တနိုင်း-လီဒိုလမ်းမပေါ်ရှိ ဆီတင်ကားတစ်စီးကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က မီးရှို့ဖျက်ဆီး

0
178

၂၅ မေ ၂၀၂၂

တနိုင်း-လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာအုပ်စု ဘန်ကောက်ကျေးရွာတွင် မေလ ၂၄ ရက်နေ့က ပြည်သူတစ်ဦးမောင်းနင်လာသော ဆီတင်ကားတစ်စီးကို စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့က မီးရှို့လိုက်ကြောင်း သိရသည်။

အဆိုပါ ဆီတင်ကားသည် ရွှေမှော်ဘက်သို့ ဦးတည်မောင်းနင်းလာရာ စံပြကျေးရွာတွင် အခြေစိုက်ထားသော ပြည်သူ့စစ်အဖွဲ့က ကား ၃စီးဖြင့် ရောက်လာပြီး ကားသမားကို ရိုက်နက်ခြိမ်းခြောက်မှုများပြုလုပ်ကာ မောင်းနင်းလာသည့် ဆီတင်ကားကိုလည်း မီးရှို့ဖျက်ဆီးပေးလိုက်ကြောင်း ထိုဒေသတွင် ကွပ်ကဲနေသော KIA ဘက်မှ တာဝန်ရှိတစ်ဦး KNG သတင်းဌာနကို အတည်ပြုပြောဆိုထားသည်။

“KIA ကား မဟုတ်ဘူး။ ပြည်သူတွေ မောင်းနင်းနေတဲ့ ကားဖြစ်တယ်။ အဲ့ကားက ရှဒူးဇွပ်ကနေ မှော်ဘက်ကို ဆီတွေတင်ပြီး ပုံမှန်သွားလာနေတဲ့ ကားဖြစ်တယ်။ မနေ့ကလည်း ကားပေါ်မှာ ဘာမှ မပါဘူး။ ဒီတိုင်း အလွတ်မောင်းလာတာကို ရပ်တားပြီး စစ်ဆေးကြတာ ထင်တယ်။ ကချင်လို့ပြောလိုက်တော့ ရိုက်နက်တယ်။ နောက် ကားကိုလည်း မီးရှို့ ပေးလိုက်တာ ဟုတ်တယ်” ဟု ပြောဆိုသည်။

ပြည်သူ့စစ်အဖွဲ့မှ ထိုသို့ ပြုလုပ်ခြင်းသည် ပြီးခဲ့သည့် မေလ ၁၉ ရက်ည ၁၂ နာရီဝန်းကျင်တွင် ရှဒူးဇွပ် ကျေးရွာအနီး ရွှေတူးဖော်နေသော ရှဒူးဇွပ်ပြည်သူ့စစ် ခေါင်းဆောင် မင်းဇင်သန့်၏ ဘက်ဟိုး ၂ စီးကို KIA မှ မီးရှို့ပေးလိုက်ခြင်းကြောင် လုပ်ဆောင်လာရခြင်းဖြစ်သည်ဟု သူက ဆက်လက်သုံးသပ် ပြောဆိုထားသည်။

ပြည်သူ့စစ်အဖွဲ့မှ ကားသမားကို ရိုက်နက်ခြိမ်းခြောက်မှုများ ပြုနေစဉ်အတွင်းမှာဘဲ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဆက်လက်သိရသည်။

ယခုအပတ် မေလ ၂၁ ရက်နေ့တွင် KIA တပ်ရင်း ၁၄ နယ်မြေအတွင်း ရွှေတူးဖော်နေသော လုပ်ငန်းရှင်များကို စံပြကျေးရွာ ပြည်သူ့စစ် တပ်စခန်းအတွင်းသို့ ခေါ်ယူကာ ဇွန်လ ၁ ရက်နေ့စပြီး KIA တပ်ရင်း ၁၄ နယ်မြေအတွင်းသို့ သွားလာသော ပြည်သူများနှင့် ကုန်တင်များကို ပစ်ခတ်မည်ဖြစ်သည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ရှဒူးဇွပ်ဒေသခံတစ်ဦး KNG ကို ပြောဆိုထားသည်။

ရှဒူးဇွပ်ကျေးရွာတွင် KIA တပ်ရင်း ၁၄နယ်မြေအတွင်းသို့ သွားလာ၍ရသော လမ်း ၄ ခုခန့်ရှိသည့်အနက် ယခု ကားမီးရှို့ဖျက်ဆီးလိုက်သည့် လမ်းနှင့် စံပြကျေးရွာ စသော ၂ နေရာတွင် ပြည်သူ့စစ်အဖွဲ့က အသွား/အလာပိတ်ဆို့ကာ ဂိတ်ချနေထိုင်လျက်ရှိနေသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here