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

မေး – ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ရောဂါကာကွယ် တားဆီးရေးလုပ် ဆောင်တဲ့ အခါမှာ ခြိမ်းခြောက်တာတွေ၊ တားဆီတာတွေ၊ ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေတာတွေရှိတယ်လို့ ထုတ်ပြန် ချက်ထဲမှာ ထည့်သွင်းထားတယ်။ဆိုတော့ အဲဒီအချက်က ဘာကိုအဓိက ထောက်ပြချင်တာလဲ။

ဖြေ – မွန်မှာကျတော့ ဒီရောဂါတိုက် ဖျတ်ရေးမှာ အစိုးရနဲ့ တပ်မတော်နဲ့ ဘာမှ ပြဿနာ မရှိဘူးဆိုပေ မယ့် တကယ်တမ်း KNU အဖွဲ့အစည်းနေရာမှာ၊ ပြီးတော့ ရှမ်း RCSS ကျန်းမာရေး ဒီရောဂါတိုက်ဖျတ်ရေး လုပ်နေတဲ့ နေရာမှာ ကျတော့ အချို့နေရာမှာကျတော့ အနှောက်အယှက်တွေ ရှိတယ်။ ဒီလိုခြိမ်းခြောက် တားမြစ်မှုတွေ ရပ်တန့်ဖို့နဲ့ တကယ်တမ်း ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ နိုင်ငံတကာရဲ့ တောင်းဆိုချက်အတိုင်းပေါ့လေ၊ ဒီပြည်တွင်း စစ်ကို ရပ်စဲတာက အသင့်တော်ဆုံးလို့ ယူဆတဲ့အတွက်ကြောင့် တောင်းဆိုတာ ဖြစ်ပါ တယ်။

အဓိကက ဒီ COVID ရောဂါက နိုင်ငံတစ်ခုရဲ့ လူမျိုးတစ်မျိုး ဒီအစုအဖွဲ့တစ်ဖွဲ့ရဲ့ ရောဂါဆိုတာ ထက် လူသားတစ်ခုလုံးရဲ့ ရန်သူလို့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပါ။ COVID က လူမျိုးတစ်မျိုး အပေါ် ပိုဒုက္ခပေးနိုင်တာမဟုတ် လူသားတစ်ရပ်လုံးကို ဒုက္ခပေးနိုင်တယ်။ အဲတော့ဒီလို လူသားတစ်ရပ်လုံးကို တိုက်ဖျက် နိုင်တဲ့ ရောဂါကို တိုက်ဖျက်တဲ့ အချိန်မှာ ဒီရောဂါ တိုက်ဖျက်ရေးကို အနှောက်အယှက်ဖြစ်စေတဲ့ အထူးသဖြင့် လုံခြုံမှုပေါ့ လုံခြုံမှုဆိုတာကတော့ နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လုံခြုံမှု အထူးသဖြင့် ပြည်တွင်းစစ်တွေ ရှိနေမယ် ဆိုလို့ရှိရင် ဒီရောဂါတိုက်ဖျက်ရေးဟာ အများကြီး အဟန့်အတားဖြစ်စေပါတယ်။ ဥပမာ တကယ်လို့ စစ်ဖြစ်နေမယ်ဆိုလို့ရှိရင် ရောဂါ တိုက်ဖျက်ရေးလည်း ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်သလို စစ်ကြောင့် ထွက်ပြေးလာရတဲ့ ပြည် တွင်းဒုက္ခ သည်၊ IDP လိုမျိုး နောက်ပြီးတော့ ဒုက္ခသည်လိုမျိုး ကောင်းကောင်း ကျနော်တို့ အကာအ ကွယ် ပေးနိုင်မှာ မဟုတ်ပါ ဘူး။ ပြီးတော့ ဒီလိုအနေအထားမျိုးမှာ ကျနော်တို့ ကုလသမဂ္ဂနဲ့ ဒီ UN တွေရဲ့ တောင်းဆို ချက်အတိုင်း ကျနော်တို့ ပြည် တွင်းစစ်ကို ခဏရပ်စဲပြီး တော့ ရောဂါတိုက်ဖျက်ရေးကို ကျနော်တို့ အတူတကွ လုပ်မယ်ဆိုလို့ရှိရင် ဒီရောဂါ ဒီလူသား ဒီမျိုး နွယ်တစ်ခုလုံးကို ဒီရောဂါကို တိုက်ဖျက်နိုင်မယ်လို့ ကျနော်တို့ ယူဆတယ်။

မေး – မွန်ဖက်မှာကျတော့ COVID- 19 ကာကွယ်တားဆီးရေး လုပ်ဆောင်နေတဲ့ အခြေအနေက ဘယ်လိုရှိနေသလဲ ။ ဆရာတို့အနေနဲ့ ဘယ်လိုအခက်အခဲတွေကြုံနေရသလဲ။

