စစ်ကောင်စီတပ်နှင့် နှစ်လတာတိုက်ပွဲအတွင်း စကစတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း CNDF ထုတ်ပြန်

0
191

၁၂ မေ ၂၀၂၂

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ဖြစ်ပွားသည့် နှစ်လတာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF က ထုတ်ပြန်သည်။

CNO/CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က “နှစ်လတာ ခြုံကြည့်မယ်ဆိုရင် မတ်နဲ့ဧပြီကြတော့ ကလေးဖက်မှာ ဖြစ်တာများမယ်၊ နောက်ပြီးတော့ ရိခေါ ဒါရ်မှာ ဖြစ်တာများတယ်။ မတ်လတုန်းကတော့ အခုပြန်နေတဲ့ယာဉ်တန်းတက်လာတဲ့အချိန်မှာ တားလ်ရွာကြားမှာ စဖြစ်တာ။ စစ်ကောင်စီဖက်ကသေတာ တစ်ရာ့ငါးဦးနဲ့ ဒဏ်ရာရတဲ့သူကများတယ် တိကျယူလို့မရတော့။ ကျွန်တော်တို့ CNDF ဖက်က တိုက်ပွဲမှာ ကျတဲ့သူနဲ့ သူတို့ဖမ်းဆီးပြီး သတ်ဖြတ်တဲ့သူရော ၆ ဦးရှိတယ်” ဟု ပြောသည်။

CNDF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လနှင့် ဧပြီလအတွင်း ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်တွင် တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း CNDF ဘက်မှ ၆ ဦးကျဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများမှာ ဖလမ်းမြို့နယ် တားလ်၊ ထလန်ဇာရ်၊ ရမ်ထလို၊ ဒေါက်ထက်၊ ရိခေါ်ဒါရ်ဒေသများနှင့် ကလေးမြို့နယ် ရန်ကြီးအောင်၊ နတ်ချောင်၊ နတ်မြောင်း၊ အောင်ချမ်းသာ၊ တောင်သာနှင့် ဟားခါးလေးကျေးရွာများတွင် ဖြစ်ပွားခဲ့သည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here