ဖြေ – အခက်အခဲက ဒီလုံခြုံရေးအပိုင်း ခြိမ်းခြောက်တာ တားမြစ်တာကတော့ မရှိဘူး၊ ဒါပေမယ့် အခက်အခဲက ရုပ်၀တ္တုအပိုင်း ရုပ်၀တ္တု မပြည့်စုံတဲ့အပိုင်းကျတော့ အခက်အခဲ ရှိပါတယ်။ နောက်ပြီးတော့ မွန်ပြည်နယ် အထူးသဖြင့် မွန်ပြည်သစ်ပါတီ အုပ်ချုပ်တဲ့ ဒေသမှာ ရောဂါကိုကျတော့ ကာကွယ်ထိန်းချုပ်တဲ့အပိုင်းပဲ လုပ်ဆောင်နိုင် တာဖြစ်ပါတယ်။ ဒါပေမယ့် ကုသရေးအပိုင်းကျတော့ အစိုးရရဲ့ ကုသရေးနေရာမှာ လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ ဒီအပေါ်မှာကျတော့ ကျနော်တို့နဲ့ အစိုးရမှာ တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်မှုတော့ လောလောဆယ်တော့ သိပ်မရှိဘူး။ ဒါပေမယ့် ကြားခံအဖွဲ့အစည်းပေါ့၊ ဒီ ပရဟိတအဖွဲ့အစည်းကနေ တစ်ဆင့် ကျနော်တို့ သံသယလူနာရှိမယ်ဆိုရင် အစိုးရကို လွှဲပြောင်းပေးတာမျိုးရှိပါတယ်။ အဲဒီတော့ ကျနော်တို့ အနေအထားကတော့ တိုက်ရိုက်ပူးပေါင်းဆောင်ရွက်မှု မရှိဘူး ကြားခံအဖွဲ့အစည်းက နေတစ်ဆင့် အချို့နေရာမှာကျတော့ အစိုးရရဲ့ မြို့နယ် ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ကျန်းမာရေးဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်တာမျိုးတော့ ရှိပါတယ်။ အဲဒီတော့ အခက်အခဲက လိုအပ်တဲ့ ရုပ်၀တ္တုပိုင်းဆိုင်ရာ ပစ္စည်းတွေက ဒီရောဂါ ထိန်းချုပ်ကာ ကွယ်ရေးအတွက် ဒီတကယ်အခက်အခဲ အကြီးမားဆုံးလိုအပ်ချက်လို့ ပြောချင်ပါတယ်။

မေး – ဆရာအနေနဲ့ ဘာများဖြည့်စွတ်ပြောစရာရှိသေးလဲ။

ဖြေ – အဓိက တစ်အချက်က တိုင်းရင်းသားဒေသမှာ ဖြစ်ပွားနေတဲ့ ဒီရောဂါကာကွယ် ထိန်းချုပ်နိုင်ဖို့အတွက်က ပြည်နယ်အဆင့် ကျန်းမာရေး ဦးစီးဌာနနဲ့ တိုင်း ရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေ ညှိနှိုင်းလုပ်ဆောင်ပေးနိုင်တဲ့ Mechanism တစ်ခုကို အကောင်အထည် ဖော်နိုင် မယ်ဆိုရင် ဒါကရှေ့တက်လှမ်းနိုင်တဲ့ ခြေလှမ်းတစ်ခုလို့ ကျနော်တို့ မြင်ပါတယ်။ နောက်တစ်ချက်က နိုင်ငံတ ကာ အလှူရှင်တွေအနေနဲ့ ကျနော်တို့ရဲ့ အနေအထားကို အထူးသဖြင့် ဒီနိုင်ငံတကာအလှူရှင်တွေက တိုင်းရင်း သား ကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ဆက်ဆံပြီးတော့ လိုအပ်ချက်ကို ထောက်ပံ့နိုင်မယ်ဆိုလို့ရှိရင် COVID- 19 ရောဂါကာကွယ်ရေးမှာ ပိုပြီးထိရောက်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ နောက်တစ် ချက်က ကော်မတီ အနေနဲ့ အခုဖြစ်ရှိနေတဲ့ COVID- 19 ရောဂါ တိုက်ဖျတ်ရေးမှာ အဟန့်အတား ဖြစ်စေတဲ့ စစ်ရေးပဋိပ က္ခလိုမျိုး ခြိမ်းခြောက်မှု လိုမျိုး တားဆီးနိုင်မယ်ဆိုရင် ဒါက COVID- 19 ရောဂါတိုက်ဖျတ်ရေးမှာ ပိုပြီးထိရောက်မယ်လို့ ကျနော် ယူဆ ပါတယ်။

အားမီ(NMG)-မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here